backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကဘာလဲ။

PMS ခေါ် Pre-menstrual Syndrome ဟာ အရွယ်ရောက်ပြီး မိန်းမများ ခံစားရတဲ့ ဆေးပညာဆိုင်ရာ အခြေအနေတစ်ခုပါ။ PMSသည် ရာသီမလာခင် ခံစားရသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတော်တော်များများကို ဖြစ်စေနိုင်ပါတယ်။

ပြန်ဖြစ်နိုင်တဲ့ လက္ခဏာတွေများကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲလည်း PMS ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကတော့ သတိပြုမိရုံလောက်ကနေ ပြင်းပြင်းထန်ထန်တွေအထိ ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ထိုဝေဒနာများက သင့်ဘဝအတွက် အခက်အခဲ ဖြစ်စေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PMS ရဲ့ ဝေဒနာများကို ကုသမှုတွေ၊ လူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) က ဘယ်လောက်အဖြစ်များသလဲ

၉၀% သော မိန်းမများသည် PMS ဝေဒနာများအား ဘဝရဲ့ တစ်ချိန်ချိန်မှာ ကြုံတွေ့ကြရမှာပဲ။ PMS ခံစားရတဲ့ မိန်းမတွေအားလုံးကို ခြုံကြည့်ခြင်းအားဖြင့် ယင်းဝေဒနာက အလွန်အမင်းမျော်လင့်ခံရတတ်ပါတယ်။

ရှောင်သင့်သည်များကိုရှောင်၊ ဆောင်သင့်သည်များကိုဆောင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

PMS ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနှင့် အပြုမူပိုင်းဆိုင်ရာ လက္ခဏာများ

  • စိတ်ဖိစီးမှု၊ ပူပင်သောကများခြင်း
  • စိတ်ဓါတ်ကျခြင်း
  • မျက်ရည်လွယ်ခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်းနှင့် စိတ်အလိုမကျ၊ ဒေါသထွက်ခြင်း
  • အစာစားချင်စိတ် ပြောင်းလဲခြင်းနှင့် အစားအသောက် အာသာပြင်းပြခြင်း
  • အိပ်မပျော်ခြင်း
  • ဘောင်မဝင်တော့ခြင်း
  • အာရုံစူးစိုက်ရခက်ခဲခြင်း

ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

  • ကြွက်သား၊အဆစ်များ နာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ရေများ ကိုယ်တွင်းမှာ စုပုံလာတာကြောင့် ကိုယ်အလေးချိန်တက်လာခြင်း
  • ဗိုက်ပူလာခြင်း
  • ရင်သားများ နာကျင်ခြင်း
  • ဝက်ခြံ အများအပြားထွက်လာခြင်း
  • ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်း

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဖြင့် ပြသပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မေးစရာများ ရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းဟာ အသင့်တော်ဆုံးပါပဲ။

အကြောင်းရင်းများ

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေကဖြစ်စေလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမဲ့လည်း အကြောင်းအရင်းမျိုးစုံပါဝင်နေနိုင်ပါတယ်။

  • ဟော်မုန်းစက်ဝန်းပြောင်းလဲခြင်း။ PMS လက္ခဏာများသည် ဟော်မုန်းအပြောင်းအလဲနှင့် လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်နှင့် သွေးဆုံးပြီးချိန်တို့မှာ ကွယ်ပျောက်သွားနိုင်ပါတယ်။
  • ဦးနှောက်အတွင်း ဓါတုဓါတ်ပြောင်းလဲခြင်းများ။ စီရိုတိုနင်(အာရုံကြောဒြပ်ပေါင်းတစ်မျိုး)ဟာ စိတ်အပြောင်းအလဲဖြစ်စဉ်မှာ ပါတယ်လို့ ယူဆရပါတယ်။ PMS လက္ခဏာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဆီရိုတိုနင် သိသိသာသာ နည်းသွားမယ်ဆိုရင် ရာသီမလာခင် စိတ်ဓါတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆာလောင်ခြင်းနှင့် အိပ်စက်မှုပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။
  • စိတ်ဓါတ်ကျခြင်း။ စိတ်ဓါတ်ကျခြင်းတစ်ခုတည်းက လက္ခဏာအားလုံးကို မဖြစ်စေနိုင်သော်လည်း PMS ပြင်းထန်တဲ့ မိန်းမတွေမှာ စစ်ဆေးလို့မရနိုင်သော စိတ်ဓါတ်ကျခြင်း ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

PMS ဖြစ်နိုင်ခြေ မြင့်မားစေသော အချက်များကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • မိသားစုထဲတွင် PMS ခံစားရသောသူ ရှိနေခြင်း
  • အသက်ကြီးခြင်း။ ၃၀ကနေစပြီး PMS အဖြစ်များလာပြီး တစ်ခါတစ်ရံ အသက်ကြီးလာတာနဲ့ အမျှ ပိုပိုဆိုးလာပါတယ်။
  • ပူပင်သောကများခြင်း၊ စိတ်ဓါတ်ကျခြင်းနှင့် အခြားစိတ်ဝေဒနာများရှိနေခြင်း။ ယင်းတို့က ရာသီမလာခင် နေရထိုင်ရမကောင်းခြင်း (PMDD) အတွက် အန္တရယ်ရှိအချက်တွေပဲ ဖြစ်ပါတယ်။
  • ကိုယ်လက်လှုပ်ရှားမရှိခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • ဗီတာမင်ဘီ၆၊ ကယ်ဆီယမ်နှင် မက်ဂနီစီယမ်တို့ နည်းပါးစွာ စားသောက်ခြင်း
  • ကဖင်း အများအပြား မှီဝဲခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကို ဘယ်လိုအတည်ပြုပါသလဲ

PMS အတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်တွေကော၊ ဓါတ်ခွဲခန်းဆိုင်ရာ စစ်ဆေးချက်တွေကော တိတိပပ မရှိပါဘူး။ လက္ခဏာတစ်ခုခုက သင့်ရဲ့ ခန့်မှန်းနိုင်သော ရာသီမလာခင် ခံစားရခြင်းတစ်ခုဖြစ်မယ်ဆိုရင် ဆရာဝန်က ထိုလက္ခဏာကို စဉ်စားပါလိမ့်မယ်။

ဒါပေမဲ့လည်း ကျန်းမာရေး ကျွမ်းကျင်သူများတွင် အောက်ပါများကဲ့သို့ ဆေးစစ်ချက်များကို တွေ့ရှိအောင်လုပ်ပေးနိုင်သော နည်းလမ်းများလည်း ရှိပါတယ်။

  • သိုင်းရွိုက်စစ်ဆေးခြင်း။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ရောဂါဟာ အရွယ်ရောက်ပြီး မိန်းမတွေမှာ အဖြစ်များတဲ့အပြင် ကိုယ်အလေးအချိန်တက်ခြင်းလိုမျိုး PMS လက္ခဏာတစ်ချို့က သိုင်းရွိုက်ရောဂါလက္ခဏာတွေ့နဲ့ ဆင်တူနေလို့ပဲ ဖြစ်ပါတယ်။
  • PMS လက္ခဏာမှတ်တမ်း ပြုလုပ်ခြင်း။ နှစ်လ၊သုံးလဆက်တိုက် ဘယ်အချိန်မှာ ဖြစ်တယ်၊ ဘယ်လောက် ကြာတယ် ဆိုတာတွေကို မှတ်တမ်းလုပ်ခိုင်းတာပါ။ ထိုသို့ပြုလုပ်ခြင်းက ရာသီစက်ဝန်းရဲ့ အချိန်တစ်ခုမှာ လက္ခဏာတွေပေါ်လာတာလား၊ မပေါ်လာတာလားဆိုတာကို သိရှိဖို့ နည်းလမ်းကောင်းတစ်ခုပါ။ တစ်လနဲ့တစ်လ လက္ခဏာတွေ ပြောင်းလဲနိုင်သော်လည်း လအနည်းငယ်ခန့် စောင့်ကြည့်လိုက်တဲ့ အခါမှာ သတ်မှတ်ချက် တစ်ခုတော့ ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကို ဘယ်လိုကုသပါသလဲ

ကုသနည်းတွေက ဝေဒနာများ သက်သာစေခြင်း အပေါ်မှာ အခြေခံထားပါတယ်။ လက္ခဏာအလုံးစုံကိုစစ်ဆေးခြင်း၊ ယင်းတို့က နေ့စဉ်ဘဝပေါ်မှာ ဘယ်လိုသက်ရောက်နေတယ်ဆိုတာ စစ်ဆေးခြင်းအားခြင့် ကုသမှုကို စတင်မှာပါ။ PMS ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အသိပညာပေးခြင်း။ ရာသီဝက်ဝန်းနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ်ဆိုတာဖြင့် လက္ခဏာတွေကို ဆက်စပ်နိုင်မယ်၊ ရာသီလာပြီဆိုတာနဲ့ နေလို့ပိုကောင်းသွားမယ်ဆိုတာ နားလည်မယ်ဆိုရင် ဝေဒနာတွေကို အနည်းနဲ့ အများတော့ ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ PMS လက္ခဏာတွေနဲ့ ယင်းတို့ဟာ ဘယ်လောက်ပြင်းထန်တယ်၊ ဘယ်လောက် ကြာတယ်ဆိုတာ စောင့်ကြည့်ဖို့ လစဉ်မှတ်တမ်းလေးတစ်ခု ထားကြည့်ပါ။
  • အစာအာဟာရများ။ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းအတွက် ကောင်းမွန်တဲ့ စားသောက်ခြင်းတစ်ခုဟာ အရေးကြီးပါတယ်။ ကဖင်းလျော့သောက်ခြင်း၊ ဆား၊သကြားလျော့စားခြင်း တို့လိုမျိုး အသေးအမွှားကိစ္စတွေတောင်မှ PMS ဝေဒနာတွေအတွက် အကျိုးရှိမှာပဲဖြစ်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်ခြင်း။ ကျန်းမာစွာ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ခြင်း အထူးသဖြင့် လမ်းလျောက်ခြင်းလိုမျိုး အေရိုးဗစ်လေ့ကျင့်ခန်းများက ကျန်းမာရေးအတွက် ကောင်းစေမှာပါ။ PMS ဝေဒနာတွေသက်သာစေနိုင်တဲ့အပြင် ရင်ဆိုင်နိုင်စေရန်အတွက်လည်း ကူညီပေးပါလိမ့်မယ်။
  • ဆေးဝါးများ။ အက်စပရင်၊ အိုင်ဗျူပရိုဖန်တို့လိုမျိုး ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်မယ့် NSAIDs ဆေးဝါးများက ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ကြွက်တက်ခြင်း၊ ရင်သားနာကျင်ခြင်း အစရှိတဲ့ ဝေဒနာတွေကို သက်သာစေမှာပါ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်း ဆေးနည်းများ

PMS ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှု ဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက PMS ကို ရင်ဆိုင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။

စားသောက်ပုံစံ ပြောင်းလဲပေးခြင်း

  • အစားနည်းနည်းကို ခဏခဏ စားပေးပါ။ သို့မှသာ ဗိုက်မတင်း၊ ရင်မပြည့်ဘဲ ဖြစ်နေမှာပါ။
  • ရေဖော မဖောစေဖို့ ဆားနဲ့ ဆားများသော အစားအစာများကို ထိန်းထိန်းသိမ်းသိမ်း စားသုံးပါ။
  • ကောက်ပဲသီးနှံများကဲ့သို့ ကွန်းပလက်ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာများ ရွေးချယ်ပါ။
  • ကယ်ဆီယမ်ကြွယ်ဝသော အစားအစာများ ရွေးချယ်ပေးပါ။ နို့နှင့် နို့ထွက်ပစ္စည်းတို့မှ ကယ်ဆီယမ်တို့ကို မစုပ်ယူနိင်ဘူး၊ အသုံးမပြုနိုင်ဘူးဆိုရင် နေ့စဉ်ကယ်ဆီယမ်ဖြည့်စွက်စာများက ကူညီပေးနိုင်ပါလိမ့်မယ်။
  • ကဖင်းနဲ့ အယ်ကိုဟော မှီဝဲခြင်းကို ရှောင်ရှားပါ။

နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ကိုယ်လက်လှုပ်ရှားခြင်းများထည့်သွင်းပြုလုပ်ပါ။

စိတ်ဖိစီးမှု လျော့ချပါ။

  • လုံလောက်စွာ အိပ်စက်အနားယူပါ။
  • အကြောလျော့နှင့် အသက်ရှုလေ့ကျင့်ခန်းတွေက ခေါင်းကိုက်ခြင်း၊ ပူပင်သောကများခြင်းနှင့် အိပ်မပျော်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။၊
  • စိတ်ပြေလျော့စေဖို့၊ စိတ်ဖိစီးမှုနည်းစေဖို့ ရောဂနှင့် နှိပ်နယ်ခြင်းတို့ကို စမ်းကြည့်သင့်ပါတယ်။

လက္ခဏာများကို လအနည်းငယ်ခန့် မှတ်တမ်းတင်ထားပါ။

မေးစရာများရှိပါက ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနည်းများ ရရှိရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement