backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း)


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ကဘာလဲ။

ခါးဆစ်ရိုးကျဉ်းခြင်းသသည် ခါးဆစ်ရိုးများကြားရှိ နေရာများကျဉ်းခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ထိုသို့ကျဉ်းခြင်းကြောင့် ခါးရိုးအာရုံကြောမနှင့် အရံအာရုံကြောများကို ဖိမိနိုင်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် ခါးအောက်ပိုင်းနှင့် လည်ပင်းတွင် အဓိကအားဖြင့် ထိခိုက်တတ်သည်။

သို့သော် ဤ အခြေအနေမျိုးသည် ခါးဆစ်ရိုး၏ ဘယ်နေရာတွင်မဆိုဖြစ်နိုင်သည်။ ရောဂါပြင်းထန်မှုသည် အာရုံကြောများပေါ်တွင် ဖိမိသည့်အနေအထားနှင့် ပျက်စီးမှုပေါ်တွင် မူတည်သည်။

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဤ အခြေအနေမျိုးကို အမျိုးသားများနှင့် အမျိုးသမီးများတွင် အသက် ၅၀ ကျော် လာသောအခါတွင် ဖြစ်ပွားတတ်သည်။ ထို့အပြင် မွေးရာပါ ခါးဆစ်ရိုးနေရာကျဉ်းသူများနှင့် ခါးရိုးကို ထိခိုက်ဒဏ်ရာ ရသူများတွင်လည်း တွေ့ရသည်။

ထပ်မံသိရှိလိုလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေပေးပါ။

လက္ခဏာများ

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများသည် တဖြည်းဖြည်းနှင့် စတင်လာနိုင်သည်။

အစတွင် ရောဂါလက္ခဏာများမရှိနိုင်ပဲ နောက်ပိုင်းတွင် အလွန်ကျဉ်းမြောင်းလာသောသည့်အခါ အာရုံကြောကို သွား ဖိမိသောကြောင့် လက္ခဏာများ ပိုဆိုးလာနိုင်သည်။

သင့်တွင် အောက်ပါလက္ခဏာများခံစားရနိုင်ပါသည်။

  • ခြေထောက်တွင် ဆက်တိုက်နာကျင်ခြင်း၊ လမ်းလျောက်လျှင်၊ စက်ဘီးစီးလျှင်၊ မတ်မတ်ရပ်လျှင် ခါးအောက်ပိုငိးမှ နာကျင်ခြင်း၊ ထိုင်လိုက်လျှင် သို့မဟုတ် ရှေ့သို့ကုန်းလိုက်လျှင် နာကျင်မှုသက်သာနိုင်သည်။
  • ခြေထောက်၊ ခြေဖဝါး၊ လက်မောင်း၊ နှင့် လက်တို့တွင် ထုံခြင်း၊ ကျင်ခြင်း၊ အဓိက လက္ခဏာများသည် လူတစ်ယောက်နှင့် တစ်ယောက် ကွဲပြားနိုင်ပါသည်။ ခံစားသိရှိခြင်းသည် ခြေထောက်မှ ခြေဖဝါးအထိ မသိမသာနာကျင်ခြင်းမှ လုံး၀ ထုံသွားသည်အထိ ရှိနိုင်ပါသည်။
  • ခြေထောက်များ အားပျော့ခြင်း၊နှင့် လေးလံခြင်း၊
  • အလွယ်တကူ လဲကျနိုင်ခြင်း။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အထက်ပါ ရောဂါလက္ခဏာများရှိပါက သို့မဟုတ် မေးမြန်းစရာရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းသည် ခန္ဓါကိုယ်တုံ့ပြန်မှုခြင်း မတူသည့်အတွက် သင့်အတွက် အကောင်းဆုံးနည်းလမ်းကို တွေ့ရှိရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

များစွာသောအကြောင်းရင်းများကြောင့် ခါးဆစ်ရိုးကျဉ်းခြင်း ဖြစ်စေနိုင်သည်။ အဖြစ်များသော အကြောင်းရင်းများမှာ

  • အသက်ကြီးခြင်း- အသက်ကြီးလာသောအခါ ခါးရိုးဆစ်များကို ဆက်သွယ်ထောက်ပံ့ထားသော အသားစများသည် ထူလာပြီးမာလာကြသည်။ ထိုအခါ အရိုးများ ပမာဏကြီးလာပြီး မျက်နှာပြင်များ ဖောင်းလာကြသည်။ ထိုအချက်များကြောင့် ခါးဆစ်ရိုး ကြားနေရာများကျဉ်းလာနိုင်သည်။
  • အဆစ်ရောင်ခြင်း- ခါးဆစ်ရိုးကို ထိခိုက်စေနိုင်သော အဆစ်ရောင်ခြင်း၂မျိုးရှိသည်။ အရိုးအဆစ်ရောင်ခြင်း နှင့် လေးဘက်နာအဆစ်ရောင်ခြင်းဖြစ်သည်။
  • မွေးရာပါအခြေအနေ- အချို့လူများသည် မွေးရာပါ ခါးဆစ်ရိုးအပေါက်ကျဉ်းကြသည်။ ထိုအခြေအနေသည် ငယ်ရွယ်စဉ်မှာပင် ခါးဆစ်ရိုးကြားနေရာများကျဉ်းခြင်းကို ဖြစ်စေနိုင်သည်။
  • ခါးဆစ်ရိုးတွင် ကင်ဆာအကျိတ်ဖြစ်ခြင်း- ခါးရိုးအာရုံကြောမဝန်းကျင်တွင် ပုံမှန်မဟုတ်သော အကျိတ်များကြီးထွားလာပြီး ထိန်းချုပ်မရပျံ့ပွားခြင်း။ ထိုသို့ဖြစ်လျှင် အရိုးနှင့် ခါးရိုးမကြီး တွင် ထိခိုက်မှုများစွာ ဖြစ်နိုင်ပြီး ခါးဆစ်ရိုးကျဉ်းခြင်းလည်း အပါအဝင်ဖြစ်သည်။
  • ခါးဆစ်ရိုးထိခိုက်ပျက်စီးခြင်း- ကားတိုက်မိခြင်းနှင့် အခြားသောထိခိုက်ဒဏ်ရာရခြင်းများကြောင့် အရိုးများနေရာလွဲနိုင်ပြီး အရိုးအစများ ခါးရိုးအခေါင်းပေါက်ထဲသို့ ရောက်နိုင်သည်။

ခါးဆစ်ရိုးကျဉ်းခြင်းကို ဖြစ်စေသော အခြားသော အခြေအနေများလည်းရှိသည်။ သို့သော် Paget’s disease of the bone, achondroplasia, spinal curvature, or scoliosis ဟု ခေါ်သော ရှားပါးသော ရောဂါများလဲရှိသေးသည်။

ပိုမိုသိရှိလိုလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အသက် ၅၀ ကျော်ဖြစ် ၍ အရိုးနှင့် ကြွက်သား တိုးတက်မှုကို ထိခိုက်စေသော မွေးရာပါရောဂါရှိပါက ခါးဆစ်ရိုးကျဉ်းခြင်းဖြစ်နိုင်ချေများသည်။

ပေးထားသော အချက်အလက်သည် ဆေးပညာဆိုင်ရာ အကြံပေးခြင်း မဟုတ်သည့်အတွက် အခြား သိလိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာများသည် အခြားသောရောဂါများနှင့် သက်ဆိုင်နေသောကြောင့် ခါးဆစ်ရိုးကျဉ်းခြင်းကို သိရှိရန်မလွယ်ကူပါ။ ဆရာဝန်မှ ဆေးကုသမှုရာဇဝင်မေးခြင်းနှင့် ကိုယ်ခန္ဓါကို စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။

အချို့သောစစ်ဆေးမှုများသည် ခါးဆစ်ရိုးကျဉ်းခြင်းကို သိရှိနိုင်ရန်ကူညီနိုင်ပါသည်။

  • ဓါတ်မှန်ရိုက်ခြင်း၊
  • MRI ရိုက်ခြင်း၊
  • Computerized axial tomography (CAT)
  • ခါးဆစ်ရိုးထဲသို့ ဆိုးဆေးအရည်ထိုးထည့်ပြီး စမ်းသပ်စစ်ဆေးခြင်းလဲပြုလုပ်နိုင်သည်။
  • ထိုဆိုးဆေးသည် ခါးရိုးဆစ်၊ အာရုံကြောမကြီး နှင့် အာရုံကြောများကို အရောင်ဆိုးပေးပြီး၊ ခါးရိုးဆစ်ကျွံကျခြင်းနှင့် အရိုးများအတက်ထွက်ခြင်း၊နှင့် အကျိတ်များကို မြင်ရစေသည်။
  • အရိုးဓါတ်မှန်ရိုက်ခြင်း- ရေဒီယိုသတ္တိကြွ ဆေးကိုထိုးပြီး အရိုးများပြိုကွဲခြင်း၊ ဖြစ်ပေါ်ခြင်းကို ပြနိုင်သည်။

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ခွဲစိတ်ကုသခြင်းမဟုတ်သည့် ကုသမှုများကို အရင်ဆုံးပြုလုပ်သင့်သည်။

• အရောင်ကျစေသောဆေးများ၊ ခါးရိုးထဲသို့ ကော်တီဆုန်း ထိုးဆေးများထိုးခြင်း။

• အနာသက်သာစေသော ဆေးများ၊ ibuprofen (Advil, Motrin IB, others) and naproxen ကဲ့သို့သော NSAIDs ဆေးများ၊ amitriptyline ကဲ့သို့သော စိတ်ဓါတ်ကျခြင်းကို ကုသသောဆေးများ၊ gabapentin and pregabalin ကဲ့သို့သော တက်ခြင်းကိုကုသသောဆေးများ၊

• လှုပ်ရှားမှု သိပ်မလုပ်ခြင်း။

• ခါးနောက်ကျောအတွက် ခါးပတ်ပတ်ခြင်း။

အထက်ပါ ကုသမှုများနှင့် မသက်သာပါက ခွဲစိတ်ကုသရန်စဉ်စားနိုင်သည်။ ပြင်းထန်မှုအခြေအနေပေါ်မူတည်၍ ဆရာဝန်မှ သင့်တော်သော ခွဲစိတ်မှုကိုရွေးချယ်နိုင်သည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသနည်းများ

ခါးဆစ်ရိုးကျဉ်းခြင်း ကို သက်သာစေရန် နေထိုင်နည်းပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုသခြင်းများသည် အဘယ်နည်း။

ခါးဆစ်ရိုးကျဉ်းခြင်းကို သက်သာစေရန်အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။

• နာကျင်မှုနှင့် ရောင်ယမ်းမှုသက်သာစေရန် ibuprofen and naproxen ကဲ့သို့သော အနာပျောက်ဆေးများ ပေးနိုင်သည်။

• ရေခဲအိတ်၊ ရေနွေးအိတ်များကပ်ပေးခြင်း၊ အချို့သော လက္ခဏာများသည် လည်ပင်းတွင် အပူ သို့မဟုတ် အအေးကပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။

• အစားအသောက်နှင့် အာဟာရ- ကျန်းမာအောင် ညီညွှတ်မျှတအောင် နေထိုင်ခြင်းသည် ခါးဆစ်တွင် ဖိအားများခြင်းကို သက်သာစေသည်။

• ကြိမ်တုတ်များ ၊ တုတ်ကောက်များ ကို အသုံးပြုခြင်းဖြင့် လမ်းလျောက်သောအခါ ရှေ့သို့ ကွေးခြင်းကို သက်သာစေပြီး အနာသက်သာစေသည်။

သင့်တွင် ထပ်မံမေးမြန်းလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးနည်းလမ်းများကို သိရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement