backup og meta

သားဆက်ခြားဖို့ ဘာကြောင့်အရေးကြီးတာလဲ


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဆက်ခြားဖို့ ဘာကြောင့်အရေးကြီးတာလဲ

    ရင်သွေးလေးမပိုင်ဆိုင်ချင်တဲ့ အိမ်ထောင်စုံတွဲရယ်လို့ သိပ်မရှိလောက်ပါဘူး။ ရင်သွေးလေးတွေကို အိမ်ရဲ့ ဆည်းလည်းလေးတွေလို့တောင် တင်စားကြတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေက မိသားစုကိုချစ်မြတ်နိုးမှုကြီးမားကြပါတယ်။ သားသမီးလေးတွေကိုပြည့်စုံတဲ့ ဘဝတစ်ခုကိုပေးချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိကြမှာပါ။ပြည့်စုံနေတဲ့အချိန်မှာဘေဘီလေးတစ်ယောက် ကိုယ်တွေဘဝထဲကိုရောက်လာတာကပျော်စရာကောင်းပေမယ့် မပြည့်စုံခင်မှာမျှော်လင့်မထားဘဲရောက်လာခဲ့ရင် ဝမ်းသာရပေမယ့် လိုအပ်ချက်တွေရှိနေတဲ့ အနေအထားကြောင့် အပြည့်အဝတော့ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

    လိုအပ်ချက်နည်းပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမယ့် အလုပ်တစ်ခုက မိသားစု အစီအစဉ်ဆွဲတာပါ။နေထိုင်ရေး၊စားသောက်ရေးကစလို့ ကျန်းမာရေးအထိမကျန်အကုန်လုံးကိုထည့်စဉ်းစားဖို့လိုပါမယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘယ်နှစ်နှစ်ခြားမယ်၊ ဆိုတဲ့အချက်ကလည်းမေ့ထားလို့မဖြစ်ပြန်ပါဘူး။

    ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာခြားထားတဲ့ကာလက ဘာလို့အရေးကြီးတာလဲ

    မိခင်နဲ့ကလေးမှာ ကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အချိန်ကာလအပိုင်းအခြားတစ်ခုထားရှိဖို့က အရေးကြီးပါတယ်။ သုတေသနပြုမှုတွေအရ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ၂ နှစ်လောက်မခြားဘဲ မွေးဖွားတဲ့အခါ –

    ကျန်းမာရေးပြဿနာတွေတင်မကပါဘူး

    ကလေးတစ်ယောက်နဲ့တစ်ယောက်ကြား အချိန်အပိုင်းအခြားတစ်ခု မစီစဉ်ထားဘဲမွေးဖွားခြင်းက ကလေးနဲ့ မိခင်အတွက် ကျန်းမာရေးပြဿနာတွေတင်ရှိတာမဟုတ်ပါဘူး။ အခြားသောငွေကြေးပြဿနာနဲ့ကသီလင်တဖြစ်မှုတွေလည်းရှိပါတယ်။ ကလေးတစ်ဦးနဲ့တစ်ဦးကြားငွေကြေးပြင်ဆင်ချိန်မရှိဘဲမွေးဖွားတဲ့အခါမွေးဖွားစရိတ်၊ ကလေးနှစ်ယောက်လုံးအတွက် ကုန်ကျစရိတ်တွေ၊ပြုစုစောင့်ရှောက်ဖို့အတွက် ကသီလင်တဖြစ်မှုတွေကိုကြုံတွေ့နိုင်ရတဲ့အပြင် အလုပ်လုပ်ကိုင်လို့မရတော့တာ၊ လူမှုရေးတွေပျက်ကွက်တာနဲ့ ကိုယ်ပိုင်အချိန်တွေ လုံးဝမရှိတော့တာလိုမျိုးတွေလည်း ခံစားရနိုင်ပါတယ်။

    ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အချိန်ဘယ်လောက်ခြားသင့်လဲ

    ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး ၂ နှစ်တော့ မဖြစ်မနေခြားသင့်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှ အချိန် နှစ်နှစ်လောက်ခြားပေးမှ မိခင်ရော ကလေးပါကျန်းမာစေမှာဖြစ်ပါတယ်။ အချိန်နှစ်နှစ်ခြားခြင်းဖြင့် မိခင်မှာ ပထမကလေးမွေဖွားလိုက်တာကြောင့် ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည်ဖြည့်တင်းဖို့ အချိန်ရရှိစေမှာဖြစ်သလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတာက မိခင်တင်ကျန်းမာတာမဟုတ်ဘဲ နောက်ထပ်မွေးလာမယ့် အတွက်ပါ လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝစေမှာဖြစ်ပါတယ်။

    သိထားစရာလေးများ

    • ကလေးတစ်ယောက်မွေးပြီးတိုင်း အနည်းဆုံးအချိန် နှစ်နှစ်ခြားပြီးမှနောက်တစ်ယောက်ထပ်ယူပါ။
    • ပထမ ကိုယ်ဝန်က အခန့်မသင့်ပျက်ကျခဲ့တာဆိုရင်တော့ အနည်းဆုံး ၆ လနေပြီးမှ ကလေးထပ်ယူသင့်ပါတယ်။

    ကလေးတိုင်းကောင်းစွာဖွံ့ဖြိုးကြီးပြင်းဖို့အတွက်က မိခင်နဲ့ဖခင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို အပြည့်အဝရရှိဖို့လိုအပ်တာကြောင့် ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး နှစ်နှစ်လောက်ခြားပေးတာအဆင်ပြေဆုံးပါ။ တကယ်လို့ အကြောင်းကြောင်းကြောင့်ခြားတဲ့ကာလက ၂ နှစ်ထက်နည်းနေခဲ့မယ်ဆိုရင်ရှေ့ကလေးကို ဂရုစိုက်ပေးနိုင်မှုနည်းသွားသလိုနောက်မွေးတဲ့ ကလေးမှာလည်း လိုအပ်တဲ့ အာဟာရဓါတ်တွေမပြည့်ဝတာကြောင့်မွေးကင်းစအရွယ် ကလေးငယ်သေဆုံးတာမျိုးဖြစ်နိုင်သလို ကလေးမှာ ကျန်းမာရေးချို့ယွင်းတာနဲ့ မိခင်ကျန်းမာရေးထိခိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    ကလေးတစ်ယောက်နဲ့တစ်ယောက်သိပ်မခြားဘဲမွေးတဲ့အခါ ကြုံတွေ့ရနိုင်တဲ့နောက်ထပ်ပြဿနာတစ်ခုက ကလေးကိုနို့စောစောဖြတ်လိုက်တာကြောင့် ကလေးမှာကိုယ်ခံအားနည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ မိခင်နို့က ကလေးတွေအတွက်အကောင်းဆုံးအစားအစာဖြစ်ပြီးရောဂါတွေအန္တရာယ်ကနေလည်း ကာကွယ်မှုပေးနိုင်ပါတယ်။

    ဘာနဲ့ သားဆက်ခြားကြမလဲ

    ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ နှစ်နှစ်လောက်ခြားတာက ကလေးအတွက်ငွေရေးကြေးရေးကစလို့ အစစအရာရာပြင်ဆင်ဖို့အတွက်လည်း အချိန်ရသွားစေမှာပါ။ပြည့်စုံတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ဖို့အတွက်ကရွေးချယ်စရာသားဆက်ခြားနည်းတွေအများကြီးပါ။ သန္ဓေတားဆေးသောက်တာ၊ဆေးထိုးတာ၊ လက်မောင်းထဲထည့်တဲ့ ပစ္စည်းထည့်တာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD) ထည့်တာပါ။ ဒီထဲမှာမှ အလုပ်များတဲ့လေဒီမေမေတို့အတွက် အဆင်ပြေစေမယ့် သားဆက်ခြားနည်းလေးတစ်ခုကိုပြောပြရမယ်ဆိုရင်တော့ IUD ပါ။

    သားအိမ်တွင်းထည့်ပစ္စည်း (IUD) က ကိုယ်ဝန်တားတဲ့နေရာမှာ အင်မတန်မှကို ထိရောက်မှုရှိပါတယ်။စထည့်တဲ့အချိန်ကတည်းက အာနိသင်ပြပြီး အချိန်အကြာကြီး ခံပါတယ်။ ကြေးနီပါတဲ့ IUD က ၁၀နှစ်အထိ အစွမ်းရှိပြီး ပရိုဂျက်စထရုန်းပါဝင်တဲ့ပစ္စည်းကတော့ အမျိုးအစားအပေါ် မူတည်ပြီး ၃နှစ်ကနေ ၅နှစ်အထိ ခံပါတယ်။ ပြီးပြည့်စုံတဲ့ မိသားစုတစ်စု ဖန်တီးချင်တဲ့ ဇနီးမောင်နှံတွေအတွက် အင်မတန်မှကို သင့်တော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နှစ်တွေအကြာကြီး ထည့်ထားလို့ရပြီး မထည့်ချင်တော့ဘူးဆိုတဲ့အခါမှာလည်း အချိန်မရွေး ပြန်ထုတ်လိုက်လို့ ရပါတယ်။ IUD ရဲ့အားသာချက်တစ်ခုကဖယ်ထုတ်ပြီးတာနဲ့ အလွယ်တကူ ကလေးရရှိနိုင်ပါတယ်။ကလေးမွေးဖွားထားတဲ့မိခင်တွေအနေနဲ့ကတော့ ကလေးမွေးပြီးပြီးချင်း အသုံးပြုလို့ရနိုင်တဲ့ IUD ကိုအသုံးပြုပေးလို့ရပါတယ်။။ နို့ထွက်နှုန်းကို ထိခိုက်မှုမရှိစေတာကြောင့် နို့တိုက်မိခင်တွေအတွက် အထူးသင့်တော်ပါတယ်။

    IUD (သားအိမ်တွင်းထည့်ပစ္စည်း) ကနှစ်ရှည်ခံပြီး စိတ်ချရတဲ့ သန္ဓေတားနည်းြဖစ်တာကြောင့် အလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် အဆင်အပြေဆုံး သန္ဓေတားနည်းတစ်ခုလို့ဆိုချင်ပါတယ်။ အိမ်မှုကိစ္စတွေနဲ့ အလုပ်များတာကြောင့် သန္ဓေတားဆေးကို ရက်မှန်အချိန်မှန်မသောက်မိတာ ဆေးထိုးရမယ့်ရက်ကျော်လွန်သွားတာမျိုးတွေကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေ မဖြစ်စေဖို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် သန္ဓေတားနည်းကတော့ သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်တာပဲဖြစ်ပါတယ်။ အလုပ်များတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိနဲ့သင့်တော်မယ့် IUD ကိုထည့်ထားခြင်းအားဖြင့် မထင်မှတ်ဘဲကိုယ်ဝန်ရရှိသွားတာမျိုးကို အထိရောက်ဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement