backup og meta

စိုးရိမ်ကြောင့်ကြပူပန်မှုတွေက သွေးတိုးစေသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 01/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ကြောင့်ကြပူပန်မှုတွေက သွေးတိုးစေသလား

    စိတ်ဖိစီးမှုတွေဖိအားတွေစိုးရိမ်ကြောင့်ကြမှုတွေက ယေဘူယျအားဖြင့်အတူတူပါပဲ။ ဒါကြောင့်ဒီလိုစိတ်အခြေအနေတွေနဲ့ သွေးတိုးခြင်းကိုတွဲမြင်ကြတာအံ့သြစရာမရှိပါဘူး။ တကယ်လို့စိတ်အခြေအနေနဲ့ သွေးတိုးကဆက်စပ်နေမယ်ဆိုရင်ဘယ်ဟာကအရင်လာမလဲ။ ဒီစိတ်အအြေနေတွေက သွေးတိုးဖြစ်စေတဲ့ ယေဘူယျအကြောင်းခံတွေလား ။

    လွန်ခဲ့တဲ့နှစ်၁၀၀ လောက်ကသွေးတိုးရှိနေတဲ့သူတွေကိုလေ့လာမှုတွေထဲကအစောဆုံးလေ့လာမှုတွေမှာလုပ်ငန်းအကြီးစားရဲ့ဒါရိုက်တာလိုလူမျိုးတွေအလုပ်ဝန်ပိမှုကြောင့်သူတို့ရဲ့စိတ်အခြေအနေမှာမူမမှန်တာမျိုးတွေရှိလာပြီးစိတ်လှုပ်ရှားလာတတ်ကြပါတယ်လို့တွေ့ရှိခဲ့တယ်။ အဲဒီအချိန်ကစပြီး “hypertensive personality” (သွေးတိုးဖြစ်စေတဲ့ပင်ကိုစရိုက်)ရှိလားမရှိလားဆိုတဲ့ငြင်းခုံမှုတွေစတင်ခဲ့တယ်။

    တချို့က သွေးတိုးရှိနေတဲ့လူနာတွေဟာသူတို့ရဲ့စိုးရိမ်ပူပန်မှုတွေစိတ်လှုပ်ရှားမှုတွေစတဲ့စိတ်အခြေအနေတွေကြောင့်ဖြစ်တယ်လို့ထင်ကြပေမယ့်တချို့ကတော့ ဒေါသကိုထိန်းချုပ်ထားရကြောင့်ဖြစ်တာပိုများတယ်လို့ထင်ကြပါတယ်။ မတူညီကွဲပြားတဲ့ထင်မြင်ချက်များစွာရှိပါတယ်။

    စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုတွေကခဏတာသွေးတိုးတက်စေပေမယ့်နာတာရှည် သွေးတိုးရောဂါကိုဖြစ်မလာစေပါဘူး။ ဒီအချက်ကနာတာရှည်စိုးရိမ်ကြောင့်ကြမှု ဝေဒနာခံစားနေရသူတွေမှာပါမှန်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုဖြစ်နေတဲ့အချိန်မှာထွက်တဲ့ဟော်မုန်းတစ်မျိုးကနှလုံးခုန်နှုန်းကိုမြန်စေပြီးသွေးကြောလေးတွေကိုကျဉ်းသွားစေပါတယ်။ ဒီအချက်နှစ်ချက်ကသွေးတိုးစေပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့သွေးတိုးကသွေးလွှတ်ကြောရဲ့ သွေးဖိအားကို၃၀ရာခိုင်နှုန်းကနေ၄၀ရာခိုင်နှုန်းထိတိုးလာစေပါတယ်။ ဒီပြောင်းလဲမှုတွေကခဏတာပါ။ စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ ဟော်မုန်းတွေပျက်စီးသွားတာနဲ့ နှလုံးခုန်နှုန်းတွေသွေးကြောတွေနဲ့ သွေးဖိအားတွေကပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

    နာတာရှည်စိုးရိမ်ကြောင့်ကြမှုရောဂါဖြစ်နေတဲ့ ဝေဒနာရှင်တွေမှာသူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုကြောင့်သွေးတိုးတက်တာမျိုးမရှိပါဘူး။ သူတို့တွေရဲ့အာရုံကြောနဲ့နှလုံးသွေးကြောစနစ်ကစိတ်ဖိစီးမှုကြောင့်အချိန်မလပ်ထွက်နေတဲ့နာတာရှည် ဟော်မုန်းတွေကြောင့်ပုံမှန်ပြန်ဖြစ်သွားပါတယ်။

    စိုးရိမ်ကြောင့်ကြမှုရောဂါမရှိတဲ့သူတွေလည်းစိုးရိမ်ကြောင့်ကြတတ်သလိုနာတာရှည်စိုးရိမ်ကြောင့်ကြမှု ရောဂါရှိနေတဲ့သူတွေလည်းစိုးရိမ်ကြောင့်ကြမှုပိုများလာတဲ့အခြေအနေမျိုးရှိပါတယ်။ အဲလိုအခြေအနေတွေမှာသွေးတိုးနှုန်းတက်လာတာကအတူတူပဲဖြစ်ပါတယ်။

    စိတ်ဖိစီးမှုဟာ သွေးတိုးတက်ခြင်းကိုအကျိုးသက်ရောက်စေတဲ့အတွက်စိတ်ဖိစီးမှုနဲ့စိုးရိမ်ကြောင့်ကြမှုတွေကို သွေးတိုးဖြစ်စေတဲ့အကြောင်းအရင်းတွေလို့သတ်မှတ်ထားပါတယ်။ ခဏတာ သွေးတိုးတက်ခြင်းကလည်းနာတာရှည်သွေးတိုးလိုပဲဆိုးကျိုးများပါတယ်။ ဒီမတူညီတဲ့အခြေအနေနှစ်ခုမှာ သွေးကြော၊နှလုံးနဲ့ ကျောက်ကပ်ထိခိုက်မှုတွေကတော့တူညီနေပါတယ်။

    ခဏတာ သွေးတိုးတက်တဲ့အကြိမ်ရေများလာတာနဲ့အမျှထိခိုက်မှုတွေကလည်းများလာပါတယ်။ သွေးတိုးတက်တဲ့အခြေအနေနှစ်ခုလုံးဟာကိုယ်တွင်းအင်္ဂါများထိခိုက်ခြင်း၊နှလုံးရောဂါဖြစ်ခြင်း၊လေဖြတ်ခြင်းအပြင် နောက်ဆုံး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

    နာတာရှည်စိုးရိမ်ကြောင့်ကြမှုရောဂါကကိုယ်တွင်းအင်္ဂါတွေကိုဘယ်လိုထိခိုက်စေသလဲ ?

    စိုးရိမ်ကြောင့်ကြမှုကနာတာရှည် သွေးတိုးကိုမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့်ခဏခဏစိုးရိမ်ကြောင့်ကြမှုဖြစ်နေမယ်ဆိုရင်တော့သင့်ကိုခဏခဏသွေးတိုးစေနိုင်ပါတယ်။

    တကယ်လို့စိုးရိမ်မှုကြောင့်သွေးတိုးခဏခဏတက်နေမယ်ဆိုရင်နာတာရှည်သွေးတိုးရောဂါလိုမျိုးပဲသင့်ရဲ့ သွေးကြောတွေနှလုံးနဲ့ကျောက်ကပ်တို့ကိုထိခိုက်စေနိုင်ပါတယ်။ သင့်မှာစိုးရိမ်ကြောင့်ကြမှုခဏခဏဖြစ်နေတယ်ဆိုရင်လည်းဆေးလိပ်သောက်ခြင်းအရက်သောက်ခြင်းအစားအလွန်စားခြင်းစတဲ့ သွေးတိုးဖြစ်စေတဲ့လုပ်ရပ်တွေကိုလုပ်လာနိုင်ပါတယ်။

    စိုးရိမ်ကြောင့်ကြမှုနဲ့တခြားစိတ်ရောဂါတွေကိုကုသတဲ့ Serotonin နဲ့ Norepinephrine reuptake inhibitors တွေလိုဆေးတချို့ကလည်း သွေးတိုးတက်စေပါတယ်။

    စိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်တဲ့သွေးတိုးကိုဘယ်လိုကုသမလဲ

    သွေးတိုးရောဂါကုသရာမှာဖြစ်စေတဲ့အကြောင်းအရင်းကိုလိုက်ပြီးကုသမှုများစွာရှိပါတယ်။ လက်ရှိမှာတော့မတူညီတဲ့ကုသနည်းပေါင်း၈၀ ကျော်ရှိနေပါပြီ။ စိတ်ဖိစီးမှုကြောင့် သွေးတိုးသူတွေနဲ့စိုးရိမ်ကြောင့်ကြမှုကြောင့် သွေးတိုးသူတွေကိုဘယ်လိုကုသရမလဲဆုံးဖြတ်ရတာကရှုပ်ထွေးပါတယ်။ တချို့ဆေးတွေကတစ်ခုနဲ့တစ်ခု တည့်ကြပေမယ့် တချို့ကမတည့်ပါဘူး။ တကယ်လို့သင့်မှာနာတာရှည်စိတ်ဖိစီးမှုနဲ့စိုးရိမ်ကြောင့်ကြမှုခံစားနေရရင် ဆရာဝန်ဆီသာသွားပါ။ ဆရာဝန်ကသာသင်နဲ့လိုက်ဖက်မယ် လိုအပ်တဲ့ကုသမှုကို ပေးနိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 01/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement