backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Creatinine Clearance (ခရီအေတနင်းစစ်ဆေးခြင်း)


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံကိုသိခြင်း။

Creatinine clearance ဆိုတာဘာလဲ?

Creatinine စစ်ဆေးချက်ဟာ သင့်ရဲ့ကျောက်ကပ်တွေ နဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။

Creatinine ဆိုတာဟာ သင့်ကြွက်သားတွေ ဇီ၀ ဓါတုလုပ်ငန်းတွေ လုပ်ဆောင်တာကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတု စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသားစာခြင်းအားဖြင့်လည်း အနည်းငယ်ဖြစ်လာနိုင်ပါတယ်။ ကောင်းမွန်တဲ့ ကျောက်ကပ်တွေက creatinine နဲ့ အခြား စွန့်ပစ်ပစ္စည်းတွေကို သွေးထဲကနေ စစ်ထုတ်လိုက်နိုင်ပါတယ်။

စစ်ထုတ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ ဆီးထဲကနေ တစ်ဆင့် ခန္ဓါကိုယ်ပြင်ပကို ရောက်ရှိသွားပါတယ်။ အဲလို ကျောက်ကပ်ကနေ creatinine တွေကို စွန့်ထုတ်ပစ်နိုင်တဲ့ စွမ်းအင်ကို creatinine clearance rate လို့ခေါ်ပြီး glomerular filtration rate( GFR) လို့ခေါ်တဲ့ ကျောက်ကပ်ကို ဖြတ်ပြီး သွေးစီးနှုန်းကို ခန့်မှန်းနိုင်ဖို့ အတွက် အကူအညီပေးနိုင်ပါတယ်။

တကယ်လို့ သင့်ကျောက်ကပ်တွေက ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင် creatinine ပမာဏများလာပြီး သွေးထဲမှာ စုလာနိုင်ပါတယ်။ သွေးထဲမှာရှိတဲ့ creatinine ကိုတိုင်းတာတဲ့ စစ်ဆေးချက်ဟာ သွေးထဲမှာရှိတဲ့ creatinine ပမာဏကို တိုင်းတာပေးပြီး ကျောက်ကပ်က ဘယ်လောက် ကောင်းကောင်း စစ်ထုတ်နိုင်နေတယ်ဆိုတာကိုပါ ခန့်မှန်းနိုင်အောင်ကူညီပေးပါတယ်။ creatinine urine စစ်ဆေးချက်ကတော့ ဆီးထဲမှာ creatinine ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။

ဆရာဝန်တွေက Creatinine test ကို အသုံးပြုပြီး ကျောက်ကပ် လုပ်ငန်းလုပ်ဆောင်နေမှုတွေကို တိုင်းတာနိုင်တဲ့ အဓိက နည်းလမ်း ၂ခု ရှိပါတယ်။

  • Creatinine clearance ဟာ ၂၄ နာရီကျော်စုဆောင်းထားရတဲ့ ဆီးနမူနာထဲမှာ ပါဝင်တဲ့ creatinine ပမာဏကို တိုင်းတာခြင်းအားဖြင့် ကျောက်ကပ်အတွက် အဖြေကို တိတိကျကျ ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်း လုပ်ဆောင်ဖို့အတွက် စစ်ဆေးခံမယ့်သူဟာ တစ်ရက်လုံး ဆီးကို ပလတ်စတစ် ထည့်ခွက်တစ်ခုထဲကို ပေါက်ထည့်ထားရမှာ ဖြစ်ပြီး စစ်ဆေးဖို့ အတွက် ယူလာခဲ့ရမှာပါ။ Creatinine clearance စစ်ဆေးချက်ဟာ အနည်းငယ် မလွယ်ကူပေမယ့် အချို့ကျောက်ကပ်ရောဂါတွေကို ရောဂါအမည်သတ်မှတ်နိုင်ဖို့ ဒီစစ်ဆေးချက်က လိုအပ်ပါတယ်။
  • ဆရာဝန်တွေ တွက်ချက်နည်း တစ်ခုထဲမှာ ထည့်ထားတဲ့ သွေးထဲမှာရှိတဲ့ creatinine ပမာဏတိုင်းတာတာ တစ်ခုတည်းနဲ့ GFR ကို စစ်ဆေးနိုင်ပါတယ်။ တွက်ချက်နည်း မျိုးစုံရှိနိုင်ပါတယ်။ တွက်ချက်နည်းတွေမှာ အသက်၊ လိင် အမျိုးအစား နဲ့ တစ်ခါတစ်ရံ ကိုယ်အလေးချိန် ၊ လူမျိုး တွေကို လည်း ထည့်သွင်းစဉ်းစားရပါတယ်။ သွေးထဲက creatinine ပမာဏ များလာလေလေ ခန့်မှန်း GFR နဲ့ creatinine clearance နည်းလေလေ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ GFR အတွက် သွေးစစ်ဆေးချက်ကို ၂၄ နာရီဆီးစုဆောင်းထားပြီး Creatinine clearance စစ်ဆေးတဲ့ စစ်ဆေးချက်ထက် ပိုပြီး အသုံးပြုနေကြပါတယ်။

အကြောင်းရင်းကို သိခြင်း။

Creatinine clearance ကိုဘာကြောင့် လုပ်ဆောင်ရသလဲ?

A serum creatinine test- သွေးထဲမှာ ရှိနေတဲ့ creatinine ပမာဏ တိုင်းတာပေးသည့် စစ်ဆေးချက် ဟာ သင့်ကျောက်ကပ်တွေက ကောင်းကောင်းအလုပ် လုပ်၊ မလုပ် ဖော်ပြနိုင်ပါတယ်။ creatinine စစ်ဆေးချက်တွေ ဘယ်နှခါလောက် လုပ်သင့်တယ် ဆိုတာကတော့ သင့်ကျောက်ကပ်ပျက်စီးနိုင်ခြေ နဲ့ အခြား နောက်ခံ အခြေအနေတွေ ရှိ၊ မရှိ အပေါ်မူတည်ပါတယ်။

ဥပမာ-

  • သင့်မှာ ဆီးချို အမျိုးအစား ၁ (သို့) ၂ ရှိနေမယ်ဆိုရင် သင့်ဆရာဝန်က creatinine စစ်ဆေးချက်ကို အနည်းဆုံး ၁နှစ် ၁ခါလုပ်ဖို့ အကြံပေးနိုင်ပါတယ်။
  • သင့်မှာ ကျောက်ကပ်ရောဂါရှိတယ်ဆိုရင် ဆရာဝန်က creatinine စစ်ဆေးချက်ကို သင့်ရောဂါအခြေအနေကို စောင့်ကြည့်ဖို့ အတွက် ပုံမှန်လုပ်ဆောင် ဖို့ အကြံပြုနိုင်ပါတယ်။
  • သင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ နာမကျန်းမှုတွေရှိနေတယ်ဆိုရင်- ဥပမာ သွေးတိုးခြင်း၊ (သို့) ဆီးချိုရှိခြင်း။ (သို့) သင်ဟာ သင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ဆေးတွေ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်က creatinine စစ်ဆေးချက်ကို လုပ်ဆောင်ဖို့ ပြောပါလိမ့်မယ်။

ကြိုတင်ပြင်ဆင်ခြင်း။

creatinine clearance စစ်ဆေးချက်အတွက် ဘယ်လိုပြင်ဆင်ထားရမလဲ?

ကျန်းမာရေးစောင့်ရှောက်သူ က သင့်ကို ဒီစစ်ဆေးချက် အတွက် သတ်ရောက်မှုရှိစေနိုင်တဲ့ ဆေးတွေသောက်တာကို ခဏရပ်ထားဖို့ ပြောနိုင်ပါတယ်။ အဲဒီဆေးတွေကတော့

  • Aminoglycosides (ဥပမာ- gentamicin)
  • Cimetidine
  • သတ္တု အသုံးပြုထားသည့် ကင်ဆာရောဂါကုဆေး( ဥပမာ- cisplatin)
  • Cephalosporins ကဲ့သို့ ကျောက်ကပ်ကိုပျက်စီးစေသော ဆေးများ။ ( ဥပမာ- cephalexin)
  • စတီးရွိုက်မဟုတ်သော အယောင်ကျဆေးများ (NSAIDS)
  • Trimethoprim တို့ ဖြစ်ပါတယ်။

စမ်းသပ် စစ်ဆေးခြင်း။

creatinine clearance စစ်ဆေးချက်ကို လုပ်ဆောင်နေစဉ် ဘာတွေဖြစ်နိုင်သလဲ?

ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ :

  • သွေးစီးတာကို ရပ်ဖို့ သင့်ရဲ့ အပေါ်လက်မောင်းမှာ အပတ်တစ်ခုပတ်ပါလိမ့်မယ်။ အဲလိုလုပ်ခြင်းက အပတ်ရဲ့အောက်မှာရှိတဲ့ သွေးပြန်ကြောတွေကို ပိုပြီးကြီးလာအောင် ထင်ရှားလာအောင်လုပ်ပေးနိုင်ပါတယ်။ ဒါမှလည်း သွေးကြောထဲကို အပ်ထိုးထည့် ရတာပိုလွယ်ကူစေမှာပါ။
  • အပ်ထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်စင်အောင်လုပ်ပါမယ်။
  • ပြီးရင် အပ်ကို သွေးကြောထဲ ထိုးပါမယ်။ အပ်တစ်ချောင်းထပ်ပိုပြီး လိုအပ်နိုင်ပါတယ်။
  • သွေးဖြည့်ဖို့ အတွက် ပြွန်တစ်ခုကို အပ်နဲ့ တွယ်ဆက်ထားပါမယ်။
  • သွေးလုံလုံလောက်လောက်ယူပြီးပြီဆိုရင်တော့ လက်မောင်းနားမှာ ပတ်ထားတဲ့ အပတ်ကို ဖယ်လိုက်ပါမယ်။
  • အပ်ကို ထုတ်တဲ့အချိန်မှာ ဂွမ်းစ တစ်ချို့ကို အပ်ထိုးထားတဲ့နေရာမှာ အုပ်ထားပါမယ်။
  • အပ်ထိုးထားတဲ့နေရာမှာ နည်းနည်းဖိထားလိုက်ပြီး အပေါ်က ပလာစတာ ကပ်ထားရပါမယ်။

creatinine clearance စစ်ဆေးချက် လုပ်ပြီးနောက် ဘာတွေဖြစ်နိုင်သလဲ?

အပေါ်လက်မောင်းမှာ အပတ်တစ်ခုပတ်ထားတဲ့ အတွက် အနည်းငယ် တင်းကြပ်တဲ့ ခံစားမှုမျိုးခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့ အတွက် ဘာမှမခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်းခံစားရနိုင်ပါတယ်။

ထိုးပြီး မိနစ် ၂၀၊ ၃၀ အကြာမှာ ဂွမ်းစ၊ ကပ်ထားတဲ့ ပလာစတာ (tape) ကို ခွာနိုင်ပါတယ်။ စစ်ဆေးချက် အဖြေရဖို့ ရက်သတ်မှတ်ပေးလိုက်ပါလိမ့်မယ်။ အဖြေရတဲ့ အခါ ဆရာဝန်က ဒီအဖြေက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းပြပါလိမ့်မယ်။ ဆရာဝန် ပြောတဲ့ အတိုင်းလိုက်နာသင့်ပါတယ်။

creatinine clearance စစ်ဆေးချက် နဲ့ပတ်သတ်ပြီး မေးစရာအချက် တွေရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အဖြေကို သိနားလည်ခြင်း။

စစ်ဆေးချက်အဖြေက ဘာကို ဆိုလိုပါသလဲ?

  • ပုံမှန် ရလဒ် အဖြေများ။

ပုံမှန်ရလဒ်ကတော့ အမျိုးသားတွေ အတွက်-ဝ.၇ မှ ၁.၃ မီလီဂရမ်/ ဒက်ဆီလီတာ ဖြစ်ပြီး အမျိုးသမီးတွေ အတွက်- ဝ.၆ မှ ၁.၁ မီလီဂရမ်/ဒက်ဆီလီတာ ဖြစ်ပါတယ်။

ကျောက်ကပ် လုပ်ငန်းတွေနဲ့ creatinine clearance တွေဟာ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မကောင်းလာတာ ပုံမှန် ဖြစ်ပါတယ်။ ကျောက်ကပ်မှာ အရံ အနေနဲ့ သိမ်းထားနိုင်တဲ့ စွမ်းအင် ပမာဏအများကြီးှရှိပါတယ်။ လူတော်တော်များများဟာ သူတို့ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေရဲ့ ထက်ဝက်ကျော်ကျော်ကို ဘာလက္ခဏာမှ မပြ၊ ဘာပြသနာမှ မဖြစ်လိုက်ပဲ ဆုံးရှုံးသွားကြလေ့ရှိပါတယ်။

အမျိုးသမီးတွေမှာ creatinine ပမာဏဟာ အမျိုးသားတွေ ထက်နည်းလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကြွက်သား နည်းလို့ ဖြစ်ပါတယ်။

အောက်မှာ ဖော်ပြမယ့် ဥပမာတွေကတော့ ဒီစစ်ဆေးချက် အဖြေအတွက် ရနိုင်ခြေများတဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ ပုံမှန်တန်ဖိုးတွေက ဓါတု ဓါတ်ခွဲခန်းတစ်ခု နဲ့ တစ်ခုကြားမှာ အနည်းငယ် ကွာခြားနိုင်ပါတယ်။ တစ်ချို့သော ဓါတ်ခွဲခန်းတွေမှာ မတူညီတဲ့ တိုင်းတာမှုတွေ၊ စစ်ဆေးချက်တွေ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ စစ်ဆေးချက် ရလဒ်အတွက် တိကျတဲ့ အဖြေရဖို့ ဆရာဝန် နဲ့ဆွေးနွေး တိုင်ပင်ရပါမယ်။

  • ပုံမှန်ထက် များသော အဖြေများ။
  • ပုံမှန်အားဖြင့် သွေးထဲမှာ creatinine ပမာဏ များနေခြင်းဟာ သင့်ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုတာကို ဆိုလိုပါတယ်။ ဒါပေမယ့် သင့်မှာ ရေဓါတ်ခမ်းခြောက်နေခြင်း၊ သွေးပမာဏ နည်းနေခြင်း၊ အသားအလွန် အကျွံစားသုံးထားခြင်း၊ (သို့) ဆေးတစ်ချို့ သောက်သုံးထားခြင်း စတဲ့ အခြေအနေတွေရှိနေပါကလည်း ခဏတာ creatinine ပမာဏများနေနိုင်ပါတယ်။ creatinine ဖြည့်စွက်စာတွေကြောင့်လည်း တူညီတဲ့ ရလဒ် ရနိုင်ပါတယ်။

    သင့် သွေးထဲမှာရှိတဲ့ creatinine ပမာဏ ဟာ ပုံမှန်ထက်များနေပြီဆိုရင် ဆရာဝန်က အခြားသွေး၊ ဆီးစစ်ဆေးချက်တွေလုပ်ပြီး အတည်ပြုဖို့ ချင်ရင် ပြုနိုင်ပါတယ်။ ကျောက်ကပ်ပျက်စီးနေမှုကို သံသယရှိနေရင် ပျက်စီးမှုကို ဖြစ်စေနိုင်မယ့် အခြေအနေတွေ အားလုံးကို ထိန်းချုပ်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိထားဖို့ကလည်း အရေးကြီးပါတယ်။

    သွေးပေါင်ချိန်ကို ထိန်းချုပ်ဖို့ တစ်ခါတစ်လေ ဆေးလိုအပ်နိုင်ပါတယ်။ ပျက်စီးပြီးသွားတဲ့ ကျောက်ကပ်ကို ပြန်ပြီးပြုပြင် လို့မရပေမယ့် ကောင်းမွန်တဲ့ ကုသမှုတွေနဲ့ ဆိုရင်တော့ နောက်ထပ် ပျက်စီးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

    • ပုံမှန်အောက် နည်းသော တန်ဖိုးများ။

    သင့်မှာ GFR (သို့) Creatinine clearance ရလဒ်နည်းနေပြီဆိုရင်တော့ ဆရာဝန်က အဲဒီပြသနာကို ဖြေရှင်းဖို့ လုပ်ဆောင်ချက်တစ်ခုခုကို စတင်နိုင်ပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ သွေးတိုးခြင်း နဲ့ ဆီးချိုရှိခြင်း ဖြစ်ပါတယ်။

    သင့်မှာ အဲဒီ အကြောင်းတွေရှိနေပြီဆိုရင် ပထမဆုံးလုပ်ရမှာကတော့ ကောင်းမွန်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေး စတာတွေနဲ့ အဲဒီ အခြေအနေတွေကို ထိန်းချုပ်နိုင်အောင်လုပ်ရမှာပါ။ အဲလို အခြေအနေ( သွေးတိုး၊ ဆီးချို) တွေ မရှိရင်တော့ ကျောက်ကပ်ပျက်စီးရတဲ့ အကြောင်းအရင်းကို ရှာဖို့အတွက် ထပ်ပြီး စစ်ဆေးချက်တွေ လုပ်ဆောင်ရမှာပါ။

    လူအများစုမှာတော့ GFR နဲ့ creatinine clearance အရမ်း မနည်းဘူးဆိုရင်တော့ ကျောက်ကပ်ဆေးဖို့ မလိုပါဘူး။ ဒါပေမယ့် ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှုတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ကျဆင်းလာတာ ဖြစ်တဲ့အတွက် ကျောက်ကပ် လုပ်ငန်းတွေ အားလုံးကို ကာကွယ်နိုင်အောင် စောစောစီးစီးမှာ စစ်ဆေးလုပ်ဆောင်ထားဖို့က အရေးကြီးပါတယ်။

    ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး creatinine clearance စစ်ဆေးချက် အတွက် ပုံမှန်ပမာဏ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement