backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း) ကဘာလဲ။

ဆီးလမ်းကြောင်းမှာ ကျောက်ကပ်၊ ဆီးအိမ်၊ ureter နဲ့ urethra တို့ပါဝင်ပါတယ်။ ဆီးအိမ်အတွင်းမှာ ရှိတဲ့ ဆီးတွေဟာ ပုံမှန်အားဖြင့် သန့်စင်ပြီး ဘက်တီးရီးယားနဲ့ အခြားမှိုရောဂါတွေ ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဘက်တီးရီးယားတွေဟာ urethra ကို ဖြတ်ပြီး ဆီးလမ်းကြောင်းအတွင်းပိုင်းကို ဝင်ရောက်နိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ အမျိုးသမီးကြီးတွေနဲ့ အမျိုးသမီးငယ်တွေမှာ အမျိုးသားတွေထက်ပိုအဖြစ်များပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ urethra ဟာ ပိုတိုပြီး စအိုနားကိုပိုနီးတာကြောင့် အူကဘက်တီးရီးယားတွေဟာ urethra နားကို ပိုမိုထိတွေ့နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်အတွင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်နိုင်တဲ့ အရာဝတ္ထုတစ်ခုဟာ သူတို့ရဲ့ ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအများစုကို ပိုးသတ်ဆေးတွေနဲ့ အလွယ်တကူ ကုသနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုမရှိတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတွေက ကျောက်ကပ်တွေဆီကို ပြန့်သွားပြီး ပိုမို ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ Home test kit ကို အသုံးပြုရင် ပုံမှန်မဟုတ်တဲ့ အဖြေတွေရလာရင် ပြင်းထန်တဲ့ ပြဿနာတွေကို လွတ်မသွားရအောင် ဆရာဝန်ကို သိစေသင့်ပါတယ်။

Home Test for Urinary Tract Infections တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ကိုယ်တိုင်စစ်ဆေးမှုကို ဆရာဝန်ညွှန်ကြားချက်နဲ့ ပြုလုပ်နိုင်ပါတယ်။

• ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ကို ရှာဖွေရန် (အထူးသဖြင့် မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်တတ်သူများ)။ အချို့အခြေအနေတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်မှု မြင့်မားတတ်ပါတယ်။ ဥပမာ ကိုယ်ဝန်ရှိနေရင်၊ ဆီးချိုရှိနေရင်၊ ဆီးသွားနှုန်းကို ထိခိုက်စေတဲ့ အခြေအနေတွေ (ဥပမာ ကျောက်ကပ် ကျောက်တည်ခြင်း၊ လေဖြတ်ခြင်း၊ ကျောရိုးမ ထိခိုက်မိခြင်း)။ လူကြီးတွေမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဟာ ဆီးသွားစဉ် ပူလောင် နာကျင်မှု၊ မကြာခဏ ဆီးသွားခြင်း၊ ရုတ်တရက် ဆီးအရမ်းသွားချင်လာခြင်း တွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးသူတွေနဲ့ ကလေးတွေမှာတော့ ဒီလက္ခဏာတွေ မရှိတတ်ပါဘူး။ ဒါကြောင့် ကျွမ်းကျင်သူတွေက အသက်ကြီးသူတွေနဲ့ ကလေးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုသိရှိဖို့ ဆရာဝန်ပြသဖို့ အကြံပြုကြပါတယ်။

• ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသမှု အလုပ်ဖြစ်မဖြစ်ကို သိရှိရန်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသနေတယ်ဆိုရင် ပိုးသတ်ဆေးဟာ ရောဂါပိုးကို ကုသနိုင်သလားဆိုတာကို အိမ်မှာ ဆီးစစ်ကြည့်နိုင်ပါတယ်။ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်တယ်ဆိုရင်တော့ ကိုယ်တိုင် ရောဂါပိုးဝင်မှုကို စစ်ဆေးကြည့်နိုင်ပါတယ်။

• ဆီးအိမ် ရောဂါပိုးဝင်ခြင်း မကြာခဏ ဖြစ်ပွားတဲ့ ကလေးငယ်တွေမှာ စစ်ဆေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေဟာ လက္ခဏာတွေကို မပြောပြနိုင်ပါဘူး။ ဒီကလေးငယ်အတွက် အိမ်မှာ စစ်ဆေးမှုကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ပြုလုပ်သင့်ပါတယ်။

ပြင်ဆင်မှု

Home Test for Urinary Tract Infections ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် အိမ်မှာ စစ်ဆေးမှုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်မဟုတ်တဲ့ ပြဿနာတွေကို လွတ်မသွားမှာ ဖြစ်ပါတယ်။ အိမ်မှာစစ်ဆေးမှုဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရှိမရှိကို စစ်ဆေးနိုင်ပေမယ့် ရောဂါဖြစ်နေတဲ့နေရာကို ညွှန်ပြနိုင်ခြင်း မရှိပါဘူး။

သွေးအဖြေမှာ ရှိတယ်လို့ ပြတာဟာ အမြဲတမ်း ရောဂါပိုးရှိတယ်လို့ မဆိုလိုပါဘူး။ positive အဖြေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်မှာ ဆီးလမ်းကြောင်းရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေရှိပြီး အဖြေက Negative ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ကို ပြသပြီး စမ်းစစ်ပါ။

အိမ်မှာစစ်ဆေးတဲ့ test kit တွေဟာ အမြဲတမ်းရာနှုန်းပြည့် မှန်ကန်ခြင်း မရှိပါဘူး။ စစ်ဆေးမှုမှာ ရောဂါပိုးမရှိဘူးလို့ ပြပြီး ရောဂါလက္ခဏာတွေကို ဆက်လက်ခံစားနေရတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

Home test kit အမျိုးအစား အတော်များများကို အင်တာနက်ပေါ်က မှာနိုင်ပါတယ်။ သင်အင်တာနက်သုံးရင် ဒီ စစ်ဆေးမှုတွေရဲ့ အမျိုးအစား၊ ထုတ်လုပ်သူအမည်ကို ရှာနိုင်ပါတယ်။

Home test kit အချို့ဟာ စစ်ဆေးပြီးရင် အသုံးပြုဖို့ ဆေးတောင့်တွေ၊ အခြားဆေးတွေနဲ့ လာတတ်ပါတယ်။ ဒီဆေးတွေကို သင့်ဆရာဝန် ပြသခြင်းနဲ့ အစားမထိုးနိုင်ပါဘူး။

Home Test for Urinary Tract Infections တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

ဆရာဝန်ညွှန်ကြားချက်မရှိပဲ dipstick test kit တွေကို ဝယ်ယူနိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် အိမ်မှာ စစ်ဆေးနိုင်ပါတယ်။ Test kit အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

စစ်ဆေးမှု

Home Test for Urinary Tract Infections နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

စစ်ဆေးမှု မပြုလုပ်ခင် အနည်းဆုံးလေးနာရီလောက်ကြိုပြီး ဆီးမသွားသင့်ပါဘူး။ မနက်စောစော ပထမဆုံး ဆီးအနည်းငယ်ကို sample ယူခြင်းဟာ ပိုမိုတိကျတဲ့ အဖြေကို ပေးနိုင်ပါတယ်။

ဆီးကို စုဆောင်းပြီး ၁၅ မိနစ်အတွင်း စဆေးသင့်ပါတယ်။ (သို့) ဆီးသွားချိန်မှာ ဆီးလမ်းကြောင်းပေါ်ကို dipstick တင်ပေးနိုင်ပါတယ်။

ထည့်တဲ့ ဘူးရဲ့ ဘေးဘောင်ကို လိင်အင်္ဂါနဲ့ ထိတွေ့ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ အိမ်သာစက္ကူ၊ အမွှေး၊ မစင်၊ ရာသီသွေး၊ အခြား ပြင်ပအရာတွေကို ဆီး sample ထဲ မပါစေဖို့ ဂရုစိုက်သင့်ပါတယ်။

စစ်ဆေးပြီးနောက်

Home Test for Urinary Tract Infections လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ယူထားတဲ့ ဆီး sample ကို test kit package ပေါ်မှာ ပါတဲ့ အညွန်းအတိုင်း ပြုလုပ်စစ်ဆေးသင့်ပါတယ်။

သင့်ဆရာဝန်ဟာ ပုံမှန်မဟုတ်တဲ့ အဖြေတွေကို သိရှိသင့်ပါတယ်။ ဒါမှသာ ဆီးလမ်းကြောင်း ပြဿနာတွေကို လွတ်မသွားမှာ ဖြစ်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း)အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Home Test for Urinary Tract Infections ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Home Test for Urinary Tract Infections နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်စစ်ဆေးမှု

ပုံမှန်

Nitrite dipstick test: Nitrate ကို ဆီးအတွင်းမှာ မတွေ့ရပါဘူး။ ပုံမှန်အဖြေတွေကို Negative လို့ခေါ်ပါတယ်။

Leukocyte dipstick test: သွေးဖြူဥ (leukocytes) တွေကို ဆီးထဲမှာ မတွေ့ရပါဘူး။ ပုံမှန်အဖြေတွေကို Negative လို့ခေါ်ပါတယ်။

ပုံမှန်မဟုတ်

Nitrite dipstick test: Nitrate ကို ဆီးအတွင်းမှာ တွေ့ရပါတယ်။ ဒီအဖြေတွေကို positive လို့ခေါ်ပါတယ်။

Leukocyte dipstick test: သွေးဖြူဥ (leukocytes) တွေကို ဆီးထဲမှာ တွေ့ရပါတယ်။ ဒီအဖြေတွေကို positive လို့ခေါ်ပါတယ်။

သင့်အဖြေဟာ Positive ဖြစ်နေခဲ့ရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement