backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tumor (အကျိတ်)


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tumor (အကျိတ်) ကဘာလဲ။

အထဲမှာအရည် သို့မဟုတ်အစိုင်အခဲတွေရှိနေနိုင်တဲ့ပုံမှန်မဟုတ်တဲ့တစ်ရှူးအစိုင်အခဲကြီးကိုအကျိတ်လို့ ခေါ်ပါတယ်။ အကျိတ်ဆိုသည်မှာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ၊်ကင်ဆာဖြစ်သွားနိုင်တဲ့အကျိတ၊်ကင်ဆာအကျိတ်စတာတွေကိုရည်ညွှန်းပါတယ်။အကျိတ်အမျိုးအစားအများကြီးရှိပါတယ်။ ပုံစံနဲ့သူတို့ ဖြစ်နေတဲ့တစ်ရှူးအမျိုးအစားပေါ်မူတည်ပြီးအမည်ပေးပါတယ်။

Tumor (အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ

နှစ်တစ်နှစ်တိုင်းမှာအကျိတ်ပုံစံအမျိုးမျိုးကို သန်းနဲ့ချီတဲ့လူတွေမှာတွေ့နေရပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေက်ုရှောင်ကြဉ်ခြင်းဖြင့်မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင်ဆရာဝနိနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Tumor (အကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့

  • ခေါင်းကိုက်ခြင်း
  • စိတ်ကြွခြင်း
  • အထိအတွေ့ကို မသိတော့ခြင်း၊ကိုယ်လက်လှုပ်ရှားမှုကိုမထိန်းချုပ်နိုင်ခြင်း
  • သွေးပြန်ကြောအတွင်းသွေးခဲခြင်း
  • အမြင်အာရုံဆုံးရှူံးသွားခြင်း
  • အမူအရာအတွေးအခေါ်များပြောင်းလဲသွားခြင်း
  • ဟော်မုန်းဆိုင်ရာပြောင်းလဲမှုများရှိခြင်း

လက္ခဏာတွေဟာအကျိတ်အမျိုးအစား၊အရွယ်အစား၊နေရာနဲ့ကုသမှူုတွေပေါ်မူတည်နေပါတယ်။ ခွဲစိတ်ကုသခြင်း၊ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုကုထုံးတွေနဲ့ အခြားသောကုထုံးတွေကြောင့် လက္ခဏာအသစ်တွေလည်း ပေါ်လာနိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့အခြားလက္ခဏာတွေလည်းရှိနေနိုင်ပါသေးတယ်။ သင့်မှာရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီးစိုးရိမ်နေတယ်ဆိုရင်ဆရာဝန်နဲ့သွားပြဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတစ်ခုခုရှိခဲ့မယ်ဆိုရင်သို့မပါုတ်မေးခွန်းတွေရှိမယ်ဆိုရင်သွားပြသင့်ပါတယ်။ လူတစ်ဦးချင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုချင်းမတူနိုင်ပါဘူး။ သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Tumor (အကျိတ်) ကိုဘာတွေကဖြစ်စေသလဲ

များသောအားဖြင့်တော့တစ်ရှူးတွေ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲပွားများခြင်းကြောင့်ဖြစ်ပါတယ်။ သာမန်မှာဆိုရငခန္ဓါကိုယ်ဟာဆဲလ်ကြီးထွားမှုတွေကွဲပွားမှုတွေကိထိန်းညှိပေးနိုင်ပါတယ်။ အိုမင်းပျက်စီးသွားတဲ့ဆဲလ်တွေဟာသေသွားရပါတယ်။ သေသွားတဲ့ဆဲလ်တွေနေရာမှာကောင်းမွန်တဲ့ဆဲလ်အသစ်တွေ အစားထိုးရပါတယ်။ အိုမင်းသွားတဲ့ဆဲလ်တွေကမသေဘဲ

ဆဲလ်အသစ်တွေထပ်ထပ်ပွားနေခြင်းကြောင့်အကျိတ်ဖြစ်ရပါတယ်။ ကင်ဆာဆဲလ်တွေဟာလည်းအလားတူပဲကြီးထွားပွားများလာပါတယ်။ သာမန်အကျိတ်တွေနဲ့ မတူတာကတော့ကင်ဆာကျိတ်တွေဟာအနီးအနားမှာရှိတဲ့တစ်ရှူးတွေ၊အခြားအစိတ်အပိုင်းတွေကိုပျံ့နှံ့ သွားနိုင်ခြင်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Tumor (အကျိတ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။

  • ပတ်ဝန်းကျင်

ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့နေရခြင်းကြောင့်

ဦးနှောက်အကျိတ်ဖြစ်နိုင်ခြေများပါတယ်ကိုယ်ဝန်ဆောင်မိခင်တွေအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ စားသုံးခြင်း၊ကလေးတွေအသီးအနှံ ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်း၊ကလေးတွေရေကျောက်ပေါက်ဖူးခြင်းတွေက ဦးနှောက်အကျိတ်ဖြစ်နိုင်ချေနည်းစေပါတယ်။

  • မျိုးရိုးဗီဇ

တချို့မျိုးရိုးဗီဇအန္တရာယ်များသည် မွေးကတည်းကပါလာသော မွေးရာပါများမဟုတ် ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါမှ ဖြစ်လာတာမျိုးရှိသည်။ ထိုပုံမမှန်ပြောင်းလဲမှုသည် ဆဲလ်ကြီးပွားမှုပုံစံကို ပြောင်းလဲပစ်ကာ အကျိတ်ဖြစ်ပေါ်လာနိုင်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tumor (အကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ပထမအကျိတ်ဖြစ်ကြောင်း အတည်ပြုနိုင်ဖို့နဲ့နောက်ပိုင်း

အကျိတ်ပျောက်သွားလားကျုံ့သွားလားအရွယ်အစားမပြောင်းဘဲရှိနေလားဆိုတဲ့တိုးတက်လာမှုအခြေအနေတွေကို

ကြည့်နိုင်ဖို့ စမ်းသပ်စစ်ဆေးခြင်းတွေဆောင်ရွက်ရပါတယ်။ဦးနှောက်အကျိတ်နဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာ(သို့)သက်တမ်းတစ်လျှောက်လုံးအောက်ပါစစ်ဆေးမှုတွေနဲ့ စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

  • ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာစမ်းသပ်စစ်ဆေးခြင်း
  • ဦးနှောက်ဓါတ်မှန်ရိုက်ခြင်း
  • X-rays ဓါတ်မှန်ရိုက်ခြင်း
  • ဓါတ်ခွဲစမ်းသပ်ခြင်း
  • မျိုးရိုးဗီဇကောက်ချက်ချခြင်း
  • အသားစထုတ်ယူစစ်ဆေးခြင်း
  • ကင်ဆာဟုတ်မဟုတ်စစ်ဆေးခြင်း
  • အကျိတ်အဆင့်သတ်မှတ်ခြင်း

Tumor (အကျိတ်) ကို ဘယ်လိုကုသပါသလဲ

နေရာနဲ့ အမျိုးအစားပေါ်မူတည်ပြီးကုသမှုတွေကွာသွားနိုင်ပါတယ်။ သာမန်အကျိတ်တွေဆိုရင်အရွယ်အစားသေးသွားအောင် (သို့)ခွဲစိတ်ပြီးလုံးဝဖယ်ထုတ်လိုက်နိုင်ပါတယ်။

ကင်ဆာအကျိတ်တွေဆိုရင်တော့ဓါတုကုထုံး၊ခုခံအားကိုလှုံဆော်ပေးခြင်းဖြင့်ရောဂါကိုကာကွယ်ခြင်းကုထုံး၊ဓါတ်ရောင်ခြည်ကုထုံးတွေနဲ့ခွဲစိတ်ကုသခြင်းတွေလိုအပ်ပါလိမ့်မယ်။

ဓါတုကုထုံးဆိုတာဆေးတွေနဲ့ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါတယ်။ ကင်ဆာဆေးအမျိုးမျိုးရှိပြီးကင်ဆာအထူးကုရဲ့ညွန်ကြားချက်ရှိမှသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဦးတည်ချက်ထားကုသခြင်း (Targeted therapy) ဆိုတာကတော့အကျိတ်ကုသမှုနည်းသစ်တစ်မျိုးဖြစ်ပီးသာမန်ပုံမှန်ဆဲလ်တွေကိုထိခိုက်မှုနည်းစေပြီးဆေး (သို့) အခြားပစ္စည်းတွေ အကူအညီနဲ့ အကျိတ်ကိုသာအဓိကထားချေမှုန်ုးခြင်းဖြစ်ပါတယ်။

ခုခံအားကိုလှုံ့ဆော်ပေးခြင်းဖြင့်ရောဂါကိုကာကွယ်ခြင်းကုထုံးကတော့အကျိတ်ကိုခုခံအားစနစ်အကူအညီနဲ့ တိုက်ဖျက်ခြင်းဖြစ်ပါတယ်။

ဓါတ်ရောင်ခြည်ကုထုံးကတော့အလင်းတန်းတွေနဲ့ကင်ဆာဆဲလ်ကို ဖျက်ဆီးခြင်းဖြစ်တယ်။ သကိမှတ်ထားတဲ့ကာလတစ်ခုမှာသတ်မှတ်ထားတဲ့ကုသမှုအကြိမ်အရေအတွက်ပြည့်ရပါမယ်။ အခြားကုသမှုတွေနဲ့တွဲပြီးပေးနိုင်ပါတယ်။

ခွဲစိတ်ခြင်းနည်းကတော့အကျိတ်နဲ့အတူဘေးပတ်လည်မှာရှိတဲ့တစ်ရှူးအကောင်းများ (တစ်ချိန်ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲမသွားနိုင် အောင် ၊ ကင်ဆာအမြစ်ပြတ်အောင်) ကိုပါဖယ်ထုတ်လိုက်ရခြင်းဖြစ်တယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးတွေကအကျိတ်ကိုကုသရာမှာဘယ်လိုအထောက်အကူပေးသလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေကအကျိတ်ကိုကုသရာမှာနဲ့လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာအကူအညီပေးပါတယ်။

  • ပြည့်ပြည့်၀၀အနားယူခြင်း
  • လေ့ကျင့်ခန်းပြုလုပ်ခြင်း(ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ရေကူးခြင်း၊ ပြေးခြင်းစတာတွေက သင့်ရဲ့ခွန်အားနဲ့ ခုခံအားစနစ်ကိုမြင့်မားစေနိုင်ပါတယ်)
  • အာဟာရမျှတအောင်စားခြင်း(ကျန်းမာရေးကောင်းဖို့အာဟာရမျှတရန်လိုပါတယ်။ ပြည့်ဝဆီများ လျှော့စားခြင်း၊ သံလွင်ဆီ၊ငါးကြီးဆီကဲ့သို့သော အိုမီဂါသရီးဖက်တီးအက်ဆစ်ကြွယ်ဝသောအစားအစာများများများစားခြင်း)
  • စိတ်ဖိစီးမှုလျှော့ချခြင်း (စိတ်ဖိစီးမှုကသင့်ရဲ့လက္ခဏာတွေက်ုပိုဆိုးလာနိုင်စေပါတယ်။ ထိုက်ချိ ၊ ယောဂလေ့ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းက စိတ်ဖိစီးမှုကိုလျော့စေနိုင်ပါတယ်။)

သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင်သင့်အတွက်အကောင်းဆုံးအဖြေရဖို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာကအကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement