backup og meta

သွေးတိုးခြင်းက ခေါင်းကိုက်ခြင်းကို ဖြစ်စေသလား ?

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးခြင်းက ခေါင်းကိုက်ခြင်းကို ဖြစ်စေသလား ?

    သွေးတိုးကြောင့် ခေါင်းကိုက်စေတယ်လို့ တွေးရတာလွယ်ကူပါတယ်။ တစ်ခါတစ်လေသင်တွေးမယ်။“နှလုံးကအရမ်းခုန်တာကြောင့် သွေးက သွေးကြောနံရံတွေကိုအားနဲ့တွန်းပြီးစီးဆင်းသွားတယ်။ ဒါကြောင့် ငါ့ဦးခေါင်းခွံကပါလိုက်ခုန်လာတာများလား” ဆိုပြီးတော့ပေါ့။ ဆက်စပ်မှုရှိမရှိဆိုတဲ့ အဖြေကမသေချာပါဘူး။ လေ့လာမှုတွေမှာတော့ ခေါင်းကိုက်နဲ့ သွေးတိုးဆက်စပ်မှုကိုအနည်းငယ် တွေ့ရပါတယ်။

    အောက်မှာ သွေးတိုးနဲ့ခေါင်းကိုက်ဘယ်လိုဆက်စပ်နေလဲဆိုတဲ့အကြောင်းအရင်းအမှန်ကိုပြောပြသွားပါ့မယ်။

    လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကလူတွေဟာ ခေါင်းကိုက်တာက သွေးတိုးရဲ့လက္ခဏာဖြစ်တယ်လို့ယုံခဲ့ကြပါတယ်။ တကယ်တော့ လေ့လာမှုတွေအရ ခေါင်းကိုက်တာနဲ့ သွေးတိုးတာကသိသာတဲ့ဆက်စပ်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့်ယနေ့ခေတ်ရဲ့လူတော်တော်များများနဲ့ဆရာဝန်တွေကပါခေါင်းကိုက်တာက သွေးတိုးရှိလို့ဆိုပြီးထင်နေကြတုန်းပါဘဲ။

    အာရုံကြောဆရာဝန် Deborah Friedman ကခုနကပြောသွားတဲ့အချက်နဲ့ပတ်သက်ပြီးအကြောင်းပြချက်တွေပေးထားပါတယ်။

    • သွေးတိုးကကြီးကြီးမားမားနာကျင်မှုတွေနဲ့ဆက်စပ်ချင်ဆက်စပ်နေလိမ့်မယ်။

    • ခေါင်းကိုက်ခြင်းက တချို့သွေးတိုးကျဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်းဖြစ် နိုင်တယ်။

    • ပြောင်းပြန်အားဖြင့် သွေးတိုးကျဆေးများသည် ခေါင်းကိုက်ဝေဒနာကို ကာကွယ်ပေးကောင်းပေးနိုင်တယ်။ ထို့ကြောင့်လည်းဆေးကုသမှု ခံယူနေသောသွေးတိုးလူနာများတွင် ခေါင်းကိုက် ဖြစ်နိုင်ချေ နည်းပါတယ်။

    ခေါင်းနည်းနည်းပဲကိုက်တဲ့ သွေးတိုးဝေဒနာရှင်တွေဘာလို့ရှိနေတာလဲ ?

    နော်ဝေမှာရှိတဲ့ လေ့လာမှုတွေကသွေးတိုးရှိတဲ့ ဒေသခံတွေက ခေါင်းသိပ်မကိုက်ကြဘူးလိုပြောပါတယ်။ လေ့လာမှုအဖွဲ့သားတွေကအရွယ်ရောက်ပြီးသူ၂၂၀၀၀ခန့်ကို၁၁နှစ်ခြားပြီးစမ်းသပ်ခဲ့ပါတယ်။

    အပေါ်သွေး(Systolic blood pressure) ၁၅၀အထက်မှာရှိတဲ့သူတွေကခေါင်းကိုက်နိုင်ချေ၃၀ရာခိုင်နှုန်းပိုနည်းပါတယ်။ အပေါ်သွေး(Systolic figure)ဆိုတာက သွေးတိုးတိုင်းရာမှာအမြင့်ဆုံးဂဏန်းကိုဆိုလိုတာပါ။ လေ့လာသူတွေကလည်းhypalgesia (နာကျင်မှုကိုအာရုံခံစားနိုင်စွမ်းလျော့ခြင်း) ကြောင့်ဖြစ်နိုင်ပါတယ်ဆိုပြီးအဖြေထပ်ထုတ်ခဲ့ပါတယ်။

    Malignant hypertension (ပြင်းထန်တဲ့သွေးတိုး) ဆိုတာဘာလဲ ?

    တကယ်လို့သင်ဟာMalignant hypertension ကိုခံစားနေရတယ်ဆိုရင်တော့ ခေါင်းကိုက်ခြင်းကလက္ခဏာတစ်ခုဖြစ်မှာအမှန်ပါပဲ။ ဒီလိုပြင်းထန်တဲ့ သွေးတိုးမျိုးကရုတ်တရက်မထင်မှတ်ဘဲဖြစ်လာတတ်ပြီး သွေးတိုးရောဂါရှိသူတွေရဲ့တစ်ရာခိုင်နှုန်းလောက်သာဖြစ်တာပါ။

    Malignant hypertension ကငယ်ရွယ်တဲ့ဆယ်ကျော်သက်တွေမှာအဖြစ်များပြီးအထူးသဖြင့်အာဖရိကန်-အမေရိကန်စပ်ယောက်ျားလေးတွေမှာပိုအဖြစ်များပါတယ်။ ကျောက်ကပ်ရောဂါဖြစ်နေသူတွေနဲ့ကိုယ်ဝန်အဆိပ်သင့်နေသူတွေမှာပါဖြစ်နိုင်ပါတယ်။

    သတိထားရမယ့်လကဏာတွေကဘာတွေလဲ ?

    Malignant hypertension ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းရဲ့လက္ခဏာတွေကအမြင်အာရုံဝေဝါးလာခြင်း၊စိတ်အခြေအနေပြောင်းလဲလာခြင်းတို့ဖြစ်တဲ့အပြင်မအီမလည်ဖြစ်ခြင်း၊အသက်ရှူကြပ်ခြင်း၊ရင်ဘတ်အောင့်ခြင်းနဲ့တက်ခြင်းတို့ပဲဖြစ်ပါတယ်။

    Malignant hypertension ကအရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကိုအမြန်ဆုံးသွားပြီးလိုအပ်တဲ့စောင့်ရှောက်မှုတွေခံယူဖို့အရေးကြီးပါတယ်။

    သင်ဘာကို မှတ်ထားသင့်သလဲ ?

    နောက်ဆုံးလေ့လာချက်တွေအရဖိစီးမှုကြောင့်ဖြစ်သောခေါင်းကိုက်ခြင်း(tension headache) သည် သွေးတိုးနဲဆက်စပ်မှုရှိသည်ဆိုရင်တောင် အနည်းငယ်သာဆက်စပ်ပါသည်။ သွေးတိုးရှိနိုင်ချေသိပ်မရှိပါ။

    ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)နဲ့ သွေးတိုးတွေကအရွယ်ရောက်ပြီးသူ၁၀ရာခိင်နှုန်းကနေ၂၂ရာခိုင်နှုန်းအထိသက်ရောက်စေတဲ့အဖြစ်များသောအခြေအနေတွေပဲဖြစ်ပါတယ်။ လူဦးရေအားလုံးရဲ့၃ ရာခိုင်နှုန်းကဒီအခြေအနေနှစ်ရပ်လုံးရှိနေနိုင်ပါတယ်။

    Malignant Hypertension(ပြင်းထန်တဲ့သွေးတိုး)မှလွဲပြီးတခြားအခြေအနေများတွင် ခေါင်းကိုက်ခြင်းသည် သွေးတိုးကိုညွှန်ပြနိုင်တဲ့ ယုံကြည်အားထားရတဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါ။ အကောင်းဆုံးကတော့ သွေးပေါင်ချိန်မှန်မှန်တိုင်းတာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement