backup og meta

Otoplasty In Adults (လူကြီးများတွင် နားပြုပြင်ခွဲစိတ်မှု)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 06/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Otoplasty (နားရွက်ပြုပြင် ခွဲစိတ်ခြင်း)ဆိုတာဘာလဲ ။

    Otoplasty ဆိုတာကသင့်နားရွက်တွေရဲ့ပုံပန်းသွင်ပြင်ကိုလှပလာအောင်ပြုပြင်ပေးတဲ့ခွဲစိတ်မှုတစ်ခုပါ။ ရည်ရွယ်ချက်ကတော့သင့်ရဲ့ပုံပန်းသွင်ပြင်ကိုသင်စိတ်ကျေနပ်မှုရှိစေပြီးယုံကြည်မှုပိုရှိလာစေဖို့ပါ။ သင့်အနေနဲ့ရွေးချယ်စရာတွေနဲ့လက်တွေ့ကျတဲ့မျှော်လင့်ချက်တွေကို သေချာစဉ်းစားသင့်ပါတယ်။

    Otoplasty ကိုဘာကြောင့်လုပ်လဲ။

    သင့်အနေနဲ့သင့်နားရွက်နဲ့ပတ်သက်ပြီးအစနောက်ခံနေရရင်၊သင့်နားရွက်တွေ ပုံဆိုးပန်းဆိုးဖြစ်နေရင်နားရွက်ပြုပြင်ခွဲစိတ်မှုကသင့်ကိုစိတ်ကျေနပ်စေမှာပါ။

    Otoplasty ရဲ့ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။

    အရွယ်ရောက်ပြီးတဲ့ Otoplasty လုပ်မယ့်သူတွေသိထားရမှာကဖွံ့ဖြိုးပြီးသားနားရွက်မှာရှိတဲ့အရိုးနုတွေကကလေးငယ်တွေနားရွက်လိုမျိုးပျော့ပျောင်းမှုမရှိတော့ဘူးဆိုတာပါဘဲ။

    တခြားကုသလို့ရတဲ့နည်းတွေရှိလား။

    အရွယ်ရောက်ပြီးသူတွေအတွက်ကခွဲစိတ်တာကသာနားရွက်ပုံစံပြောင်းပေးနိုင်မှာပါ။

    သင့်အနေနဲ့ဒီခွဲစိတ်မှုရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေရှုပ်ထွေးမှုတွေကိုနားလည်ထားဖို့လိုပါတယ်။ အသေးစိတ်ကိုတော့သင့်ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးပါ။

    Otoplasty အတွက်ဘယ်လိုပြင်ဆင်ရမလဲ ။

    ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်မှာဖြစ်ပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ကပြင်ဆင်ရမှာတွေကို ပြောပြပါမယ်။ သင့်အနေနဲ့ဘာဆေးတွေသောက်နေလဲပြောပြဖို့အရေးကြီးပါတယ်အထူးသဖြင့် သွေးကျဲဆေးတွေပါ။

    ခွဲစိတ်မှုမစခင် ခြောက်နာရီအလိုမှာသင်ဘာမှမစားမသောက်ရတော့ပါဘူး။ သင့်မေ့ဆေးဆရာဝန်စကားကိုနားထောင်ဖို့အရေးကြီးပါတယ်။ မေ့ဆေးမပေးခင်၂၄နာရီအလိုမှာသင်အရက်သောက်ထားလ့ ိုမဖြစ်ပါဘူး။

    Otoplasty လုပ်နေစဉ်ဘာတွေဖြစ်သလဲ ။

    ခွဲစိတ်မှုကတစ်နာရီလောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကသင့်နားရွက်အနောက်မှာခွဲပြီးအရိုးနုဆီကအရေပြားတချို့ကိုဖယ်ထုတ်လိုက်ပါမယ်။ သူတို့ကသင့်နားရွက်ရဲ့အရိုးနုပုံစံကိုပြောင်းလဲပြီးနားရွက်ကိုပြုပြင်ပေးပါမယ်။ သင့်ခွဲစိတ်ဆရာဝန်ကနားရွက်ကိုပုံစံအသစ်မှာထိန်းထားနိုင်ဖို့နဲ့ အတွန့်အခေါက်ပုံဖော်ဖို့ အတွက်ချုပ်ရိုးတွေလုပ်ဖို့လိုပါတယ်။

    သင့်ခွဲစိတ်ဆရာဝန်ကနားရွက်အရှေ့ဘက်ကိုခွဲပြီးအရေပြားကိုခွဲပါလိမ့်မယ်။ ဒါမှသာအရိုးနုကိုသေချာပုံသွင်းနိုင်မှာပါ။ ဒီနည်းလမ်းကအရိုးနုကိုဦးခေါင်းဘက်ကွေးညွှတ်စေပုံရပါတယ်။

    ပြီးရင်ခွဲစိတ်ဆရာဝန်ကသင့်နားရွက်ကိုအထောက်အကူပြုဖို့အတွက်ဦးခေါင်းမှာပတ်တီးလိုမျိုးတစ်ခုခုစည်းပေးပါမယ်။

    ခွဲစိတ်မှုပြီးတဲ့အခါသင်ဘာလုပ်ရမလဲ။

    ခွဲစိတ်မှုပြီးတဲ့တစ်နေ့တည်းမှာဘဲသင်အိမ်ပြန်လို့ရပါပြီ။ အပတ်အနည်းငယ်တော့အနာရောင်ရမ်းတာကျတဲ့အချိန်တွေမှာအနားယူပြီးအင်အားသုံးရတဲ့လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။

    ခေါင်းကပတ်တီးဖြေပြီးတဲ့အခါသင်အလုပ်ပြန်သွားနိုင်ပါပြီ။

    ခွဲစိတ်ပြီးခြောက်ပတ်အကြာထိသင်အားကစားမလုပ်သင့်ပါဘူး။

    Otoplasty ပြီးရင်ဘာဆက်ဖြစ်လဲ ။

    နားရွက်ပြုပြင်ခွဲစိတ်မှုကစိတ်ချရတဲ့ခွဲစိတ်မှုပါ။

    ဒါပေမယ့်လည်းတခြားခွဲစိတ်မှုတွေလိုဘဲသူ့မှာလည်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေရှိပါတယ်။

    • ရောဂါပိုးဝင်ခြင်း- ဒါကပုံမှန်အားဖြင့်ပိုးသတ်ဆေးနဲ့ကုသလို့ရပါတယ်။ ထိခိုက်သွားတဲ့နေရာတစ်ဝိုက်ကိုတော့စုပ်ထုတ်ဖို့လိုပါမယ်။ ဒါဟာအနားတစ်ဝိုက်ကခွဲရာတွေကိုလည်း ရောဂါပိုးဝင်စေနိုင်တဲ့အတွက်ပါ။ နောက်ဆုံးနားရွက်လုံးဝပုံပျက်သွားတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကရှားပါတယ်။
    • နားရွက်အရိုးနုရောင်ခြင်း- ဒါက အရည်တွေ စုပ်ထုတ်ဖို့လိုအပ်ပါတယ်။
    • သွေးခဲခြင်း – ဒါကနားရွက်အရေပြားထဲမှာဖြစ်ပြီးနားရွက်ပုံပျက်တဲ့ထိဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ကဒါကိုအပ်အသုံးပြုပြီးဖယ်ရှားရပါလိမ့်မယ်။
    • နားရွက်နောက်အမာရွတ်ကျန်ခြင်း။
    • အရင်လိုပြန်ဖြစ်ခြင်း – ခွဲစိတ်သူ၅ရာခိုင်နှုန်းလောက်ကနားရွက်နဂိုပုံစံပြန်ဖြစ်သွားပါတယ်။
    • နားရွက်ပုံစံကိုစိတ်တိုင်းမကျခြင်း။
    • နားရွက်တစ်ဝိုက်ပွန်းပဲ့ရာတွေဖြစ်ခြင်း-ဒါကခွဲစိတ်ပြီး၂ပတ်လောက်ထိဖြစ်ပါတယ်။
    • နားရွက်ထုံခြင်း – ဒါကအပတ်အနည်းငယ်ကြာပြီးလနည်းငယ်ထိကြာတတ်ပါတယ်။
    • နားရွက်တောင့်တင်းခြင်း- ဒါကလည်းလအနည်းငယ်ထိကြာပြီးမှပြန်ပျော့ပြောင်းလာနိုင်ပါတယ်။
    • နားကိုက်ခြင်း – ဒါကညဘက်တွေပိုသိသာပြီးလအနည်းငယ်ကြာရင် ပျောက်သွားပါမယ်။

    • ချုပ်ရိုးနဲ့ပတ်သက်ပြီးပြဿနာရှိခြင်း။ ဒါပေမဲ့ ချုပ်ရိုးတွေကို ဆေးခန်း၊ ဆေးရုံမှာတင် နာကျင်မှုမရှိလဲ လွယ်လွယ်ကူကူ ချုပ်ရိုးဖြည်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 06/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement