backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Urethrotomy (ဆီးလမ်းကြောင်းချဲ့ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဆီးလမ်းကြောင်းချဲ့တယ်ဆိုတာဘာလဲ။

ဆီးလမ်းကြောင်း (ဆီးအိမ်ကဆီးတွေကိုလိင်တံထိပ်ထိပို့ပေးတဲ့လမ်းကြောင်း)ကျဉ်းတာကိုကုသဖို့အတွက်ဒီခွဲစိတ်မှုကို ပြုလုပ်ပါတယ်။ ဆီးလမ်းကြောင်းရောင်ရမ်း၊ပိုးဝင်တာဒါမှမဟုတ်ထိခိုက်ဒဏ်ရာရတာတွေကြောင့်အမာရွတ်တစ်သျှူးဖြစ်ပေါ်ပြီးဆီးလမ်းကြောင်းကျဉ်းလာရပါတယ်။ နောက်ဆက်တွဲအနေနဲ့ဆီးခဏခဏသွားခြင်း၊ဆီးမအောင့်ထားနိုင်ခြင်း၊ဆီးသွားတဲ့အရှိန်နည်းခြင်း၊ဆီးလုံးသေးခြင်းနဲ့ဆီးသွားတာအားမရတဲ့ခံစားမှုမျိုးဖြစ်ခြင်းစသည်တို့ကိုခံစားရစေပါတယ်။

ဘာကြောင့်ဆီးလမ်းကြောင်းချဲ့ဖို့လိုတာလဲ။

အမာရွတ်တစ်သျှူးတွေကြောင့်ဆီးလမ်းကြောင်းကျဉ်းလာတဲ့လူနာတွေမှာဆီးကောင်းကောင်းသွားနိုင်ဖို့အတွက်ဒီခွဲစိတ်မှုကို ပြုလုပ်ရပါတယ်။ သင့်အနေနဲ့ဆီးအလွယ်တကူသွားနိုင်ဖို့၊ဆီးမကျန်စေဖို့နဲ့ညဖက်ဆီးခဏခဏထမသွားရစေဖို့ဒီခွဲစိတ်မှုကကူညီပေးမှာ ဖြစ်တဲ့အပြင်ပိုးဝင်တာမျိုးကိုလည်းနည်းပါးသွားစေမှာပါ။

အန္တရာယ်

ဆီးလမ်းကြောင်းချဲ့တဲ့ ခွဲစိတ်မှုက ဘာအန္တရာယ်တွေရှိသလဲ။

ဆီးလမ်းကြောင်းမချဲ့ခင်မှာ အောက်ဖော်ပြပါနည်းလမ်းတွေနဲ့အရင်ကုသထားနိုင်ပါသေးတယ်။

ဆီးပိုက်ထည့်ခြင်း။ သင့်ဆီးအိမ်ထဲကို ဆီးပိုက်တိုက်ရိုက်ထည့်ထားမယ်ဆိုရင် ဆီးသွားရတာအဆင်ပြေစေမှာပါ။ လမ်းကြောင်းတိုတိုလေးပဲ ကျဉ်းတယ်ဆိုရင်တော့ ဆီးပိုက်ကို မိမိဖာသာထည့်နိုင်ပါတယ်။

ဆီးပိုက်အမြဲထည့်ထားခြင်း။ လမ်းကြောင်းအရမ်းကျဉ်းနေရင် ဒါမှမဟုတ် ခွဲစိတ်မှုမလုပ်ချင်ဘူးဆိုရင် ဆီးလမ်းကြောင်းပွင့်နေစေဖို့အတွက် stent လို့ခေါ်တဲ့ ပြွန်လေးထည့်ထားတာ ဒါမှမဟုတ် ဆီးပိုက်အမြဲထည့်ထားတာမျိုးကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ထားတာတွေဟာ (ဆီးအိမ်ကို ထိခိုက်တာ၊ဆွနေသလို ဖြစ်တာ၊ နေရထိုင်ရအဆင်မပြေတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာအစရှိတဲ့) ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ်။ တခြားကုသမှုတွေနဲ့အဆင်မပြေတော့မှသာ stent ပြွန်ထည့်တာကို ပြုလုပ်လေ့ရှိပြီး အင်မတန်အသုံးပြုခဲပါတယ်။

ဘောလုံးထည့်ပြီး လမ်းကြောင်းချဲ့ခြင်း။ ဆီးလမ်းကြောင်းကိုချဲ့ဖို့အတွက် ဘောလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။

ဆီးလမ်းကြောင်း အတော်ကျဉ်းပြီး တခြားပြဿနာတွေလည်းရှိနေသေးတဲ့ လူနာတွေဆိုရင်တော့ ပလတ်စတစ်ဆာဂျရီနည်းကို အသုံးပြုပြီး ခွဲစိတ်ကုသမှုအကြီးစား ပြုလုပ်ပါတယ်။

ဆီးလမ်းကြောင်းကျဉ်းတာဟာ ပြန်ဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အန္တရာယ်တွေ၊ နောက်ဆက်တွဲ ပြဿနာတွေနဲ့သိရှိသင့်တဲ့အချက်တွေကို ခွဲစိတ်မှုမပြုလုပ်ခင်မှာ ကောင်းစွာနားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ မေးမြန်းစရာတွေရှိရင် ဆရာဝန်ကို အသေးစိတ်မေးမြန်းပါ။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်မှု

ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။

သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ ဓါတ်မတည့်တာတွေ ရှိမရှိနဲ့ရောဂါတခုခုရှိတာမျိုး စတဲ့အခြေအနေတွေကို ဆရာဝန်နဲ့ကြိုတင်ဆွေးနွေးထားရမှာ ဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာ အစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ရပါမယ်။ ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီအလိုလောက်ကစပြီးဘာအစာမှမစားရတော့ပါဘူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ညွှန်ကြားချက်အပေါ် မူတည်ပါတယ်။

ဆီးလမ်းကြောင်းချဲ့တာကိုဘယ်လိုပြုလုပ်မှာလဲ။

မေ့ဆေး ဒါမှမဟုတ် ထုံဆေးကို အသုံးပြုခွဲစိတ်မှာ ဖြစ်ပြီး နာရီဝက်လောက်တောင် ကြာမြင့်လေ့မရှိပါဘူး။ ဆီးလမ်းကြောင်းကြည့်မှန်ပြောင်း (ခပ်မာမာ)လေးကို သင့်ရဲ့ဆီးလမ်းကြောင်းထဲထည့်ပြီး ဘယ်လောက်ကျဉ်းနေတယ်ဆိုတဲ့ အခြေအနေကို ကြည့်ရှုမှာ ဖြစ်ပါတယ်။ ပြီးရင် အမာရွတ်တစ်သျှူးရှိတဲ့နေရာကို လှီးဖြတ်ပြီး ဆီးလမ်းကြောင်းကိုချဲ့မှာ ဖြစ်ပါတယ်။

လိုက်နာဆောင်ရွက်ရန်

ဆီးလမ်းကြောင်းချဲ့ပြီးရင်ဘာတွေဆက်လက်လိုက်နာဆောင်ရွက်သင့်သလဲ။

ဆီးလမ်းကြောင်းချဲ့ပြီးတဲ့နေ့ ဒါမှမဟုတ် နောက်တစ်ရက်မှာပဲ ဆေးရုံကဆင်းနိုင်မှာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာ ပုံမှန်အတိုင်း လုပ်ငန်းခွင်ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အချိန်တိုအတွင်းမှာ အမြန်ဆုံးပြန်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာက လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်ကိုတော့ အရင်တိုင်ပင်အကြံဉာဏ်တောင်းဖို့လိုပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ဆီးလမ်းကြောင်းကျဉ်းတာ ပြန်ဖြစ်လာနိုင်ပေမယ့် လူနာအများစုမှာ ကုသမှုအောင်မြင်လေ့ရှိပြီး ရောဂါလက္ခဏာတွေလည်း ပျောက်ကင်းသက်သာသွားလေ့ရှိပါတယ်။ တကယ်လို့သင့်မှာမေးစရာတွေရှိနေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကို သိလိုသမျှမေးမြန်းသင့်ပါတယ်။

နောက်ဆက်တွဲ ပြဿနာ

ဆီးလမ်းကြောင်းချဲ့ခြင်း နောက်ဆက်တွဲ ပြဿနာဘာတွေ ဖြစ်လာနိုင်သလဲ။

ဆီးလမ်းကြောင်းချဲ့ခြင်းဟာလည်း တခြားခွဲစိတ်ကုသမှုတွေနည်းတူေ နာက်ဆက်တွဲ ပြဿနာတွေရှိနိုင်ပါတယ်။ ဒီပြဿနာတွေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေနိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာစွာဆွေးနွေးပါ။

မေ့ဆေးနဲ့မတည့်တာ၊ သွေးအရမ်းထွက်တာ ဒါမှမဟုတ် သွေးခဲဖြစ်တာတွေဟာ ခွဲစိတ်မှုတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပါတယ်။

ဆီးလမ်းကြောင်းချဲ့တာကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေကတော့

• ဆီးသွားရခက်ခြင်း

• လိင်တံဖောင်းကားပြီးရောင်လာခြင်း

• ဆီးလမ်းကြောင်းတခြားနေရာကျဉ်းသွားခြင်း

အစာမစားဖို့ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကိုရပ်ခိုင်းတာမျိုး အစရှိတဲ့ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင်ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement