backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Male pattern baldness (ထိပ်ပြောင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thurein Win မှ ရေးသားသည်။ · 05/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်။

ထိပ်ပြောင်ခြင်းဆိုတာဘာလဲ။

ထိပ်ပြောင်ခြင်းဆိုတာကိုဆံပင်ပါးခြင်းတစ်

မျိုးလို့ခေါ်ပြီးအမျိုးသားတွေမှာအတွေ့ရအများဆုံးဆံပင်

ကျွတ်မှုတစ်ခုဖြစ်ပါတယ်။

ထိပ်ပြောင်ခြင်းကိုအတွေ့ရများသလား။

အရမ်းကိုအတွေ့ရများပါတယ်။ များသောအားဖြင့် အမျိုးသားတွေကအမျိုးသမီးတွေထက်ပိုဖြစ်တတ်ပါတယ်။

အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရောဂါလက္ခဏာများ။

ထိပ်ပြောင်ခြင်းရဲ့ လက္ခဏာတွေ

ကဘာတွေလဲ။

ထိပ်ပြောင်ခြင်းရဲ့ပုံစံကတော့ ဆံစပ်ကနေစတတ်ပါတယ်။ ဆံ

ပင်ရဲဆံစပ်ကနေပြီး ခေါင်းနောက်ဘက်ကို ဆုတ်သွားတတ်

ပါတယ်။ ပြီးတော့ Mပုံစံဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းကျ

ရင် ဆံပင်က ပါးလာမယ် တိုလာမယ် ပြီးတော့ မြင်းခွာပုံလို

မျိ ုးဖြစ်ပြီးဆံပင်တွေက ဘေးနှစ်ဘက်မှာပဲကျန်နေတဲ့ပုံဖြစ်

လာပါလိမ့်မယ်။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ထိပ်ပြောင်ခြင်းကို ဘယ်အကြောင်းအရင်းတွေကဖြစ်စေတာလဲ။

ထိပ်ပြောင်ခြင်းဆိုတာဟာ မျိ ုးရိုးလိုက်လို့ သို့မဟုတ် မိသား

စုဝင်တွေထဲက ရှိလို့ဆိုပြီး ဖြစ်တာကတော့အကြောင်းတစ်

ရပ်အနေနဲ့ရှိပါတယ်။ လေ့လာသူတွေတွေ့ရှိချက်အရကတော့

ထိပ်ပြောင်ခြင်းဟာ ယောင်္ကျားဟော်မုန်းတွေနဲ့ ဆက်စပ်မှု

ရှိတယ်လို့ဆိုပါတယ်။ အန်ဒရိုဂျင်လို့ခေါ်တဲ့ ယောင်္ကျားဟော်

မုန်းဟာ လုပ်ငန်းတွေအများကြီးကို လုပ်ဆောင်ပါတယ် ဆံပင်ကြီးထွားမှုနေရာမှာပါဝင်နေပါတယ်။

သင့်ခေါင်းပေါ်က ဆံပင်တစ်မျှင်ချင်းစီဟာကြီးထွားမှု စက်ဝန်းတစ်ခုစီရှိကြပါတယ်။ ဒီလိုထိပ်ပြောင်မှုမျိ ုးဟာ ဆံပင်ပေါက်မှု အားနည်းပြီး၊ဆံပင်ရဲ့အမြစ်တွေက ကြံ ု့လာပါ

တယ်။ နောက်ဆုံးကျရင်တော့ ဆံပင်ကြီးထွားမှုနှုန်းက ရပ်

သွားပြီး သူ့နေရာမှာ ဆံပင်အသစ်တွေမပေါက်တော့တာတွေ

ဖြစ်ပါတယ်။

မျိုးရိုးလိုက်ထိပ်ပြောင်ခြင်းဟာ များသောအားဖြင့် ဘေးထွက်

ဆိုးကျိုးတော့မဖြစ်တတ်ပါဘူး။ သို့သော်လည်း တစ်ခါတစ်ရံ

မှာ ထိပ်ပြောင်ခြင်းက တစ်ခြား စိုးရိမ်ရတဲ့ အကြောင်းအရင်း

တွေကြောင့်ဖြစ်ရပါတယ်။၎င်းအခြေအနေတွေကတော့ ကင်ဆာရောဂါ၊ဆေးသောက်ရခြင်းများ၊လည်ပင်းအကြိတ်

အခြေအနေများ၊နောက်ပြီး စတီးရွိုက်ဆေးများကြောင့်ဖြစ်ပါ

တယ်။ သင့်ဆံပင်ကျွတ်ခြင်းက ဆေးအသစ်တစ်မျိ ုးမျိ ုး

သောက်ပြီးမှ ဖြစ်လာတယ်ဆိုပါက သို့မဟုတ် တစ်ခြားကျန်း

မာရေးအခြေအနေတွေနဲ့ ဆက်စပ်ပြီးဖြစ်တယ်ဆိုပါက သင့်

ဆရာဝန်နဲ့သေချာတွေ့ပါ။

ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ အနီစက်ရှိခြင်း၊ နီနေခြင်း၊နာခြင်း၊ ဦးရေပြားကွာခြင်း၊ဆံပင်ပျက်ခြင်း၊ဆံပင်

များကွက်ရ်ျကျွတ်ခြင်း၊ဆံပင်ကျွတ်တာနဲ့အတူပုံစံမမှန်တဲ့ ဆံပင်ပါးခြင်းတို့ဟာ ထိပ်ပြောင်ခြင်းနဲ့ ဆက်စပ်လေ့ရှိပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ထိပ်ပြောင်ခြင်းကို ဘယ်အချက်တွေက ပိုဖြစ်စေသလဲ။

ထိပ်ပြောင်ခြင်းဟာ သင့်ရဲ့ဆယ်ကျော်သက်ဘဝမှာစတင်ပြီး

ဖြစ်နိုင်ပါတယ်။ သို့သော် လူကြီးပိုင်းအရွယ်ရောက်မှ ပိုတွေ့ရ

တာများပြီး အသက်ကြီးတာနဲ့အမျှဖြစ်လာပါတယ်။ မျိ ုးရိုး

လိုက်ခြင်းကလည်း အဓိကနေရာကနေပါဝင်ပါတယ်။ ကိုယ့်

မျိ ုးရိုးထဲမှာထိပ်ပြောင်တဲ့လူရှိပါက ကိုယ့်မှာလည်း ဖြစ်ဖို့

အခြေအနေပိုများပါတယ်။ တကယ်လို့ ဆွေမျိ ုးတွေထဲက အမေဘက်က အမျိ ုးဆိုပါက ပိုပြီးဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ထိပ်ပြောင်ခြင်းကို ဘယ်လိုအတည်ပြုနိုင်မလဲ။

ပုံမှန် ထိပ်ပြောင်ခြင်းကိုတော့ ထိပ်ပြောင်တဲ့ပုံစံရယ် ဆံပင်

ဘယ်နားတွေ ကျွတ်သလဲဆိုတဲ့ပုံစံကို ကြည့်ပြီး များသောအားဖြင့် ဆုံးဖြတ်ကြပါတယ်။

ဆံပင်ကျွတ်ခြင်းဟာ တစ်ခြားအခြေအနေတွေကြောင့်ဖြစ်နိုင်

ပါတယ်။ သင့်ဆံပင်ကျွတ်ခြင်းက အကွက်လိုက်ကျွတ်ခြင်း၊

ဆံပင်ကျွတ်တာများခြင်း၊ဆံပင်တွေပြတ်ခြင်း၊သို့မဟုတ် ဆံ

ပင်ကျွတ်တာက နီရဲခြင်း၊နာခြင်းတို့ကို ဖြစ်စေပါတယ်။

အရေပြားအသားစယူခြင်း၊သွေးစစ်ခြင်း သို့မဟုတ် တစ်ခြား

နည်းလမ်းတွေကလည်း ဆံပင်ကျွတ်တာကိုဘာကြောင့်ဖြစ်

စေတာလဲဆိုတာကို အဖြေရှာနိုင်ပါတယ်။

ဆံပင်ကိုခွဲခြမ်းစိတ်ဖြာခြင်းကတော့ ဆံပင်ကျွတ်တာကို အဖြေရှာတဲ့နေရာမှာ တိကျသေချာတဲ့အဖြေတော့ မရတတ်ပါဘူး။ ဘာလို့လဲဆိုတော့ အစာအာဟာရ သို့မဟုတ်

သူနဲ့ပုံစံတူ ပြသနာတွေနဲ့ တိုက်နေတတ်လို့ပါ။ သို့သော် အာဆင်နစ် အဆိပ်ဓါတ်တို့ သို့မဟုတ်ခဲဓါတ်တို့ ပါနေရင်

တော့ ပြနိုင်ပါတယ်။

ထိပ်ပြောင်ခြင်းကို ဘယ်လိုကုသလို့ရမလဲ။

တကယ်လို့ တစ်ခြားကျန်းမာရေးပြသနာတွေသာ မဖြစ်ပါက ကျန်းမာရေးအရကုသမှု မလိုအပ်ပါဘူး။ သို့သော် အမျိ ုးသား

တွေက ထိပ်ပြောင်နေတာကို မကြိုက်ဘူးဆိုရင် ဆံပင်တွေ

အများကြီးရှိနေချင်သေးတယ်ဆိုရင်တော့ ကုသမှုတွေပြ ုလုပ်ပေးလို့ရပါတယ်။

ဆံပင်ပုံစံ

ဆံပင်သိပ်မကျွတ်တဲ့အမျိုးသားတွေမှာတော့ တစ်ခါတစ်လေ

မှာ ဆံပင်ပုံစံလှလှလေးညှပ်လိုက်ရင်တော့ ထိပ်ပြောင်တာ

ကိုသိပ်မသိသာစေတာမျိ ုး ၊ဖုံးထားသလိုဖြစ်နိုင်မှာပါ။ သင့်ဆံ

ပင်ကို ထူသလိုလိုဖြစ်စေမယ့် ဆံပင်ရဖို့ သင့်ဆံပင်ညှပ်ဆရာ

ကို ပြောပြီးညှပ်ပါ။

ဆံပင်အတုစွပ်ခြင်း သို့မဟုတ် ဆံပင်အတုများသုံးခြင်း။

ဆံပင်အတုတွေက သင်ဆံပင်ပါးတာနဲ့ ဆံစပ်နောက်ဆုတ်ခြင်းနဲ့ ထိပ်ပြောင်ခြင်းကိုကိုဖုံးနိုင်ပါတယ်။ ဆံပင်စတိုင်မျိ ုးစုံ၊အ

ရောင်မျိ ုးစုံနဲ့ ဆံသားမျိ ုးစုံလာပါတယ်။ ပုံမှန်သဘာဝအတိုင်း

တူတာနဲ့လိုချင်ရင်တော့ ဆံပင်တုကို သင့်ဆံပင်နဲ့အရောင်တူ

စတိုင်လ်တူတဲ့ဟာကိုရွေးပါ။ ပရောဖက်ရှင်နယ်ကျတဲ့ ဆံပင်

တု ကျွမ်းကျင်သူအကူအညီနဲ့ဆိုရင်တော့ သင့်အတွက် ပိုပြီး

သဘာဝဆန်တဲ့ ပုံစံကို ရနိုင်မှာပါ။

ရောယှက်ထားခြင်း ရက်လုပ်ထားသော ဆံပင်တု

ဒီဟာကတော့သင့်ဆံပင်အစစ်မှာတွဲကပ်ပြီး ရောယှက်ရတဲ့

ဆံပင်တုတစ်မျိုးပါ။ သင့်ဆီမှာ တွဲဆက်လို့ရမယ့် ဆံပင်တော့

ရှိနေရပါမယ်။ ဒီဆံပင်တုရဲ့ကောင်းတဲ့အချက်ကတော့ သူတို့

က လှုပ်လှုပ်ရှားရှားလုပ်ရတဲ့ ရေကူးခြင်း၊ရေချ ိုးခြင်း၊အိပ်ချိန်

တွေမှာတောင် ကပ်နေတာပါပဲ။ မကောင်းတဲ့အချက်အနေနဲ့

ကတော့ သင့်ဆံပင်အသစ်ပေါက်လာတဲ့အခါမှာ အဲ့ဆံပင်တု

တွေကို ပြန်ဆက်ပေးရခြင်း နောက်ပြီးဒီဆံပင်တုစွပ်ခြင်းက

လည်း သင့်ရဲ့သဘာဝဆံပင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Minoxidil (Rogaine)

ဒီဆေးကတော့ ဦးရေပြားကိုလိမ်းရတဲ့ လိမ်းဆေးတစ်မျိုးပါပဲ။

Minoxidilက တစ်ချိ ု့ယောက်ကျားတွေမှာ ဆံပင်ကျွတ်တာ

ကိုသက်သာစေပြီး ဆံပင်အသစ်ပေါက်တဲ့ဆံသားဥလေးတွေ

ကိုသန်စွမ်းစေပါတယ်။ သိသိသာသာ လက္ခဏာပြဖို့ကတော့

လေးလကနေ တစ်နှစ်လောက်ထိစောင့်ရတတ်ပါတယ်။ သင်

ကဆေးလိမ်းတာ ရပ်လိုက်ရင်တော့ ဆံပင်ကျွတ်တာ ပြန်ဖြစ်

နိုင်ပါတယ်။

Minoxidil ရဲ့ ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျို းတွေကတော့ ခြောက်ခြင်း၊ ယားယံခြင်း၊ အပူလောင်သလိုဖြစ်ခြင်း၊ဦးရေ

ပြား အဖတ်တက်ခြင်းတို့နဲ့ဆက်စပ်ပါတယ်။

အောက်မှာပြောပြထားတဲ့ ဘေးထွက်ဆိုးကျိ ုးတွေရှိပါက

သင့်ဆရာဝန်နဲ့ ချက်ခြင်းသွားပြသင့်ပါတယ်။

-ဝိတ်တက်လာခြင်း။

-မျက်နှာ၊လက်၊ခြေကျင်းဝတ် သို့မဟုတ် ဗိုက် ရောင်လာခြင်း။

-လှဲအိပ်တဲ့အချိန်မှာ အသက်ရှုခက်ခြင်း၊

-နှလုံးခုန်မြန်ခြင်း၊

-ရင်ဘတ်အောင့်ခြင်း၊

-အသက်ရှုခက်ခြင်း။

Finasteride (Propecia,Proscar)

ဒီဆေးကတော့သောက်ဆေးဖြစ်ပြီး အမျိ ုးသားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပါတယ်။ အမျိုးသားတွေရဲ့ ဆံပင်

ကျွတ်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းကိုပိတ်စေခြင်းနဲ့ အလုပ်

ဖြစ်စေပါတယ်။Finasteride ဆေးကတော့လိမ်းဆေး

Minoxidil ထက်ပိုပြီး ကောင်းတယ် ထိရောက်ပါတယ်။ သင်

က finasteride သောက်တာရပ်လိုက်ပါကလည်း သင့်ဆံပင်

ကျွတ်တာက ပြန်ဖြစ်လာမှာပါ။

Finasteride ကို သုံးလမှ တစ်နှစ်ထိသောက်မှသာ ရလာဒ်ကိုမြင်ရမှာပါ။ တစ်နှစ်လောက်ထိသောက်ပြီးမှ ဘာမှ

ထူးခြားမှုမရှိရင်တော့ သင့်ဆရာဝန်က ဆေးသောက်တာကို

ရပ်ခိုင်းပါလိမ့်မယ်။ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိ ုးတွေကတော့

-စိတ်ဓါတ်ကျခြင်း။

-ယားခြင်း၊

-အနီစက်ထွက်ခြင်း

-အဖု အပိန့်များထခြင်း၊

-ရင်သားနာခြင်း၊

-ရင်သားများကြီးထွားလာခြင်း

-နှုတ်ခမ်းသို့မဟုတ် မျက်နှာရောင်လာခြင်း၊

-သုတ်လွှတ်ချိန်နာကျင်ခြင်း

-ဝှေးစေ့များနာကျင်ခြင်း

-လိင်တံမာအောင်လုပ်ဖို့ ခက်ခဲခြင်း။

နောက်ပြီး ရှားသော်လည်းပဲ ရင်သားကင်ဆာလည်းဖြစ်နိုင်ပါ

သေးတယ်။ သင့်မှာ ရင်သားနာကျင်တာ သို့မဟုတ် အလုံးအကြိတ်စမ်းမိပါက သင့်ဆရာဝန်နဲ့သေချာပြသပါ။

PSA လို့ခေါ်တဲ့ ဆီးကျိတ်ကင်ဆာကုသမှုမှာစစ်ဆေးနဲ့ စမ်း

သပ်မှုတစ်မျိ ုးကို သွားပြီးသက်ရောက်မှုရှိတတ်ပါတယ်။

Finasteride တွေက PSA ဓါတ်တွေကိုနည်းနေစေတတ်ပါ

တယ်။ ပုံမှန်ထက်ကိုနည်းနေတတ်ပါတယ်။ အဲ့ဒါကြောင့် ဒီဆေးသောက်ထားတဲ့အခါ PSA ဓါတ်များနေတယ်ဆိုရင်

ဆီးကျိတ်ကင်ဆာကို သံသယထားရပါမယ။်

ဆံပင်အစားထိုးခြင်း။

ဆံပင်အစားထိုးကုသခြင်းကတော့ အထိုးထွင်းရဆုံးနဲ့ ဈေးအကြီးဆုံးကုသမှုတစ်ခုပါပဲ။ ဆံပင်အစားထိုးနည်းဆိုတာ

ကတော့ ဦးခေါင်းမှာပုံမှန်အတိုင်း သန်စွမ်းနေတဲ့ဆံပင်နေရာ

တွေကနေယူပြီး ဆံပင်ပါးတဲ့ ပြောင်နေတဲ့ဦးရေပြားမှာ အစားထိုးလိုက်ခြင်းပဲဖြစ်ပါတယ်။

အခေါက်များစွာလုပ်ဖို့လိုတတ်ပါတယ်။ နောက်ပြီးဒီနည်းလမ်း

ဟာ အမာရွတ်ဖြစ်ခြင်းနဲ့ ပိုးဝင်ခြင်းတို့ကိုလည်းဖြစ်စေပါ

တယ်။ ကောင်းတဲ့အချက်အနေနဲ့ကတော့ ဒီနည်းက ပုံမှန်သဘာဝဆံပင် အတိုင်းရစေပြီး အမြဲတမ်းအတွက် လုပ်

လို့ရတာပါပဲ။

နှစ်သိမ့်ဆွေးနွေးခြင်း၊

ထိပ်ပြောင်လာတယ်ဆိုတာဟာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ရပ်ဖြစ်ပတယ်။ သင့်ရဲ့ပုံပန်းကို ကိုယ့်ဘာသာလက်ခံနိုင်ဖို့ ခက်ခဲနေတတ်ပါတယ်။ သင့်မှာ

ထိပ်ပြောင်ခြင်းကြောင့် စိတ်ပင်ပန်းမှုတွေ၊မိမိဘာသာ ယုံကြည်မှုနည်းပါးနေရင်၊စိတ်

ဓါတ်ကျနေရင် သို့်မဟုတ် တစ်ခြားစိတ်ခံစားချက်တွေကိုခံ

စားနေရပါက သင့်အတွက်နှစ်သိမ့်ဆွေးနွေးပေးမယ့်လူကို

ရှာဖွေပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

ထိပ်ပြောင်ခြင်းကိုသက်သာအောင်ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့်အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

ထိပ်ပြောင်ခြင်းကို ကာကွယ်လို့ရမယ့်နည်းလမ်းအတိအကျ

ဆိုပြီး မသိကြပါဘူး။ လေ့လာတွေ့ရှိချက်တစ်ခုအရတော့

စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓါကိုယ်က အမျိုးသားဟော်မုန်း

ထုတ်တာပိုများပြီး ဆံပင်ကျွတ်ခြင်းကို ပိုဖြစ်စေတယ်လို့ဆို

ပါတယ်။ သင်ကစိတ်ဖိစီးမှုကိုလျှော့ချဖို့အတွက် လမ်းလျှောက်ခြင်း၊သီချင်းနားထောင်ခြင်းနဲ့ တိတ်တိတ်ဆိတ်

ဆိတ်နဲ့သာယာအေးဆေးစွာ အနားယူခြင်းတို့လုပ်ပေးနိုင်

ပါတယ်။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thurein Win မှ ရေးသားသည်။ · 05/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement