backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ကဘာလဲ။

ရင်ဘတ်ညှပ်ရိုးဟာ ပုခုံးဘက်ကိုတည့်တည့်ဝင်တိုက်မိလျှင်သော်လည်းကောင်း ၊ လက်ထောက်၍ချော်လဲခဲ့လျှင်သော်လည်းကောင်း ရင်ဘတ်ညှပ်ရိုးကျိုးတတ်ပါတယ် ။ ကားတိုက်ခြင်း သို့ အခြားမတော်တဆဖြစ်ခြင်းများတွင်လည်းရင်ဘတ်ညှပ်ရိုးကို ဒဏ်ရာရစေနိုင်ပါတယ် ။

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ရင်ဘတ်ညှပ်ရိုးကျိုးခြင်းဟာ ဘောလုံးကန်ခြင်း ၊ ဟော်ကီရိုက်ခြင်း နဲ့ အမြင့်ကိုပြုတ်ကျနိုင်သောအားကစားနည်းများ ( စက်ဘီးစီးခြင်း ၊ ရေခဲပြင်လျှောစီးခြင်း ၊ စကိတ်စီးခြင်း)..စသည်တို့တွင်ဖြစ်နိုင်ပါတယ် ။

မွေးကင်စကလေးတွေမှာလည်းဖြစ်တတ်ပါတယ်။ ဒါဟာတော့ တော်တော်ဖြစ်တာရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုရှောင်ရှားခြင်းဖြင့် အရိုးကျိုးခြင်းကို ရှောင်ရှားနိုင်ပါတယ် ။ အသေးစိတ်သိရဖို့ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးလက္ခဏာတွေကတော့….ရင်ဘတ်ညှပ်ရိုးတစ်လျှောက် ရောင်ရမ်းခြင်း ၊ တင်းနေခြင်း ၊ အညိုအမဲများစွဲနေခြင်း။

လက် သို့ ပုခုံးကိုမြှောက်ဖို့ကြိုးစားတိုင်း နာကျင်၍ စူးစူးရှရှအသံကြားသလို ခံစားနေရခြင်း ။

ကျိုးတဲ့နေရာအထက်တွင် ပုံစံပြောင်းနေသည်ကို မြင်ရခြင်း ။

ပုခုံးအတင်အချလုပ်ရတွင် အားနည်းနေခြင်း ။

မွေးကင်းစကလေးတွေမှာဆိုရင် လက်ကိုမလှုပ်နိုင်ကြတာများပါတယ် ။

အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာများလည်း ရှိနိုင်ပါသေးတယ် ။ လက္ခဏာတွေနဲ့ပတ်သတ်ပြီး သိချင်သေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

– အကယ်၍ သင့်ရဲ့လက်ဟာ ထုံနေလျှင် သို့ အပ်နဲ့ထိုးသလိုခံစားနေရလျှင် ။

– အရမ်းနာကျင်နေပြီး ဆေးတွေသောက်သော်လည်းမပျောက်လျှင် ။

– သင့်ရဲ့ပုခုံးဟာပုံပျင်နေ၍ အရိုးဟာ အသားထဲမှထွက်နေလျှင် ။

– သင့်ရဲ့လက်မောင်းတွေကိုမလှုပ်နိုင်လျှင် ။

ဒါတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါပြီ။

အကြောင်းရင်းများ

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သင်ဟာအမြင့်မှပြုတ်ကျနိုင်သော အားကစားများ( ဘောလုံး ၊ ဟော်ကီ ၊ နပန်း ၊ရက်ဂဗီဘောလုံးကစားနည်း)လုပ်နေသည့် အားကစားသမားတစ်ယောက်ဖြစ်လျှင် ညှပ်ရိုးကျိုးခြင်းပိုဖြစ်နိုင်ပါတယ်။

ရင်ဘတ်ညှပ်ရိုးကျိုးခြင်းဟာ ဆယ်ကျော်သက်တွေမှာပိုအဖြစ်များပါတယ် ။ ဒါပေမယ့် သင့်ရဲ့လက်ရှိအသက်မှာမဖြစ်နိုင်ဘူးလို့ပြောတာတော့မဟုတ်ပါဘူး ။

အသက်အလယ်ပိုင်းရောက်လာတဲ့အခါ အရိုးကျိုးခြင်းဟာ ပိုဖြစ်နိုင်ပါတယ် ။

မွေးကင်းစကလေးများ ကိုယ်အလေးချိန်များနေခြင်းဟာလည်း ရင်ဘတ်ညှပ်ရိုးကျိုးခြင်းကို မွေးဖွားနေသည့်အချိန်တွင် ဖြစ်နိုင်ချေပိုများပါတယ် ။

ဖြစ်နိုင်ခြေများ

သင့်ခန္ဓါကိုယ်အကြောင်းကိုလေ့လာပါ ကျောက်ကပ်များအကြောင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ညှပ်ရိုးကျိုးခြင်းကို သိရဖို့ ဆရာဝန်ဟာ ခံစားရတဲ့လက္ခဏာတွေနဲ့ ဒဏ်ရာရခဲ့တဲ့ပုံစံကိုမေးမြန်းပါလိမ့်မယ် ။ ထို့နောက်အာရုံကြောများထိခိုက်မှုရှိခဲ့လျှင် ဆရာဝန်ဟာ သင်ဘယ်လိုခံစားနေရတယ်ဆိုတာနဲ့သင့်ရဲ့လက်မောင်း ၊လက်ဖျံ နဲ့လက်ချောင်းများရဲ့ကြံခိုင်မှုကိုစစ်ဆေးပါလိမ့်မယ် ။

အကယ်၍ သင့်တွင်ရင်ဘတ်ညှပ်ရိုးကျိုးနေပြီလို့သံသယရှိရင်တော့ ဆရာဝန်ဟာ နောက်ထပ်ရှာဖွေစစ်ဆေးမှုတွေလုပ်ဖို့အတွက် ဓါတ်မှန်ရိုက်ခိုင်းပါလိမ့်မယ် ။

ဓါတ်မှန်ဟာ ကျိုးနေတဲ့ရင်ဘတ်ညှပ်ရိုးပုံကိုပြသနိုင်ပြီးတော့ သူ့ရဲ့နေရာ ၊ ဘယ်လောက်ပြင်းထန်တယ် သို့ အခြားအရိုးများကျိုးခြင်း ရှိမရှိကို ပြသနိုင်ပါတယ်။ အချို့ကိစ္စများတွင် အခြားအရိုးများကျိုးနေခြင်း သို့ ဆရာဝန်ဟာ ကျိုးနေတဲ့အရိုးကိုအသေးစိတ်မြင်ချင်လျှင်CT scan ရိုက်ခြင်း ဆက်လက်ပြုလုပ်ပါလိမ့်မည် ။

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

အများဆုံးကုသတဲ့နည်းလမ်းတွေကတော့…

ရေခဲကပ်ခြင်း ။ ကျိုးနေတဲ့အရိုးရဲ့ပတ်လည်မှာရေခဲထုပ်လေးများကပ်ပေးခြင်းဟာ နာကျင်မှုကိုသက်သာစေပါတယ် ။ ဒီလိုလုပ်ခြင်းဟာ ဒဏ်ရာရပြီးပထမ ၁ ရက်ကနေ ၃ ရက်နေ့အထိလိုအပ်ပါတယ် ။

လက်မောင်းကို အထောက်အကူပြုခြင်း ။ သင့်ရဲ့လက်မောင်းကိုမလှုပ်ရှားစေရန် ဆရာဝန်ဟာ လည်သိုင်းကြိုးကို အသုံးပြုနိုင်ပါတယ် ။ ဒါဟာသင့်ရဲ့ရင်ဘတ်ညှပ်ရိုး ပြတ်ဆက်သည့်တိုင်အောင် နေရာလွဲခြင်းမှကာကွယ်ပေးပါတယ် ။

ဆေးကုသမှုများ ။ တခါတရံမှာ ရောဂါပိုးဝင်မှုတွေ ၊နာကျင်မှုတွေအတွက် ဆေးပေးဖို့လိုအပ်ပါတယ် ။

လေ့ကျင့်ခန်းများနှင့်ကုသမှုများ ။ သင့်ရဲ့လက်မောင်းကိုမလှုပ်ပဲအကြာကြီးထားပြီးတဲ့အခါမှာ စလှုပ်ရှားလျှင် ခက်ခဲနေတတ်ပါတယ် ။ သင့်ရဲ့အရိုးပြန်ဆက်ပြီး၍ ပတ်တီးစည်းထားဆဲအချိန်မှာ အပျော့စားလေ့ကျင့်ခန်းလေးတွေလုပ်ခြင်းဟာ တောင့်တင်းမှုများကို သက်သာစေပါတယ် ။

နေထိုင်မှုပုံစံများပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ ။

အားကစားလုပ်ရာတွင်အကာအကွယ်ပစ္စည်းများဝတ်ဆင်ခြင်း ၊

– အားကစားလုပ်တဲ့အခါမှာပြုတ်ကျခြင်းတွေကို ဘယ်လိုနည်းအောင်လုပ်ရမလဲဆိုတာသင့်ရဲ့နည်းပြကို မေးမြန်းခြင်း ။

– သင့်ရဲ့အရိုးများကို သန်မာစေတဲ့vitamin D နှင့် calcium ပါဝင်သောအစားအစာများ စားသုံးခြင်း ။

ဒါတွေဟာရင်ဘတ်ညှပ်ရိုးကျိုးခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသေးစိတ်သိရဖို့တော့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်သင့်ပါတယ် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement