backup og meta

Skin Aging (အရေပြားအိုမင်းခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Skin Aging (အရေပြားအိုမင်းခြင်း)

    Skin Aging ဆိုတာဘာလဲ။

    အရေပြားကျန်းမာရေးကို အချက်အတော်များများက သက်ရောက်မှု ရှိပါတယ်။ အသက်ကြီးခြင်း၊ နေထိခြင်း၊ ရာသီဥတု ဆိုးရွားခြင်း၊ အကျင့်ဆိုးများပဲဖြစ်ပါတယ်။ ရာသီဥတုနဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်လို့ မရပေမယ့် သင်ပြောင်းလဲနိုင်တဲ့ အရာတွေရှိပါတယ်။

    သင့်လူမှုနေထိုင်မှု ဘဝပုံစံ၊ အစားအသောက်၊ မျိုးရိုးဗီဇနဲ့ အခြား အကျင့်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေအကုန်လုံးက ဆဲလ်ပျက်စီးမှုကို ဖြစ်စေပြီး အရွယ်မတိုင်မီ အရေးအကြောင်းပေါ်ခြင်းနဲ့ အသက်ကြီးလို့ အစက်အပြောက်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

    အခြားအရေပြား အိုမင်းခြင်းကို ဖြစ်စေတဲ့အချက်တွေကတော့ စိတ်ဖိစီးခြင်း၊ ဆွဲငင်အား၊ နေ့စဉ် မျက်နှာလုပ်ရှားမှု၊ အဝလွန်ခြင်းနဲ့ အိပ်တဲ့ ပုံစံတွေပဲဖြစ်ပါတယ်။

    Skin Aging ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    အရေပြားအိုမင်းခြင်းဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုခေတ်မှာ ညစ်ညမ်းမှုတွေများလာတာကြောင့် အရေပြားအိုမင်းခြင်းဟာ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုမို လျင်မြန်စွာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ရောဂါလက္ခဏာများ။

    Skin Aging ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Skin Aging ရဲ့ အဓိကလက္ခဏာ သုံးမျိုးရှိပါတယ်။ တစ်ခုချင်းစီဟာ မျက်နှာရဲ့ ပုံစံကို မတူညီစွာ သက်ရောက်မှု ရှိကြပါတယ်။

    အရေးအကြောင်းများ – ပထမဦးဆုံးနဲ့ အသိသာဆုံး လက္ခဏာကတော့ အရေးအကြောင်းပေါ်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ မျက်နှာ လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှပိုဆိုးလာပါတယ်။

    အရေပြားလျော့လျဲခြင်း – အရေပြားလျော့လျဲခြင်း ဖြစ်နိုင်ပြီး လည်ပင်းနေရာဟာ မာကျောပြီး ခြောက်သွေ့ကာ အရေပြား စိုပြေတောက်ပမှု မရှိတော့ပါဘူး။

    သိပ်သည်းမှု လျော့နည်းခြင်း – သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပြီး အရေပြားပေါ်မှာ ဖြစ်တာဖြစ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ။

    ဘာတွေက Skin Aging ဖြစ်ပွားစေသလဲ။

    အရေပြားအိုမင်းခြင်းကို ဖြစ်စေတဲ့ အချက်များစွြ ရှီပါတယ်။ အချို့အချက်တွေကို မကာကွယ်နိုင်ပေမယ့် အချို့အချက်တွေကိုတော့ ဖြေရှင်းနိုင်ပါတယ်။

    မပြောင်းလဲနိုင်တဲ့ အချက်တစ်ခုကတော့ အသက်ကြီးလာတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အရေပြားဟာ နုနယ်ပျိုမြစ်မှု ဆုံးရှုံးလာပြီး အရေပြားပါးကာ ပိုခြောက်လာတတ်ပါတယ်။ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။

    ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါ မျိုးရိုးဗီဇက ကြီးမားစွာ ထိန်းချုပ်ပါတယ်။ ဒီလိုဖြစ်စဉ်ကို ဆေးပညာအရ intrinsic aging လို့ ခေါ်ပါတယ်။

    ပတ်ဝန်းကျင်နဲ့ လူမှုဘဝနေထိုင်ပြောင်းလဲမှုတွေကို ပြုလုပ်ပြီး အချိန်မတိုင်မီ အသက်ကြီးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒီလို အသက်ကြီးခြင်းကို ဆေးပညာအရ extrinsic aging လို့ ခေါ်ပါတယ်။ ကာကွယ်ခြင်းအားဖြင့် အရေပြားအိုမင်းခြင်းကို ဖြစ်စေတဲ့ အချက်တွေကို နှေးအောင် ပြုလုပ်နိုင်ပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Skin Aging ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Skin Aging ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    နေ – နေရောင်နဲ့ ထိတွေ့ခြင်းဟာ oxidative stress ကြောင့် အရေပြားအိုမင်းခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။

    ညစ်ညမ်းခြင်း – မြို့ပြတွေမှာ ညစ်ညမ်းခြင်းဟာ အရေပြားကို ထိခိုက်စေတဲ့ free radicals တွေကို ထုတ်လုပ်ပါတယ်။

    ဆေးလိပ်သောက်ခြင်း – ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းနဲ့ ဓါတုပစ္စည်းတွေဟာ အရေပြားမှာ free radicals တွေ ပိုထွက်စေနိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Skin Aging ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    ကျွမ်းကျင်သူတွေက အရေပြားမှာ နေလောင်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း နဲ့ အခြားအသက်ကြီးခြင်းရဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ပါတယ်။ အရေပြား အသက်ကြီးလာတာနဲ့ အမျှ အရေပြားကို ကျုံ့ဆန့်နိုင်စွမ်းနဲ့ တင်းတင်းရင်းရင်းရှိစေတဲ့ ပရိုတင်းတွေဖြစ်တဲ့ collagen နဲ့ elastin လျော့နည်းလာပါတယ်။

    ဒါ့ပြင် အရေပြားကို ချော့မွေ့စေတဲ့ အဆီတွေဟာလည်း ပုံပျက်လာပါတယ်။ အရေပြား အထူးကု ဆရာဝန်တွေက ကျန်းမာရေး ရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ပြီး အသက်ကြီးခြင်းနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

    Skin Aging ကို ဘယ်လိုကုသလဲ။

    စောစီးစွာ အရေပြားအိုမင်းခြင်းကိုကာကွယ်ဖို့ retinoids, vitamin C နဲ့ alpha hydroxy acids တွေဟာ လုံလောက်ပါတယ်။ အလယ်အလတ်ကနေ ပြင်းထန်တဲ့ နေလောင်ခြင်းတွေအတွက် ဓါတုပစ္စည်းတွေနဲ့ ချွတ်ခြင်း၊ dermabrasion နဲ့ လေဆာကုထုံးတွေက အသုံးဝင်ပါတယ်။

    အရေးအကြောင်းဖြစ်ခြင်းကို hyaluronic acid injections, အဆီနဲ့ Gore-Tex implants ပါတဲ့ botulinum toxin သို့ fillers တွေနဲ့ ကုသနိုင်ပါတယ်။

    အချို့သူတွေက ခွဲစိတ်ကုသမှုတွေဖြစ်တဲ့ မျက်နှာ မြှင့်တင်ခြင်း၊ မျက်ခုံးမြှင့်တင်ခြင်း၊ မျက်ခွံအလှအပဆိုင်ရာ ခွဲစိတ်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒီအချက်တွေကို ပြုလုပ်မလားဆိုတာနဲ့ ဘယ်လောက်အထိ လုပ်မလဲဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Skin Aging ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • သင့်အရေပြားကို နေ့စဉ်နေရောင်မှ ကာကွယ်ပါ။

    ကမ်းခြေမှာ နေ့တစ်နေ့ကို ကုန်ဆုံးသည်ဖြစ်စေါ် အလုပ်လုပ်နေသည်ဖြစ်စေ နေရောင်မှ ကာကွယ်ခြင်းက အရေးကြီးပါတယ်။ အရေပြားကို အရိပ်နေရာ ရှာဖွေခြင်း၊ အဝတ်တွေနဲ့ ဖုံးခြင်း၊ နေပူခံလိမ်းဆေး (SPF 30) လိမ်းခြင်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

    နေပူခံလိမ်းဆေးကို ကာကွယ်မထားတဲ့နေရာ အကုန်ကို လိမ်းပေးသင့်ပါတယ်။

  • အသားညိုအောင်လုပ်ခြင်းထက် Self-tanner ကို အသုံးပြုသင့်ပါတယ်။ အသားညိုအောင်လုပ်လေလေ အရေပြားကို အချိန်မတန်ပဲ အိုမင်းစေလေလေပဲဖြစ်ပါတယ်။ ဒါဟာ သင်နေလောင်ခံသည်ဖြစ်စေ၊ အသားညိုစေတဲ့ အိပ်ရာကို အသုံးပြုသည်ဖြစ်စေ၊ အခြားကိရိယာတွေကို အသုံးပြုသည်ဖြစ်စေ အတူတူပဲဖြစ်ပါတယ်။ အကုန်လုံးဟာ အန္တရာယ်ရှိတဲ့ UV rays တွေကို ထုတ်လုပ်ပြီး အချိန်မတိုင်မီ အိုမင်းစေပါတယ်။
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ အသက်ကြီးခြင်းကို ပိုဖြစ်စေပါတယ်။ ဆေးလိပ်ဟာ အရေးအကြောင်းကိုဖြစ်စေပြီး အသားကိုလည်း ညိုညစ်ညစ်ဖြစ်စေပါတယ်။
  • မျက်နှာဆက်တိုက်လှုပ်ရှားခြင်းကို ရှောင်ကျဉ်ပါ။ မျက်နှာလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ရင် အောက်မှာ ရှိတဲ့ ကြွက်သားကျုံ့ခြင်း ဖြစ်ပေါ်ပါတယ်။ တကယ်လို့ ကြွက်သား တစ်ခုတည်းကို နှစ်ပေါင်းများစွာ ကျုံ့စေမယ်ဆိုရင် ဒီလိုင်းတွေဟာ တစ်သက်စာ ဖြစ်သွားနိုင်ပါတယ်။ နေကာမျက်မှန်တပ်ခြင်းဟာ မျက်မှောင်ကျုံ့ခြင်းကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
  • ကျန်းမာစေတဲ့ အစားအသောက်ကိုစားပါ – လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားသောက်ခြင်းဟာ အရွယ်မတိုင်မီ အိုမင်းခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုအချို့ကဆိုပါတယ်။ ဒီလေ့လာမှု တွေ့ရှိချက်တွေက သကြားနဲ့ အခြား refined carbohydrates တွေဟာ အိုမင်းခြင်းကို အားပေးတယ်လို့ ဆိုပါတယ်။
  • အရက်လျှော့သောက်ပါ – အရက်ဟာ အသားအရေကို ကြမ်းတမ်းစေပါတယ်။ အရေပြားကို ရေဓါတ်ခန်းခြောက်စေပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် ပိုအိုတယ်လို့ ထင်ရနိုင်ပါတယ်။
  • နေ့စဉ်နီးပါး လေ့ကျင့်ခန်းလုပ်ပါ – လေ့လာမှုအချို့က လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကို အားပေးပြီး ကိုယ်ခံအားကောင်းစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ပိုမိုနုပျိုတဲ့ အရေပြားကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
  • အရေပြားကို ညင်သာစွာ သန့်စင်ပါ။ – အရေပြားကို ပွတ်တိုက်ဆေးကြောခြင်းဟာ ယားယံစေပါတယ်။ အရေပြားယားယံမှုဟာ အိုမင်းခြင်းကို ဖြစ်စေပါတယ်။ ညစ်ညမ်းမှု၊ မိတ်ကပ်နေတွေနဲ့ အခြားအရာဝတ္ထုတွေကို အရေပြားကို ယားယံမှု မဖြစ်စေပဲ ဖယ်ရှားသင့်ပါတယ်။
  • မျက်နှာကို တစ်နေ့နှစ်ကြိမ်နဲ့ ချွေးထွက်မှု များအပြီးမှာ သစ်နိုင်ပါတယ်။ ချွေးထွက်ခြင်း၊ အထူးသဖြင့် ဦးထုပ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းအပြီး မှာ ချွေးထွက်ခြင်းဟာ အရေပြားကို ယားယံစေတာမို့ ချွေးထွက်ပြီးပြီးချင်း မျက်နှာသစ်သင့်ပါတယ်။
  • အရေပြား ရေဓါတ်ဖြည့်တင်းပေးတဲ့ အရာကိုနေ့စဉ်လိမ်းပါ။ Moisturizer ဟာ အရေပြားကို ရေဓါတ်ဖြည့်တင်းပေးပြီး နုပျိုစေပါတယ်။
  • ပူလောင် ယားယံစေတဲ့ အလှကုန်ပစ္စည်းတွေ သုံးစွဲခြင်းမှ ရှောင်ကျဉ်ပါ။ တကယ်လို့ သင့်အရေပြားဟာ ယားယံပူလောင်နေမယ်ဆိုရင် ဒါဟာ အရေပြားကို ဒုက္ခပေးခြင်းဖြစ်ပြီး အိုမင်းလာမှာဖြစ်ပါတယ်။
  • အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement