backup og meta

Blepharoplasty (မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဆိုတာဘာလဲ

    မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဆိုတာအပေါ်မျက်ခွံဖြစ်စေ၊ အောက်မျက်ခွံဖြစ်စေ၊ ၂ခုစလုံးဖြစ်စေ ကြည့်ကောင်းအောင် ပြုပြုင်ခြင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်ခွံများဟာပိုရှည်လာပြီးမျက်ခွံကြွက်သားများအားနည်းလာပါတယ်။ အကျိုးဆက်အနေနဲ့ အဆီဓါတ်ဖြစ်စေတဲ့ တစ်သျှူးတွေ စုလာပြီးမျက်ခွံတွေ မို့လာစေပါတယ်။

    အသက်ကြီးလာခြင်းကြောင့် ရင့်ရော်လာရုံသာမကမျက်ခွံတွေဖောင်းမို့လာတဲ့အခါ မြင်ကွင်းကိုပါ ကျဉ်းလာစေပါတယ်။ အထူးသဖြင့် အပေါ်ပိုင်း မြင်ကွင်းဟာကျဉ်းလာပါတယ်။ မျက်ရစ်ဖော်ခွဲစိတ်ခြင်းကြောင့် မြင်ကွင်းကျဉ်းလာတဲ့ ပြဿနာကိုဖြေရှင်းပေးတဲ့အပြင် သင့်မျက်လုံးကိုပိုမိုနုပျိုသွားစေပြီးဆွဲဆောင်မှုရှိလာစေပါတယ်။

    မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဘယ်အချိန်မှာခံယူသင့်သလဲ

    သင့်မျက်ခွံတွေဟာမျက်လုံးကောင်းကောင်းမပွင့်နိုင်အောင် ပိတ်လာရင်၊ အပေါ်မျက်ခွံတွဲကျလာရင် မျက်ရစ်ဖော်ခွဲစိတ်ခြင်း ပြုလုပ်သင့်ပါတယ်။ မျက်ခွံတွေဆီကနေပိုနေတဲ့ တစ်သျှူးတွေကိုဖယ်ထုတ်လိုက်ရင် သင့်မြင်ကွင်းပိုကောင်းသွားပြီးမျက်လုံးဟာ နုပျိုပြီးဆွဲဆောင်မှုရှိလာမှာ ဖြစ်ပါတယ်။

    ဒီခွဲစိတ်မှုကိုအောက်ပါအခြေအနေတွေမှာ ပြုလုပ်သင့်ပါတယ်။

    • အပေါ်မျက်ခွံများငိုက်ကျပြီးဖောင်းနေခြင်း
    • အပေါ်မျက်ခွံမှ အရေပြားဟာသင့်ဘေးဘီမြင်ကွင်းကိုပိတ်ဆို့နေခြင်း
    • အောက်မျက်ခွံများတွဲကျလာပြီးသူငယ်အိမ် အောက်ပိုင်းကို မြင်နေရခြင်း
    • အပေါ်မျက်ခွံတွင် အရေပြားများပိုနေခြင်း
    • မျက်လုံးအောက်ဝန်းကျင်တွင် ဖောင်းမို့နေခြင်း

    မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းမခံယူခင် ဘာတွေသိထားသင့်သလဲ

    ဤ ခွဲစိတ်မှုသည်ပလတ်စတစ်ဆာဂျရီတမျိုးပါပဲ။ ဆိုးရွားပြီး ကြာရှည်တဲ့ ပြဿနာတွေ သိပ်မရှိပေမယ့် တခါတလေနောက်ဆက်တွဲပြသနာတချို့ ရှိပါတယ်။ မျက်လုံးတဝိုက်မှာ ခွဲစိတ်တာ ဖြစ်တာကြောင့် တခြား ပြုပြင်ခွဲစိတ်မှုတွေထက် နောက်ဆက်တွဲပြသနာပိုရှိတတ်ပါတယ်။

    မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းကိုအောက်မျက်ခွံခွဲစိတ်ခြင်းနဲ့ သီးခြားလုပ်ဆောင်ပါတယ်။ ၂မျိုးစလုံးအတွက် ပြင်ဆင်ရပါမယ်။ မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဟာမျက်လုံးအောက်ခြေကအမည်းစက်တွေကိုဖယ်ရှားနိုင်ခြင်း၊တွဲကျလာတဲ့ မျက်ခုံးကိုပင့်တင်နိုင်ခြင်း၊ မျက်လုံးဘေးကကျီးကန်းခြေထောက်အရေးအကြောင်းများကိုဖယ်ရှားနိုင်ခြင်းစတာတွေ မလုပ်ပေးနိုင်ပါဘူး။

    ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    မျက်ရစ်ဖော် ခွဲစိတ်ခြင်းမလုပ်ခင် ဘာတွေလုပ်သင့်သလဲ

    ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ သင့်မျက်ခွံတွေကို လှုပ်ရှားမှုမရှိတော့အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆရာဝန်ဟာ ခွဲစိတ်မှုမတိုင်မီအစာစားခြင်း၊ ရေသောက်ခြင်းရပ်တန့်ထားဖို့ ပြောပါလိမ့်မယ်။ အများအားဖြင့် ဒီအစီအစဉ်မတိုင်မီ ၆နာရီအလိုက စပြီးအစာမစားရတော့ပါဘူး။ သင့်မေ့ဆေးဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကိုလိုက်နာဖို့ အရေးကြီးပါတယ်။ မျက်ခွံတွေလှုပ်ရှားမှု မရပ်လိုက်ခင် ၂၄နာရီလောက်အလိုမှာ အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းမလုပ်ရပါ။

    မျက်ရစ်ဖော် ခွဲစိတ်ခြင်းရဲ့ ပုံမှန်အဆင့်တွေကဘာတွေလဲ

    ခွဲစိတ်မှုဟာအသေးစိတ်အခြေအနေအလိုက် ကွဲပြားပေမယ့်ယေဘုယျအားဖြင့် ခွဲစိတ်ဆရာဝန်ဟာ အပေါ်မျက်ခွံရဲ့ တွဲကျခြင်းကိုခွဲစိတ်ပြုပြင်ပါလိမ့်မယ်။ မျက်တောင်အောက်ပိုင်းနဲ့ အောက်မျက်ခမ်းအတွင်းပါ ခွဲစိတ်ပါလိမ့်မယ်။ အောက်မျက်ခမ်းအတွက် အောက်ပါအချက်တွေကိုလုပ်ဆောင်ပါလိမ့်မယ်။

    • ပိုနေသောအရေပြားကိုဖယ်ထုတ်ခြင်း၊ အဆီပိုများဖယ်ရှားခြင်း
    • အောက်ခြေကြွက်သားများကိုလိုအပ်လျှင် ချုပ်ပြီးတောင့်တင်းစေခြင်း
    • ခွဲစိတ်ရာများကို သဘာဝအရေပြား အတွန့်အခေါက်ထဲတွင် ဖုံးထားပေးခြင်း
    • ချုပ်ရိုးများ၊ ခွဲစိတ်သုံးတိပ်များ၊ ကော်များဖြင့် ခွဲစိတ်ရာကိုပိတ်ပေးခြင်း

    အသားကပ်ကော်ဟာတစ်သျှူးအလွှာတွေကိုခွဲစိတ်နေစဉ် စုစည်းထားပြီးသွေးခြေဥခြင်းနည်းအောင် သုံးပါတယ်။ လူရဲ့သွေးရည်ကြည်ကပဲထုတ်လုပ် ထားပါတယ်။ အသုံးမပြုခင် အသည်းရောင်ခြင်း၊ ကာလသားရောဂါ၊ HIV စတဲ့ ကူးစက်ခြင်းတွေရှိမရှိအရင်စစဆေးပါတယ်။ တခြားဖြစ်နိုင်ခြေဗိုင်းရပ်စ်ပိုးကူးစက်ခြင်းတွေကိုကာကွယ်နိုင်ဖို့ အပူပေးထားပါတယ်။

    အသားကပ်ကော်ကို နှလုံးနဲ့ အထွေထွေခွဲစိတ်ကုသခြင်းတွေအတွက် နှစ်ပေါင်းများစွာဘေးကင်းကင်းနဲ့ သုံးခဲ့ကြပါတယ်။

    မျက်ရစ်ဖော် ခွဲစိတ်ခြင်းအပြီးဘာတွေလုပ်သင့်သလဲ

    ခွဲစိတ်ပြီးတဲ့နေ့မှာအိမ်ကို ပြန်နိုင်ပါတယ်။

    ပထမတပတ်မှာ ကြီးကြီးမားမားအားစိုက်ရတဲ့ လှုပ်ရှားမှုတွေ ဥပမာခေါင်းအရမ်းငုံ့တာရှောင်ကြဉ်ပါ။ အိပ်တဲ့အခါ ခေါင်းမြင့်အောင် ခေါင်းအုံးကိုပိုမြှင့်ပေးပါ။

    ရက်သတ္တပတ်ပေါင်းများစွာအထိ မျက်လုံးတဝိုက် အလှပြင်ခြင်း၊ အရက်သောက်ခြင်းရှောင်ကြဉ်ပါ။

    သိလိုတဲ့အချက်တွေရှိရင် ပိုမိုသိနိုင်အောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဘယ်လိုနောက်ဆက်တွဲပြဿနာတွေရှိနိုင်လဲ

    ခွဲစိတ်မှုတိုင်းမှာနောက်ဆက်တွဲပြသနာတွေ ရှိတတ်ပါတယ်။ မျက်ရစ်ဖော်ခွဲစိတ်ရာမှာအောက်ပါအချက်တွေ တွေ့ရတတ်ပါတယ်။

    • မေ့ဆေးဓါတ်မတည့်ခြင်းနှင့် သေဆုံးခြင်း (ရှားပါတယ်)
    • ခွဲစိတ်မှုကြောင့် သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊
    • သွေးခဲခြင်းကြောင့် နှလုံးနှင့် ပတ်သက်သည့် ပြသနာများဖြစ်ပေါ်ခြင်း (ဥပမာ နှလုံးသွေးကြောသွေးခဲပိတ်ခြင်း၊ လေဖြတ်ခြင်း)
    • ခေတ္တ သို့ အမြဲတမ်းအရေပြားထုံခြင်း
    • မြင်ကွင်းေဝဝါးမှု ယာယီဖြစ်ခြင်း
    • မျက်သားခြောက်ခြင်း၊ သို့ မျက်ရည်အကျများခြင်း
    • မျက်လုံးပိတ်ရခက်ခြင်းဥပမာအိပ်စက်ချိန်တွင် အပေါ်မျက်ခွံပွင့်နေတတ်ခြင်း
    • အောက်မျက်ခွံယာယီတွဲကျခြင်း
    • အောက်မျက်ခွံကြီးပြီးအပြင်သို့ထွက်ခြင်း
    • အပေါ်မျက်ခွံအနေအထားမမှန်ခြင်းနှင့် ဆက်စပ်၍ ရောဂါဖြစ်ခြင်း။ (မျက်ခုံးနဲ့ နဖူးအရေပြားပါ ပါဝင်လာတတ်ပါတယ်)
    • အောက်မျက်ခွံရောင်လာရာမှ မျက်လုံးကိုထိခိုက်စေခြင်း
    • မျက်လုံးအတွင်းသို့ ချိုင့်ဝင်ခြင်း၊ အဆီများစုလာပြီးပုံပန်းမကျခြင်း
    • အနာရွတ်ရောင်ခြင်း၊ ယားခြင်း
    • မျက်လုံးအနောက်ဘက် သွေးထွက်ခြင်း
    • အမြင်အာရုံ ချို့ယွင်းခြင်း၊ ကွယ်ခြင်း
    • နောက်ဆက်တွဲပြဿနာများကုသရန် ထပ်မံခွဲစိတ်ကုသရန် လိုအပ်ခြင်း

    ဒီအချက်တွေဟာအားလုံး မပါဝင်သေးပါဘူး။ ရောဂါဖြစ်စဉ်နဲ့ နေထိုင်မှုပုံစံပေါ် မူတည်ပြီးနောက်ဆက်တွဲပြသနာဖြစ်နိုင်ခြေတွေ များနိုင်ပါတယ်။ သင့်ရဲ့ အခြေအနေကို ဆရာဝန်ကိုပြောပြပါ။

    နောက်ဆက်တွဲပြသနာများကိုပိုမိုသိလိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement