backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Skin Cancer (အရေပြားကင်ဆာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Skin Cancer (အရေပြားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Skin Cancer (အရေပြားကင်ဆာ) ကဘာလဲ။

အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်များ ထိန်းမနိုင်သိမ်းမရပွားခြင်းဖြစ်တယ်။ ပြင်ပြန်လို့မရတော့တဲ့ ဒီအန်အေပျက်စီးခြင်းတွေကြောင့် ဗီဇမှာထွန်းသွားတဲ့အခါ ဒါမှမဟုတ် မျိုးရိုးဗီဇချို့ယွင်းချက်တွေကြောင့် အရေပြားဆဲလ်တွေ လျင်မြန်စွာပွားများပြီး ကင်ဆာအဖုအကျိတ်တွေဖြစ်လာရပါတယ်။

အရေပြားကင်ဆာအဓိကသုံးမျိုးရှိတယ်-

  • basal cell carcinoma ခေါ် အခြေခံဆဲလ်ကင်ဆာ
  • squamous cell carcinoma ခေါ် ဆဲလ်အပြားများစုပေါင်းထားသော အရေပြားလွှာကင်ဆာ
  • melanoma ခေါ် ရောင်ခြယ်ပစ္စည်းကင်ဆာ

Skin Cancer (အရေပြားကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး ဖြစ်နိုင်ချေတိုးစေသော အရာများကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်တယ်။

လက္ခဏာများ

Skin Cancer (အရေပြားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရေပြားကင်ဆာဟာ နေလောင်ဒဏ်များသောနေရာများ- ဦးရေပြား၊ မျက်နှာ၊ နှုတ်ခမ်း၊ နား၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း၊ လက်နဲ့ အမျိုးသမီးတွေမှာဆို ခြေထောက်တို့မှာ ဖြစ်နိုင်သလို မြင်ရခဲတဲ့ လက်ဖဝါး၊ လက်သည်းအောက်၊ ခြေသည်းအောက်နဲ့ လိင်အင်္ဂါနေရာတို့မှာပါ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေကတော့-

  • Basal cell carcinoma ဟာ များသောအားဖြင့် နေလောင်ဒဏ်ခံရသောနေရာများ၊ မျက်နှာလည်ပင်း စသည့်နေရာများမှာဖြစ်တတ်ပြီး အဖြူရောင်ပြောင်နေသောအဖုငယ်လေးများ သို့ ပြားချပ်ပြီး အညိုရောင် အမာရွတ်ကဲ့သို့သော အကွက်များပေါ်လာတတ်ပါတယ်။
  • Squamous cell carcinoma ကတော့ မျက်နှာ၊ နား၊ လက် စသည့် နေလောင်သောနေရာများတွင်ဖြစ်တတ်ပြီး အသားရောင်ညိုသူများမှာတော့ နေလောင်မခံရသောနေရာတွေမှာဖြစ်ပေါ်တတ်ပါတယ်။ မာပြီး နီရဲသောအဖုများ သို့ အပေါ်ယံကြောမာသော အကွက်များ ဖြစ်ပေါ်လာတတ်ပါတယ်။
  • Melanoma ကတော့ သင့်ခန္ဓါကိုယ်နေရာအနှံ့မှာဖြစ်နိုင်ပြီး ပုံမှန်ရှိနေတဲ့ မှည့်ကနေ ကင်ဆာအဖြစ်ပြောင်းသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ Melanomaရဲ့လက္ခဏာတွေကတော့ ကြီးမားသော အညိုရောင်အစက်များပေါ်လာခြင်း၊ မှည့်များ အရောင် အရွယ်အစားပြောင်းခြင်း၊ သို့မဟုတ် သွေးထွက်ခြင်း၊ အနီရောင် အပြာရောင် အဖြူရောင် နက်ပြာရောင် စသည့်အရောင်အမျိုးမျိုး ရှိနိုင်သော မညီမညာအကွက်ငယ်လေးများပေါ်ခြင်း၊ လက်ဖဝါး ခြေဖဝါး၊ လက်ထိပ်ခြေထိပ် သို့ ပါးစပ် နှာခေါင်း၊ မိန်းမကိုယ်၊ စအို၀ စသည့်အမြှေးပါးများတွင် အညိုရောင် အမည်းရောင် အကွက်များပေါ်ခြင်း တို့ဖြစ်တယ်။

ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာများလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင့်အရေပြားမှာ ပြောင်းလဲမှုတစ်ခုခုဖြစ်လာပြီး စိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်။ အရေပြားမှာဖြစ်သမျှပြောင်းလဲမှုတိုင်းက ကင်ဆာမဟုတ်တာကြောင့် ဆရာဝန်ကစစ်ဆေးကြည့်ပါလိမ့်မယ်။

အကြောင်းရင်းများ

Skin Cancer (အရေပြားကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

အရေပြားဆဲလ်များရဲ့ ဒီအမ်အေမှာ ဗီဇထွန်းခြင်းများဖြစ်ပါက အရေပြားကင်ဆာဖြစ်ရပါတယ်။ ထိုထွန်းခြင်းကြောင့် ဆဲလ်တွေဟာ ထိန်းမရအောင် ပွားများကြီးထွားပြီး ကင်ဆာဆဲလ်တွေဖြစ်လာရပါတယ်။

အရေပြားဆဲလ်ကင်ဆာဖြစ်ရခြင်းကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်ပြီး၊ အနောက်နိုင်ငံတွေမှာ အသားညိုအောင်သုံးတဲ့ အိပ်ရာတွေမှ အလင်းတွေကြောင့်လည်း ဖြစ်ရပါတယ်။

ဒါပေမယ့် နေရောင်ထိလေ့မရှိတဲ့ အရေပြားမှာ ကင်ဆာဖြစ်ရခြင်းကိုတော့ ရှင်းမပြနိုင်ပါဘူး။ ဒါကြောင့် ဒါဟာ အရေပြားကင်ဆာဖြစ်နိုင်ဖို့အတွက် တခြားအချက်တွေကလည်း ပါဝင်ပတ်သတ်နေတယ်ဆိုတာကို ညွှန်ပြပါတယ်။ အဆိပ်ရှိပစ္စည်းများနဲ့ထိတွေ့တာ ဒါမှမဟုတ် ကိုယ်ခံအားစနစ်အားနည်းတာတွေလိုပေါ့။

ဖြစ်နိုင်ခြေများ

Skin Cancer (အရေပြားကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အသားဖြူခြင်း- ဘယ်အသားရောင်ဖြစ်ဖြစ် အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောင်ခြယ်ပစ္စည်းပါဝင်မှုနည်းခြင်းဟာ ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်မှုကို အားနည်းစေတယ်။ ရွှေရောင်ဆံပင်၊ ဆံပင်အနီ၊ မျက်လုံးရောင်ဖျော့ဖျော့နဲ့လူတွေမှာ အလွယ်တကူနေလောင်နိုင်ပြီး အသားညိုသူတွေထက် ပိုပြီးအရေပြားကင်ဆာဖြစ်နိုင်ချေများပါတယ်။
  • နေလောင်ခြင်းရှိထားဖူးပါကလည်း အသက်ကြီးလာတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ချေကို တိုးစေပါတယ်။ အသက်ကြီးသူတွေမှာ နေလောင်ခြင်းတွေက အန္တရာယ်ရှိတဲ့အချက်တစ်ချက်ဖြစ်တယ်။
  • နေအလွန်အကျွံလောင်ခြင်း၊ နေထဲမှာ အချိန်ကြာနေခြင်းေတွဟာလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်အကာအကွယ်မပါရင်ပေါ့။ အသားညိုအောင် မီးအိမ်၊ အိပ်ရာများ အသုံးပြုထားရင်လည်း ဖြစ်နိုင်ချေများစေပါတယ်။
  • နေသာသောအမြင့်နေရာများ – နေသာနွေးထွေးသော နေရာများတွင်နေသူများကလည်း အေးသောနေရာမှလူများထက် နေရောင်ပိုထိရပါတယ်။ အမြင့်နေရာများမှာနေသူများအတွက်လည်း နေရောင်ပြင်းသောကြောင့် ရောင်ခြည်ပိုသင့်စေတယ်။
  • မှည့်များ – မှည့်များသူများ၊ ပုံမှန်မဟုတ်သောမှည့်ရှိသူများဟာလည်း အရေပြားကင်ဆာဖြစ်နိုင်ချေများပါတယ်။ ထိုပုံမှမဟုတ်သောမှည့်ဆိုတာ ပုံမှန်မှည့်များထက်ပိုပြီး ပိုပုံစံမမှန်ဘဲ ကင်ဆာဖြစ်နိုင်ချေလည်းပိုများပါတယ်။ တကယ်လို့ပုံစံမဟုတ်သောမှည့်များရှိပါက ပြောင်းလဲမှုများရှိသလားစောင့်ကြည့်ပါ။
  • အရေပြားမှာချို့ယွင်းမှု အနာတွေပေါ်ခြင်းကလည်း ကင်ဆာဖြစ်နိုင်ချေများစေတယ်။ ကြမ်းတမ်းပြီး အရေခွံများလန်နေသော အညိုရောင် အမည်းရောင်အကွက်များဖြစ်ပေါ်ခြင်းဟာ ကင်ဆာဖြစ်နိုင်ချေတက်စေပါတယ်။ နေလောင်ဒဏ်ခံထားရသော အသားဖြူသူများရဲ့ မျက်နှာ၊ လက်၊ ခေါင်းတို့မှာဖြစ်ပေါ်လေ့ရှိပါတယ်။
  • မိသားစုမှာအရေပြားကင်ဆာရှိပါက – တကယ်လို့ မိဘ၊ သို့ မောင်နှမသားချင်းတစ်ယောက်ယောက်မှာ အရေပြားကင်ဆာရှိပါကလည်း ဖြစ်နိုင်ချေများပါတယ်။ တကယ်လို့ တစ်ကြိမ်တစ်ခါအရေပြားကင်ဆာဖြစ်ဖူးပါက နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ချေများပါတယ်။
  • ကိုယ်ခံအားစနစ်အားနည်းခြင်း – ကိုယ်ခံအားစနစ်အားနည်းသူတွေမှာလည်း အရေပြားကင်ဆာဖြစ်နိုင်ချေများပါတယ်။ HIV/AIDS ရှိသူတွေ အစားထိုးခွဲစိတ်ကုသထားမှုကြောင့် ကိုယ်ခံအားထိန်းသိမ်းသောဆေးသောက်နေရသူတွေ စသည်ဖြင့်…။
  • ရောင်ခြည်များထိခြင်း – ဝက်ခြံ၊ အဖုများအတွက် အရေပြားကိုဓါတ်ရောင်ခြည်ခံကုသထားဖူးသူတွေမှာ အရေပြားကင်ဆာဖြစ်နိုင်ချေများပါတယ်။
  • အာဆန်းနစ် စိန်အဆိပ် ကဲ့သို့ အရာများနဲ့ ထိတွေ့ထားဖူးပါကလည်း ကင်ဆာဖြစ်နိုင်ချေတက်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Skin Cancer (အရေပြားကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က

  • သင့်အရေပြားမှပြောင်းလဲမှုတွေဟာ ကင်ဆာဖြစ်နိုင်ချေရှိသလားသိဖို့ အရေပြားကိုစမ်းသပ်စစ်ဆေးပါလိမ့်မယ်။ တိကျတဲ့အဖြေအတွက် တခြားစစ်ဆေးမှုတွေလည်း လိုကောင်းလိုနိုင်ပါတယ်။
  • သံသယရှိသော အရေပြားစကိုယူကာ ဓါတ်ခွဲစစ်ဆေးပါလိမ့်မယ်။ ထိုနည်းဟာ သင့်မှာ အရေပြားကင်ဆာရှိမရှိနှင့် ရှိပါကလည်း မည်သည့်အမျိုးအစားဖြစ်ကြောင်းဖော်ပြပေးပါလိမ့်မယ်။

Skin Cancer (အရေပြားကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ဆရာဝန်ကကုသမှုနည်းညွှန်းပါလိမ့်မယ်။

  • ဆေးသောက်ခြင်း – သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး စသည်ဖြင့်….။
  • ကုသနည်းများ – ခွဲစိတ်ခြင်း၊ လေဆာ၊ အလင်းရောင်ဖြင့်ကုသမှု၊ ဓါတ်ရောင်ခြည်ဖြင့်ကုသမှုများ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

  • နေ့ခင်းနေရောင်ထိခြင်းရှောင်ပါ၊ အထူးသဖြင့် မနက် ၁၀ နာရီမှ ညနေ ၄ နာရီကြား။
  • နေလောင်ခံခရင်လိမ်းပါ၊
  • အပြင်ထွက်ပါကလုံခြုံစွာဝတ်ဆင်ပါ။
  • အရေပြားကိုပုံမှန်စစ်ဆေးစောင့်ကြည့်နေပြီး ပြောင်းလဲမှုတစ်ခုခုရှိပါက ဆရာဝန်ကိုချက်ခြင်းပြောပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement