backup og meta

နှလုံးရောဂါကုသမှုများ- ဘဝကိုပြောင်းလဲပေးသော နည်းပညာသစ်များ ပေါ်ထွက်လာခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးရောဂါကုသမှုများ-  ဘဝကိုပြောင်းလဲပေးသော နည်းပညာသစ်များ ပေါ်ထွက်လာခြင်း

    နှလုံးရောဂါများသည် ကမ္ဘာတစ်ဝှမ်းသေဆုံးမှုများကို ဖြစ်စေသောအကြောင်းရင်းများအနက် ထိပ်ဆုံးတွင်ပါဝင်သည်။ ယခုလက်ရှိတွင် လူပေါင်း ၅.၇သန်းနီးပါးသည် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ၏ ခြိမ်းခြောက်မှုကိုခံနေရသည်။ သို့သော် ၂၁ရာစုသည် နှလုံးအထူးကုပညာရပ်ဝန်းအတွက် ထူးဆန်း အံ့ဖွယ်များကို မျက်မြင်ပြသနေပေပြီ။ ခေတ်မီနည်းပညာ၏ အကူအညီဖြင့် သမားတော်များယခင်ကမဖြစ်နိုင် ဟုယူဆခဲ့သော နှလုံးရောဂါကုသမှုများကို ယခုပြုလုပ်နိုင်နေပြီ။ အောက်ဖော်ပြပါတို့သည် လူအများ၏နှလုံး များကို လင်းလက်စေခဲ့သော ပေါ်ထွန်းလာသော နည်းပညာသစ်အချို့ ဖြစ်ပါတယ်။

    နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း- နှစ်စဉ် အသက်ပေါင်း ၂၈၇,၀၀၀ ခန့်ကိုနှုတ်ယူနေသော အဓိက တရားခံအဖြစ်သိထားကြသည်။ တင်းကျပ်နေသောသွေးကြောများကြောင့် နှလုံးသည် ခန္ဓါကိုယ် အနှံ့အပြားသို့ သွေးများညှစ်ထုတ်ပေးရာတွင် ပြဿနာရှိနေလျှင် ဤအခြေအနေဖြစ်လာပြီး တဖြည်းဖြည်း ရပ်သွားနိုင်သည်။ ယမန်နှစ်က အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အန်ထရက်စတို (Entresto)ဟုခေါ်သော ဆေးသစ်တစ်မျိုးကို အသိအမှတ်ပြုပေးခဲ့သည်။ ၎င်းသည်နှလုံးကိုပျက်စီးစေသော အင်ဇိုင်းများကို တားဆီးပေးပြီး သွေးကြောများကျဉ်းခြင်းကို ကာကွယ်ပေးသော ဗယ်လ်ဆာတန် (valsarton)နှင့် ဆာကူဘီထရေးလ် (sacubitril) ဆေးနှစ်မျိုးကိုပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်း ဆေးသည် သေဆုံးမှုနှုန်းကို ၂၀ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်သည်ဟု သတင်းပေးပို့ထားကြသည်။ အဖြစ် များသည့် ဘေးထွက်ဆိုးကျိုးများမှာ သွေးပေါင်ကျခြင်း၊ ကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် သွေးထဲတွင် ပိုတက်ဆီယမ်ပမာဏများလာခြင်း တို့ဖြစ်သည်။

    ဆီးချိုရောဂါနှင့် နှလုံးရောဂါ- ဆီးချိုရောဂါသည် သွေးတွင်းသကြားဓါတ်များခြင်းကိုဖြစ်စေပြီး ခန္ဓါကိုယ်ရှိအင်္ဂါများကို ပျက်စီးစေသည်။ ဆီးချိုရောဂါရှိသည့် နှလုံးရောဂါဝေဒနာရှင်များသည် ဆီးချိုရောဂါ မရှိသူများထက် သေဆုံးနိုင်သည့်အန္တရာယ်ပိုများသည်။ EMPG-REG ဟုခေါ်သော ဆေးအသစ်တစ်မျိုးသည် ဆီးချိုရောဂါနှင့်ပတ်သက်သည့် ရုတ်တရက်နှလုံးထိခိုက်မှုနှင့် လေဖြတ်ခြင်းအန္တရာယ်များကိုလျှော့ချနိုင် သည်ဟုသိရသည်။ အကျိုးဆက်အားဖြင့် ၂၀၁၅ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုတွင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကြောင့် သေဆုံးမှုသည် သုံးပုံတစ်ပုံခန့်လျော့ကျသွားသည်ဟု ဖော်ပြထား သည်။ ဘေးထွက်ဆိုးကျိုးများမှာ သွေးပေါင်ကျခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။

    နှလုံးနှိုးစက်အသေးစားများ-အစဉ်အလာအရ

    နှလုံးရောဂါရှိသူများသည် နှလုံးခုန်ခြင်းကို ထိန်းညှိ ပေးရန်နှလုံးနှိုးစက်များသုံးရန်ရွေးချယ်ရလေ့ရှိသည်။ ဤကိရိယာကို ခွဲစိတ်၍နှလုံးတွင်းသို့ထည့်ကာ ဝိုင်ယာကြိုးများဖြင့် နှလုံးနှင့်ချိတ်ဆက်ထားသည်။ သို့သော် သမားတော်များနှင့် လူနာများကဝိုင်ယာကြိုး များပြုတ်ထွက်သွားမည်ကိုလည်းကောင်း၊ ကိရိယာတွင်ပိုးဝင်မည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ကိရိယာ ၏အရွယ်အစားမှာလည်း မသေးငယ်လှသောကြောင့် အရေပြားတွင်ဖောင်းနေစေသည်။

    ဤစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သင်၏လက်ချောင်းထိပ်လောက် အရွယ်အစားရှိသော သေးငယ်သည့်နှလုံးနှိုးစက်အသစ် ထွက်ပေါ်လာခဲ့သည်။ ဤသေးငယ်သောနှလုံးနှိုးစက် (Nanostim)ကို နှလုံးထဲသို့ သေးငယ်သောပြွန်ကို အသုံးပြု၍ ထည့်နိုင်သည်။ ၎င်း၏သေးငယ်လှသောပုံစံကြောင့် သင်၏ရင်ဘတ်ပေါ်တွင် စက်တစ်ခုကို သယ်ဆောင်ထားရသကဲ့သို့ ခံစားရတော့မည်မဟုတ်ပေ။ မကောင်းသည့်အချက်မှာ ၎င်းသည်ပြုတ်ထွက်နိုင် ပြီး နှလုံးကိုထိုးဖောက်သွားနိုင်သည်။ ထို့ပြင် နှလုံးအခန်းငယ်တစ်ခန်းထက်ပို၍ ၎င်းကိရိယာတပ်ရန်လိုအပ် နေသောလူနာများအတွက် မသင့်တော်ပါ။ ပိုမိုကောင်းမွန်သောရလဒ်များထွက်ပေါ်လာစေရန် သုတေသန များပြုလုပ်နေဆဲဖြစ်သည်။

    ပင်မသွေးလွှတ်ကြော အဆို့ရှင် အစားထိုးကုသမှု(Aortic valve replacement)-

    ယေဘုယျအားဖြင့် အဆို့ရှင်အစားထိုးကုသမှု ပြုလုပ်ရမည်ဆိုပါက နှလုံးဖွင့်ရသည့်ခွဲစိတ်မှုလိုအပ်သည်။ သို့သော် နှလုံးခွဲစိတ်မှုခံယူရန် အန္တရာယ်များ သောလူနာများအတွက် ဤသတင်းသည် သတင်းကောင်းဖြစ်သည်။ လူတစ်ဦး၏ရင်ဘတ်ကိုဖွင့်၍ ခွဲစိတ်စရာမလိုဘဲ ပင်မသွေးလွှတ်ကြောအဆို့ရှင်အစားထိုးခြင်း (trans-catheter aortic valve replacement (TAVR)) ဟုခေါ်သည်။ အဆို့ရှင်ကို ပေါင်ခြံမှတဆင့် ပေါင်သွေးလွှတ်ကြောကိုဖြတ်၍ ထည့်သွင်းနိုင်သကဲ့သို့ ရင်ဘတ်တွင်သေးငယ်သောခွဲကြောင်းလေး ပြုလုပ်၍လည်းထည့်သွင်းနိုင်သည်။ အစားထိုးသောအဆို့ရှင်သည် ခေါက်၍ရသောကြောင့် နောက်ပိုင်းတွင်ပြန်ဖြန့်၍လည်းရသည်။ သို့သော် ၎င်းသည်စမ်းသပ်ပြုလုပ်ဆဲကာလဖြစ်သောကြောင့် လေဖြတ်နိုင်ခြင်း၊ သွေးကြောများပျက်စီးနိုင်ခြင်း စသည့် အန္တရာယ်များရှိနိုင်သည်။ ၎င်းသည် နောက်ထပ်နှလုံးခွဲစိတ်မှုမပြုလုပ်နိုင်တော့သော လူနာအတွက် နောက်ဆုံးရွေးစရာနည်းလမ်းအဖြစ် ရွေးချယ်ရန်သာကောင်းသည်။

    အဝေးမှထိန်းချုပ်နိုင်သည့် အဆင့်မြင့်နှလုံးစောင့်ကြည့်ကိရိယာ၊ ကိုလက်စထရော (သွေးတွင်း အဆီဓါတ်)ကျစေသောဆေးများ၊ မီးဖွားပြီးချိန် သတိပြုရမည့် နှလုံးရောဂါလက္ခဏာများအတွက် အသေးစိတ် လမ်းညွှန်ချက်အသစ်၊ နှလုံးဆဲလ်ပြန်လည်မွေးဖွားခြင်း (ဓါတ်ခွဲခန်းတိရစ္ဆာန်များတွင် အောင်မြင်စွာစမ်းသပ်ပြီး) နှလုံးကို ၃ဖက်မြင်ဓါတ်မှန်ရိုက်ခြင်း စသည်ဖြင့် နှလုံးရောဂါကုသရာတွင် နောက်ထပ်ထိုးဖောက်ကျော်လွှားမှုများစွာရှိသေးသည်။ သုတေသနများထပ်လုပ်ရန် လိုအပ်သေးသော် လည်း ကုသ၍မရနိုင်သည့်ရောဂါရှိသူများအတွက် အလွန်ကောင်းမွန်သောအနာဂတ်ရှိနေပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement