backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Phobias (အကြောက်လွန်ခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Phobias (အကြောက်လွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Phobias (အကြောက်လွန်ခြင်း) ကဘာလဲ။

အကြောက်လွန်ခြင်း (phobia) ဆိုတာဟာ အန္တရာယ်မပေးနိုင်တဲ့ အခြေအနေတွေ သို့ အရာတွေကို အကြောင်းမဲ့ ကြောက်စိတ်လွန်ကဲနေခြင်း ဖြစ်ပါတယ်။ စကားပြောရာမှာ သို့ စာမေးပွဲ စမ်းသပ်မှုတစ်ခုယူနေစဉ်မှာ ခဏတာ စိတ်ပူပန်ကြောင့်ကျတာမျိုးမဟုတ်ဘဲ အမြဲတမ်းဖြစ်နေတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ဖြစ်စေပါတယ်။

ဒီရောဂါအခြေအနေဟာ အလုပ်မှာ သို့ လူမှုဆက်ဆံရေးတွေမှာ ပုံမှန်ပြောဆိုဆက်ဆံမှုတွေကို ထိခိုက်စေနိုင်ပါတယ်။

အဖြစ်များတဲ့ အကြောက်လွန်ကဲမှုတွေကတော့ ပျံသန်းရမှာ ကြောက်ခြင်း၊ အမြင့်ကြောက်ခြင်း၊ ပင့်ကူကြောက်ခြင်း၊လူစိမ်းကြောက်ခြင်း၊ဆေးထိုးခြင်းကိုကြောက်ခြင်း၊သွေးကြောက်ခြင်း နှင့် အလုံပိတ်အခန်းကြောက်ခြင်း တို့ဖြစ်ကြပါတယ်။

Phobias (အကြောက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အကြောက်လွန်ခြင်း အများစုကတော့ ပျိုဖော်ချိန်မှာ အဖြစ်များပြီး တိရစ္ဆာန်တွေ၊ သွေးတွေ၊ မုန်တိုင်းနှင့် ရေကြောက်တာတွေက ကလေးဘဝမှာ စဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အကြောက်လွန်ကဲတတ်ပါတယ်။ ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Phobias (အကြောက်လွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကြောက်လွန်ခြင်းကြောင့် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူရပ်ခြင်း၊ သီးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ချွေးပြန်ခြင်း နှင့် ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ကြပါတယ်။ အခြေအနေနဲ့ ဆိုင်တဲ့ အကြောက်လွန်ခြင်းတွေက အန္တရာယ်များပြီး တခါတရံ ကြောက်စိတ်မွှန်ပြီးတုံ့ပြန်တတ်ကြပါတယ်။

ပုံမှန်အားဖြင့် ဝေဒနာသည်တော်တော်များများက သူတို့ရဲ့ ကြောက်စိတ်လွန်ကဲမှု နှင့် တုံ့ပြန်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိကြပါဘူး။ သူတို့မှာ ဒီလက္ခဏာတွေ ရှိနေလျှင် အလုပ်မှာ ပြသနာတတ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တစ်ခါတစ်ရံမှာ သင်ဟာ သက်တောင့်သက်သာမရှိခြင်းကြောင့် အကြောက်လွန်တတ်ပါတယ် (ဥပမာ ဓါတ်လှေကားမစီးချင်လို့ လှေကားမှတက်ခြင်း)။ ထိုအရာဟာ သင့်ဘဝကို ထိခိုက်စေမှု မရှိလျှင် ရောဂါမဟုတ်ပါဘူး။ သင်ဟာ သင့်လူမှုဆက်ဆံရေးနှင့် အလုပ်ကို ထိခိုက်နိုင်မှာ စိုးရိမ်နေလျှင် ဆရာဝန် သို့ စိတ်ရောဂါ အထူးကုနှင့် သွားပြသင့်ပါတယ်။ သေချာကုသနိုင်လျှင် တော်တော်များများမှာ ရောဂါပျောက်သွားကြပါတယ်။

အကြောင်းရင်းများ

Phobias (အကြောက်လွန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ယနေ့တိုင်အောင် အကြောက်လွန်ခြင်းရဲ့ ဖြစ်ပွားမှု အကြောင်းရင်းကို သေချာမသိရသေးပါ။ သို့သော် အကြောက်လွန်ခြင်းဟာ မျိုးရိုးလိုက်တတ်ပြီး တုန်လှုပ်ဖွယ် အခြေအနေတစ်ခုကို ကြုံရပြီးနောက် စဖြစ်တတ်ပါတယ်။ အကြောက်လွန်ခြင်းက ရုတ်တရက် စဖြစ်တတ်ပြီး တဖြည်းဖြည်း ပိုဆိုးလာတတ်ပါတ

ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများ

ငါ့ဆီမှာ Phobias (အကြောက်လွန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အကြောက်လွန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်

လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ အကြောက်လွန်ခြင်းဟာ ပုံမှန်အားဖြင့် ငယ်တဲ့ အရွယ် အသက် ၁၃ နှစ် လောက်မှာ စဖြစ်တတ်ကြပါတယ်။ သတ်သတ်မှတ်မှတ်အရာတွေကို ကြောက်တတ်တာဟာ အသက် ၁၀ နှစ်လောက် ကလေးအရွယ်တွေမှာ စဖြစ်တတ်ကြပါတယ်။ လူ၇ှုပ်တဲ့ နေရာတွေကို ကြောက်တတ်တာဟာ အသက် ၃၅ နှစ်မတိုင်ခင်လောက်မှာ ဖြစ်တတ်ပါတယ်။

• မျိုးရိုး

သင့်ဆွေမျိုးတွေထဲမှာ သတ်သတ်မှတ်မှတ်အရာတွေ ဥပမာ ပင့်ကူ၊မြွေစတာတွေကို ကြောက်တတ်တဲ့သူရှိလျှင် သင့်လဲ အဲဒါတွေကို ကြောက်နိုင်တဲ့ ဖြစ်နိင်ချေ မြင့်မားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အကြောက်လွန်တာဟာ မျိုးရိုးလိုက်တတ်တယ် သို့မဟုတ် ငယ်တုန်းမှာ လူကြီးတွေရဲ့ လုပ်ရပ်ကို မှတ်သားထားရာမှ စိတ်မှာစွဲပြီး ကြောက်သွားတတ်တယ် လို့လဲ ယုံကြည်ကြပါတယ်။

• ပင်ကိုယ်လက္ခဏာ

သင်ဟာ ဘဝမှာ အထိမခံလွန်းသူ သို့ ကြောက်တတ်ရှက်တတ်လွန်းသူဆိုလျှင် ဒီအကြောက်လွန်ရောဂါရှိနိုင်ဖို့ ဖြစ်နိုင်ချေများပါတယ်။

စိတ်ဒဏ်ရာ။ ။ သင်ဟာ ဘဝမှာ ဓါတ်လှေကားထဲ ပိတ်မိနေတာ သို့ တိရိစ္ဆာန်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်း ကြုံဖူးတယ်ဆိုလျှင် သင့်မှာ အကြောက်လွန်ရောဂါဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Phobias (အကြောက်လွန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အကြောက်လွန်ခြင်းကို စမ်းသပ်ဖို့ရာ အခြားနည်းလမ်းမရှိပါဘူး။ ဆရာဝန်တွေက သင့်ရောဂါအကြောင်းကို သတိထားပြီး မေးခွန်းတွေ မေးပါမယ်။ သင့်ကို ရောဂါလက္ခဏာတွေ နှင့် တခြားရောဂါပိုင်းဆိုင်ရာတွေ မေးပါလိမ့်မယ်။ နောက်ဆုံးသင် အကြောက်တရားကို ခံစားရလာလျှင် မေးတာကို ရပ်လိုက်မှာ ဖြစ်ပါတယ်။

Phobias (အကြောက်လွန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသခြင်းမှာတော့ အကြောက်တရားကို ပိုဆိုးမလာအောင် သို့ ပျောက်ကင်းအောင်နှင့် ကြောက်ခြင်းကို ဖြစ်စေတဲ့ အရာတွေကို ရှောင်ခြင်းတို့ ပါဝင်ပါတယ်။

လူမှုရေး အကြောက်တရားတွေကို ကုသရာမှာ လနှင့် ချီပြီး ကြာတတ်ပါမယ့် တခြားသတ်သတ်မှတ်မှတ်အရာတွေကို ကြောက်ခြင်းကို အချိန်တိုတွင်း ကုသနိုင်ပါတယ်။ တိရာစ္ဆာန်၊သွေး နှင့် ဆေးထိုးကြောက်ခြင်းတွေကို ပြုမူကျင့်ကြ ံခြင်းဆိုင်ရာ ကုထုံးနှင့် ကုသပြီးနောက်ပိုင်း ပျောက်ကင်းသွားနိုင်ပါတယ်။

ဆေးဝါးများနှင့် အမူအကျင့်ကုထုံးတွေကို တွဲသုံးလေ့ရှိပါတယ်။ တချို့ဆေးတွေက စိတ်ပူပန်မှုကြောက့် ဖြစ်တတ်တဲ့ နှလုံးခုန်မြန်ခြင်း သို့ ရင်တုန်ခြင်းတို့ကို သက်သာစေပါတယ်။ ဆေးဝါးနှင့် ကုသခြင်းဟာ သတ်သတ်မှတ်မှတ်အရာတွေကို ကြောက်တာထက် လူမှုဆက်ဆံရေးဆိုင်ရာ အကြောက်လွန်မှုတွေကို ကုသရာမှာ ပိုပြီး သင့်တော်ပါတယ်။

သတ်သတ်မှတ်မှတ်ရှိတဲ့ အကြောက်တရားတွေဖြစ်တဲ့ အမြင့်ကြောက်ခြင်း ပျံသန်းရမှာ ကြောက်ခြင်း သွေး တိရာစ္ဆာန် သွားဆရာဝန် အလံပိတ်အခန်း နှင့် ဆေးထိုးကြောက်ခြင်းများကို ကုသရာမှာ စိတ်ကူးဖြင့် ပုံဖော်ခိုင်းခြင်း သို့ လက်တွေ့ အပြင်မှာ တိုက်ရိုက်အနီးကပ်ပြသခြင်းတို့ဖြင့် ကုသခြင်းမှာ များစွာထိရောက်မှုရှိပါတယ်။

တခြားနည်းလမ်းတွေကတော့ biofeedback နှင့် အိပ်မွေ့ချခြင်းတို့ ဖြစ်ကြပြီး ၎င်းတို့ဖြင့် လူနာတွေရဲ့ စိတ်ပူပန်ကြောင့်ကျခြင်းနှင့် နှလုံးခုန်မြန်ခြင်းတို့ကို လျှော့ချနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အကြောက်လွန်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အကြောက်လွန်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆရာဝန်ကို သင့်အကြောက်တရားနဲ့ ပတ်သက်ပြီး ပြောပြပါ။ ကြောက်တာကို ဝန်ခံရမှာ မရှက်ပါနဲ့။

• သတ်သတ်မှတ်မှတ်အရာတွေကို ကြောက်ခြင်းကို ကုသရာမှာ အချိန်အနည်းငယ်ပေးဖို့ပဲ လိုပါတယ်။

• စိတ်ဖိစီးမှုများမယ့် အခြေအနေတွေကို အတတ်နိုင်ဆုံး ရှောင်ပါ။

• စိတ်ပူပန်မှုကင်းအောင် လေ့ကျင့်ခန်းလုပ်ပါ။

• သင့်ကို ကြောက်စေတဲ့ အရာတွေကို ရှောင်ပါ။

• သင့်မှာ အကြောက်လွန်ပြီး တန့်ပြန်မှုတွေ ခဏခဏဖြစ်နေလျှင် ဆရာဝန်နှင့် ပြပါ။

• သင့်မှာ တခြားနောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာ သို့ စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိလာလျှင် သို့ သေကြောင်းကြံစည်ချင်စိတ်ဖြစ်လာလျှင် ဆရာဝန်နဲ့ ပြပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement