backup og meta

သိုင်းရွိုက်ဟော်မုန်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း ဆက်နွယ်မှု

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ဟော်မုန်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း ဆက်နွယ်မှု

    သင်၏ခန္ဓါကိုယ်ဘယ်လိုအလုပ်လုပ်နေသလဲ၊

    သင်၏နှလုံးခုန်နှုန်းသည် အခြားသူများထက် ဘာကြောင့်နှေးနေလဲ၊ သင်သည်အစားစားပြီး ၂ နာရီအကြာတွင် ဗိုက်ဆာသလိုဘာကြောင့် ပြန်ခံစားရသလဲဆိုတဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ဖူးပါသလား။ ၎င်းတို့သည် ဇီဝရုပ်ဖြစ်ပျက်ခြင်းကြောင့်ဖြစ်သည်။ ဤဖြစ်စဉ်တွင် သိုင်းရွိုက်ဟော်မုန်း ပါဝင်သည်။ ၎င်းဟော်မုန်းများသည် အသေးငယ်ဆုံးဖြစ်သော အာရုံကြောများ၏ လုပ်ငန်းများမှစ၍ အလွန်လေးလံသောတံခါးကြီးကိုဖွင့်ရန်လိုအပ်သော လူစွမ်းကောင်းကြီး၏ အင်အား ကိုမြှင့်တင်ပေးသည်အထိ လုပ်ငန်းစဉ်အများစုကို ထိန်းချုပ်ထားသည်။ နှလုံးခုန်နှုန်း မြန်ခြင်း၊ နှေးခြင်း သည်လည်း ဤဟော်မုန်းများကြောင့်ဖြစ်ပြီး ဤဟော်မုန်းပမာဏများနေပါက နှလုံးရောဂါဖြင့်သေဆုံးနိုင်သည့်အန္တရာယ်များသည်ဟု သုတေသနများက အကြံပြုထားသည်။

    သိုင်းရွိုက်ဂလင်း၏ အလုပ်လုပ်ပုံအကျဉ်း

    သိုင်းရွိုက်ဂလင်းသည် လည်ပင်း အရှေ့တွင် တည်ရှိသည်။ ၎င်းသည် လိပ်ပြာပုံနှင့်တူသည်။ လိပ်ပြာ၏တောင်ပံ ၂ ခုသည်၎င်း၏ အမြွှာ ၂ခု (ဘယ်မြွှာနှင့် ညာမြွှာတို့ကို ကိုယ်စားပြုသည်)။ ထိုဂလင်းသည် အရေးကြီးသော သိုင်းရွိုက်ဟော်မုန်း ၂မျိုးထုတ်သည်။ Eriiodothyronine နှင့် Thyroxine တို့ဖြစ်သည်။ ၎င်းဟော်မုန်း ၂ခုသည် ခန္ဓါကိုယ်နေရာအနှံ့သို့ သွားသည်။ ၎င်းသည်ဆဲလ်များအလုပ်လုပ်သည့် အမြန်နှုန်းနှင့် ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ်၏ အမြန်နှုန်းကို ထိန်းပေးသည်။ ဥပမာ- ၎င်းဟော်မုန်းပမာဏများနေလျှင် သင်သည်အစာကို မြန်မြန်ပိုချေနိုင်မည်။ နှလုံးခုန် နှုန်းပိုမြန်နေမည်။ ပုံမှန်ပမာဏထက်အလွန်များနေပါက ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်နိုင် သည်။ အပြန်အလှန်အားဖြင့် ပမာဏနည်းနေပါက နှလုံးခုန်နှုန်းနှေးမည်။ ကိုယ်အလေးချိန်တက်လာမည်။ ဝမ်းချုပ်မည်။ တစ်နည်းအားဖြင့် ၎င်းဟော်မုန်းသည် သင့်ခန္ဓါကိုယ်တစ်ခုလုံး၏ လုပ်ငန်းလုပ်ဆောင်သည့် အမြန်နှုန်းကိုဆုံးဖြတ်ပေးသည်။

    သိုင်းရွိုက်ဟော်မုန်းပမာဏများလေလေ ရုတ်တရက်နှလုံးရပ်၍ သေဆုံးနိုင်သည့် အန္တရာယ် များလေလေဟု လေ့လာမှုအသစ်များကဆိုသည်။ ရိုတာဒမ်တွင်ပြုလုပ်သော သုတေသနတွင် လူပေါင်း ၁၀၀,၀၀၀ ကျော်ပါဝင်ခဲ့ကြသည်။ တွေ့ရှိချက်များသည် အလွန်အံ့သြဖွယ်ကောင်းသည်။

    သွေးထဲတွင်ရှိ သော သိုင်းရွိုက်ဟော်မုန်းပမာဏများကို နှလုံးရပ်၍သေဆုံးသွားသော လူနာများတွင်ရှိခဲ့သည့် ပမာဏများ နှင့် နှိုင်းယှဉ်ကြည့်သောအခါ ပုံမှန်ဖြစ်သော်လည်း များသည့်ဘက်သို့ရောက်သည့် သိုင်းရွိုက်ဟော်မုန်း ပမာဏသည် သေစေနိုင်သောနှလုံးထိခိုက်မှုဖြစ်နိုင်ချေမြင့်မားမှုနှင့် ဆက်စပ်နေကြောင်းတွေ့ရသည်။ ၎င်းသည် ပုံမှန်ထက်ပို၍ အလုပ်လုပ်နေသောသိုင်းရွိုက်ဂလင်းကြောင့် ဖြစ်နိုင်သည်။ ပုံမှန်လောက်ပင် အလုပ်မလုပ်သောဂလင်းသည်ပင်လျှင် ဆေးပမာဏအလွန်များပြားမှုကြောင့် ရုတ်တရတ်ထ၍ အလွန်လျင်မြန်စွာ အလုပ်လုပ်နိုင်သည်။ သို့သော် ပုံမှန်အလုပ်မလုပ်သော ဂလင်းရှိသည့်လူနာများအနေနှင့် သိုင်းရွိုက်ဟော်မုန်းပမာဏကျစေရန် ဆေးများကိုအတိုးအလျှော့လုပ်၍ သောက်နိုင်သည်။

    အထူးသဖြင့် သိုင်းရွိုက်ဟော်မုန်းပမာဏများသောသူများသည် နည်းသောသူများနှင့်နှိုင်းယှဉ်လျှင် သေဆုံးနိုင်ချေသည် ၂ဆခွဲပိုများသည်ဟု မှတ်တမ်းများတွင်တွေ့ရသည်။ ထို့ပြင် ၁၀နှစ်အတွင်း နှလုံးထိခိုက် မှုဖြစ်နိုင်ချေသည် ၄ဆခန့်ပို၍များသည်။ ကိုလက်စထရောပမာဏများခြင်းနှင့် သွေးပေါင်တက်ခြင်းတို့သည် ရလဒ်ကိုပြောင်းလဲနိုင်ခြင်းမရှိ။ ၎င်းတို့ကိုထိန်းနိုင်လျှင်ပင် ကိန်းဂဏန်းများကမပြောင်းလဲသွားပေ။

    ဤတွေ့ရှိချက်များက ကျွန်ုပ်တို့ကိုဘာပြောနေလဲ။ သေချာသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သိုင်းရွိုက်ဟော်မုန်းပမာဏနှင့် ပတ်သက်ပြီးနိုးကြားနေဖို့လိုသည်။ နှလုံးနှင့်ပတ်သက်သော သေဆုံးမှုများ တွင် တစ်ဝက်ကျော်ခန့်သည် ရုတ်တရက်နှလုံးရပ်သေဆုံးမှုများဖြစ်သည်။ နှလုံးထိခိုက်မှုဖြစ်လာသောအခါ အချိန်မှာအလွန်တိုတောင်း၍ ကျန်းမာရေးစောင့်ရှောက်မှုချက်ချင်းလိုအပ်သောကြောင့် ရုတ်တရတ်သေဆုံး နိုင်ချေကိုတွက်ချက်ရန် အသုံးချနိုင်ပြီး ၎င်းပေါ်မူတည်ကာ ကာကွယ်ရေးများအတွက် နည်းလမ်းချမှတ်နိုင် မည်ဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement