backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ကဘာလဲ။

အိပ်နေရင်းလမ်းထလျှောက်ခြင်းဆိုသည်မှာ လူတယောက်သည် အိပ်ပျော်နေချိန်တွင် မသိစိတ်မှထပြီး လမ်းလျှောက်ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် လူတယောက်သည် နှစ်ခြိုက်စွာအိပ်ပျော်နေသော အဆင့်မှ နိုးလုနီးနီး သို့မဟုတ် နိုးသောအဆင့်သို့ရောက်သွားသောအခါဖြစ်ခြင်းဖြစ်သည်။

အိပ်နေရင်းလမ်းထလျှောက်သူသည် ထိုသို့လျှောက်နေချိန်တွင် မည်သည့်တုန့်ပြန်မှုမျိုးမှမရှိဘဲ၊ သူနိုးလာချိန်တွင်လည်း ဖြစ်ခဲ့သမျှကို မမှတ်မိတော့ချေ။ အချို့သူများသည် စကားပြောနေသောလည်း အသိစိတ်ထိန်းချုပ်မှုမရှိဘဲပြောနေခြင်းမျိုးဖြစ်တတ်သည်။

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အိပ်နေရင်းလမ်းထလျှောက်ခြင်းသည် အထူးသဖြင့် အသက် ၄နှစ် မှ ၈နှစ်ကြား ကလေးဘဝတွင်ဖြစ်လေ့ရှိသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်းတွေ့ရတတ်သည်။

သို့သော်လည်း ၎င်းကိုဖြစ်စေသောအကြောင်းရင်းများကို သိပြီး ဖြေရှင်းနိုင်ပါသည်။ သင်သိလိုသောအကြောင်းရာများအတွက် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လက္ခဏာများ

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လူတယောက်သည် အိပ်နေရင်းလမ်းထလျှောက်သောအခါ သူ့အခန်းထဲမှာပင် တိတ်ဆိတ်စွာလျှောက်နေခြင်းမျိုးရှိသလို ပြေးလွှားခြင်း၊ ထွက်ပြေးခြင်းမျိုးလည်းရှိပါသည်။

ပုံမှန်အားဖြင့် အိပ်နေရင်းလမ်းထလျှောက်သူ၏မျက်လုံးများသည် ဖွင့်ထားသော်လည်း အသက်မပါဘဲစိုက်ကြည့်နေတတ်ပြီး တအိမ်လုံးခြေဦးတည့်ရာသွားနေတတ်သည်။

သင်သူ့ကို မေးခွန်းတခုခုမေးလိုက်သောအခါ နှေးနှေးဖြေမည်။ ဖြေချင်မှလဲဖြေလိမ့်မည်။ သူ့ကို မနှိုးဘဲ အိပ်ရာကို ခေါ်သွားလျှင် မိုးလင်းချိန်သူနိုးသောအခါ သူဖြစ်ခဲ့သမျှအားလုံးကို သူမေ့သွားမည်ဖြစ်သည်။

အချို့သော ကလေးများသည် အိပ်နေရင်းလမ်းထလျှောက်ခြင်းပြီးသွားချိန်တွင် အိပ်မပျော်သွားဘဲ လွယ်ကူစွာပြန်နိုးလာတတ်ကြသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ထိုအခြေအနေကို သိသိခြင်းဆရာဝန်နှင့်ပြပါမှ ပိုးဆိုးလာနိုင်သည့်အခြေအနေနှင့် အရေးပေါ်ကျန်းမာရေးပြသနာများမဖြစ်အောင် ကာကွယ်နိုင်လိမ့်မည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အိပ်နေရင်းလမ်းထလျှောက်ခြင်း ကိုဖြစ်စေသော အကြောင်းများစွာရှိပါသည်။

ပထမဦးစွာ စဉ်းစားရမည့်အချက်မှာ သင့်မိဘများ၊ ညီကိုမောင်နှမများထဲတွင် အလားတူဖြစ်ဖူးပါက သင်သည် မျိုးရိုးမရှိသူထက် ဖြစ်နိုင်ချေ ၁၀ဆ ပိုများပါသည်။

အိပ်နေရင်းလမ်းထလျှောက်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြသနာများမှာ

  • နှလုံးစည်းချက်မမှန်ခြင်း
  • ဖျားခြင်း
  • ရင်ပူခြင်း
  • ညဘက်တွင် ပန်းနာရင်ကျပ်ဖြစ်ခြင်း
  • ညဘက်တွင် တက်ခြင်း
  • ဟောက်ခြင်း(အိပ်နေရင် အသက်ရှုလမ်းကြောင်းဖိမိသောကြာင့် အသက်ရှုခဏရပ်သွားသည့် ရောဂါ)
  • ခြေထောက် ဂနာမငြိမ်ဖြစ်သော ရောဂါစု
  • စိတ်ကျန်းမာရေးနှင့်ဆိုင်သောရောဂါများ (စိတ်ဒဏ်ရာရပြီးခံစားနေရခြင်း၊ အထိတ်တလန့်ဖြစ်နေခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စသည့်ပင်ကိုယ်စရိုက်ပြောင်းလဲသွားသည့် မူမမှန်မှုများ) စသည်တို့ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သင်သည်အောက်ပါတို့ကိုခံစားနေရပါက အိပ်နေရင်းလမ်းထလျှောက်ခြင်းကိုပိုဖြစ်နိုင်ချေရှိသည်။

  • အိပ်ရေးပျက်ခြင်း
  • အိပ်ချိန်မမှန်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အရက်မူးခြင်း
  • အိပ်ပျော်စေရန်ဆေးများသောက်ထားခြင်း၊ စိတ်ရောဂါအတွက်သောက်ဆေးများ၊တက်ကြွလှုပ်ရှားမှုရှိစေရန် နှင့် ဓါတ်မတည့်မှုကိုသက်သာစေရန် သောက်ဆေးများသောက်နေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အိပ်နေရင်းလမ်းထလျှောက်ခြင်းသည်စိုးရိမ်စရာကျန်းမာရေးပြသနာ မဟုတ်ပါ။ အများစုသောကလေးများတွင် ဖြစ်လေ့ရှိပါသည်။

အကယ်၍ အိပ်နေရင်းလမ်းထလျှောက်ခြင်းသည် သင့်အတွက် ထိခိုက်မှုများရှိလာသည်ဖြစ်စေ၊ အကြိမ်အရေအတွက်များလာသည်ဖြစ်စေ ၎င်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြသနာများကို ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

သင့်ဆရာဝန်က သင်မအိမ်မှီစားသော အစားအသောက်များ၊ အိပ်ချိန်ပမာဏ နှင့် အိပ်နေရင်းလမ်းထလျှောက်လျှင် ခံစားမှုရှိရှိ စသည်တို့ကို ဒိုင်ယာရီရေးမှတ်စေခြင်းတို့ ပြုလုပ်စေလိမ့်မည်။

သင့်တွင်အိပ်စက်ခြင်းနှင့်ပက်သက်ပြီး မူမမှန်မှုများရှိပါက ဆရာဝန်က အိပ်စက်ခြင်းကိုလေ့လာမှုပြုနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်အိပ်နေချိန်တွင် ဦးနှောက်၏လှိုင်းများ၊ နှလုံးခုန်မှုများ နှင့်အခြားသော လက္ခဏာများကို အထူးကျွမ်းကျင်ပညာရှင်က စမ်းသင်ခြင်းဖြစ်သည်။ ထိုနည်းဖြင့် သင်ခံစားနေရသည့် အိပ်စက်ခြင်းနှင့် ပက်သက်သောပြသနာများကို ဖြစ်စေသည့်အကြောင်းများကို သိရှိနိုင်ပါသည်။

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အိပ်နေရင်းလမ်းထလျှောက်ခြင်းကိုကုသမှုများသည် လုံလောက်စွာကာကွယ်နိုင်စွမ်းရှိသည်ကို မတွေ့ရပါ။ သင့်ကလေးသည် အိပ်နေရင်းလမ်းထလျှောက်သူဖြစ်ပါက သူ့ကို အိပ်ရာပေါ်သို့ညင်သာစွာပြန်ပို့ပေးလိုက်ပါ။

အိပ်နေရင်းလမ်းထလျှောက်ခြင်းကိုဖြစ်စေသောခြေထောက်ဂနာမငြိမ်ဖြစ်ခြင်းကဲ့သို့သော ကျန်းမာရေးအခြေအနေကို ကသပေးခြင်းဖြင့်လည်း သင့်ကလေး၏ အိပ်နေရင်းလမ်းထလျှောက်သော အကြိမ်ရေကို နည်းသွားစေပါသည်။

ထို့ကြောင့် မည်သို့သော ကျန်းမာရေးပြသနာမျိုးက သင့်ကလေးကိုပိုဆိုးစေနိုင်သလဲ စစ်ဆေးမှုများပြုလုပ်ရန် ဆရာဝန်နှင့် ပြရန်လိုပါသည်။

မအိပ်မှီ တံခါးနှင် ပြတင်းပေါက် ဂျက်များချထားခြင်း၊ လမ်းကြောင်းရှိပရိဘောဂပစ္စည်းများကို ၇ှင်းလင်းထားခြင်း နှင့် လှေကားများတွင် ဂိတ်တံခါးများတပ်ဆင်ကာ ဂျက်ချထားခြင်းစသည်တို့ကိုပြုလုပ်ရန် သင့်ဆရာဝန်က အကြံပေးလိမ့်မည်။

အိပ်မွေ့ချခြင်းသည်လည်း အိပ်နေရင်းလမ်းထလျှောက်ခြင်းဖြစ်နေသောသူများအတွက် ကုသနိုင်မည့် နည်းလမ်းတခုဖြစ်ပါသည်။ အိပ်မွေ့ချချိန်တွင် သင့်စိတ်ကိုဖြေလျော့ထားပြီး အာရုံများကို စုဝေးလိုက်ခြင်းဖြင့် ထိုအနေအထားတွင် သင့်စိတ်ထဲ လိုအပ်သည့်ကျန်းမာရေးအသိများထဲ့ပေးလိုက်ခြင်းနည်းဖြင့် ကုသခြင်းဖြစ်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အိပ်နေရင်းလမ်းထလျှောက်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်ကို အကူအညီဖြစ်စေလိမ့်မည်။

  • စိတ်ဖိစီးမှု၊ သောကများနှင့် ပဋိပက္ခများကို နည်းအောင်နေထိုင်ခြင်း
  • အိပ်ရာမဝင်မီတွင် စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း စသည့်နည်းလမ်းများဖြင့် သင့်စိတ်ကိုဖြေလျှော့ခြင်းဖြင့် အိပ်ပျော်လျက်လမ်းလျှောက်သော အကြိမ်ရေလျော့နည်းစေပါသည်။
  • အလွန်တရာ ပင်ပန်းခြင်းသည် အိပ်ပျော်လျက်လမ်းလျှောက်ခြင်းကိုဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အိပ်ချိန်လုံလောက်စွာရှိခြင်း၊ အချိန်မှန်အိပ်ပြီး အချိန်မှန်ထခြင်းတို့ရှိရန်လည်းအရေးကြီးပါသည်။
  • အိပ်ရာမဝင်မီ ကော်ဖီ၊အရက်သောက်ခြင်း တို့ကိုရှောင်ကျဉ်ပါ။ အရက်သည် ပင်မအာရုံကြောစနစ်ကို ထုံထိုင်းစေသောကြောင့် အိပ်ပျော်လျက်လမ်းလျှောက်ခြင်းကိုပိုဖြစ်စေကြောင်းတွေ့ရသည်။

သင် ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement