backup og meta

Arthroscopy Of Your Shoulder (ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဆိုတာ ဘာလဲ

    ဒီနည်းဟာ သင့်ရဲ့ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ရဲ့ပခုံးအတွင်း ခွဲစိတ်ရာကြီးကြီးမားမား မပေးရဘဲ ရောဂါရှာဖွေနိုင်၊ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းနဲ့ဆိုရင် နာကျင်မှုကို သက်သာစေပြီး နေကောင်းတာလည်း မြန်ပါတယ်။ အရေပြားမှာ သော့ပေါက်လောက်ပဲရှိတဲ့ အပေါက်ဖောက်ပြီး ပခုံးသားထဲကို မှန်ဘီလူးထည့်ကာ စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီး တချို့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။

    ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဘာကြောင့် ပြုလုပ်သလဲ

    ဒီနည်းလမ်းဟာ ဘာရောဂါရှိတယ်ဆိုတာကို အတည်ပြု နိုင်ပြီး လူအများမှာတော့ ကုသမှုကိုပါ တပြိုင်တည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပခုံးမှာဖြစ်တဲ့ တချို့ ပြသနာတွေအတွက် သုံးနိုင်ပါတယ်။

  • အရိုးနု (သို့) အရွတ် စုတ်ပြဲခြင်း၊ ထိခိုက်ခြင်း
  • ပခုံးဆစ်မငြိမ်ခြင်း၊ လျော့ရဲခြင်း၊ လျှောကျခြင်း၊ အဆစ်ပြုတ်လွယ်ခြင်း
  • လက်မောင်း Bicep ကြွက်သားအရွတ် စုတ်ပြဲခြင်း၊ ထိခိုက်ခြင်း
  • ပခုံးလည်ပတ်ရန် ထိန်းပေးသော အရွတ် ပျက်စီးခြင်း
  • ပခုံးပတ်လည်ကြွက်သားတဝိုက် ရောင်ရမ်းခြင်း၊ အရိုးအတက်ထွက်ခြင်း
  • အဆစ်အားဖုံ့းအုပ်ထားသည့် အလွှာရောင်ခြင်း၊ ပျက်စီးခြင်း (လေးဘက်နာအဆစ်ရောင်ခြင်းကြောင့် ဖြစ်တတ်သည်။)
  • ညှပ်ရိုးအစွန်းပိုင်းရှိ အဆစ်ရောင်ရမ်းခြင်း
  • တစ်သျှူးများလျော့ရဲ၍ ဖယ်ရှားရန်လိုခြင်း
  • ပခုံးဆစ်လှုပ်ရှားလျှင် နာကျင်သောကြောင့် ပုံမှန် လှုပ်ရှားနိုင်ရေးအတွက် နေရာပြုပြင်ပေးရန် လိုခြင်း
  • ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေက ဘာတွေလဲ

    အရိုးနုစုတ်ပြဲခြင်းကို ပြုပြင်ဖို့ခွဲစိတ်ခြင်းဟာ ပခုံးကို ပိုပြီး တည်ငြိမ်စေပါတယ်။ လူအများဟာ လုံးဝသက်သာ ပျောက်ကင်းပြီး ပခုံးဟာ ငြိမ်သွားပါတယ်။ တချို့ကတော့ ဒီကုသခြင်းပြုလုပ်ပြီးချိန်မှာတောင် ပခုံးဟာ သိသိသာသာ ကောင်းမသွားပါဘူး။ ပခုံးပတ်လည်က ကြွက်သားများ၊ အရွတ်များ ထိခိုက်ရောင်ရမ်းခြင်းမှာ ဒီကုသခြင်းဟာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ယခင်ကလို အင်ပြည့်အားပြည့်လုပ်ဆောင်နိုင်ဖို့ မသေချာပါဘူး။ အောက်ပါဘေးထွက်ဆိုးကျိုးတွေကို သတိပြုသင့်ပါတယ်။

    • အဆစ်အတွင်း သွေးယိုခြင်း
    • ပခုံးဆစ်တွင် ရောဂါပိုးဝင်ခြင်း
    • ပြင်းထန်စွာ နာကျင်ခြင်း၊ တောင့်တင်းခြင်း၊ လက်ကို အသုံးမပြုနိုင်တော့ခြင်း
    • အာရုံကြောများ ထိခိုက်ခြင်း

    ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းကို မပြုလုပ်မီ ဘာတွေပြင်ထားရမလဲ

    မေ့ဆေးပေးပြီး ခွဲစိတ်ပါလိမ့်မယ်။ ခွဲစိတ်မှုမတိုင်မီ လိုက်နာရန်အချက်တွေ (ဘယ်နှနာရီထိ အစာစားနိုင်တယ် ဆိုတာမျိုး) သင်သိအောင် ပြောပြပါလိမ့်မယ်။ အများအားဖြင့် ဒီအစီအစဉ်မတိုင်မီ ၆နာရီအလိုက စပြီး အစာမစားရတော့ပါဘူး။ ခွဲစိတ်မှုမတိုင်မီ နာရီအနည်းငယ်အထိ အရည်တမျိုးမျိုး သောက်နိုင်ပါတယ်။

    ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ

    ခွဲစိတ်မှုဟာ မိနစ် ၄၀ ထိ ကြာနိုင်ပါတယ်။

    ခွဲစိတ်ဆရာဝန်ဟာ ပခုံးဆစ်ဝန်းကျင်မှာ ၂နေရာကနေ ၄နေရာခန့်အထိ ခွဲပါလိမ့်မယ်။ ပြီးရင် ခပ်သေးသေး မှန်ဘီလူးတခုကို ခွဲထားတဲ့နေရာကနေ အဆစ်အတွင်းကို ထည့်သွင်းပါလိမ့်မယ်။

    တခြားနေရာကနေ ခွဲစိတ်ကိရိယာကို ထည့်သွင်းပြီး ပြသနာရှိတဲ့နေရာတေါကို ကုသနိုင်ပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ခွဲစိတ်ပြီး ဘာတွေဖြစ်နိုင်သလဲ

    ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။

    ကာယကုထုံး ကျွမ်းကျင်သူဟာ သင့်ကို သက်သာ လာစေဖို့ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမယ် ဆိုတာ ပြောပါလိမ့်မယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ၃လလောက် အထိ ကြာနိုင်ပါတယ်။

    လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်ရှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    လူအများစုဟာ သက်သာကောင်းမွန်ပေမယ့် နာကျင်မှုကို သက်သာစေဖို့၊ လှုပ်ရှားမှု တိုးတက်လာစေဖို့ အချိန်တော့ ယူရပါတယ်။ တခါတလေ လက္ခဏာတွေ ပြန်ပေါ်လာတတ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement