backup og meta

သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ

    ယနေ့ခေတ်မှာသားအိမ်ခေါင်းကင်ဆာကအသက်ဘေးကိုပါရန်ရှာလာတဲ့အတွက်အမျိုးသမီးထုကြီးကစိုးရိမ်လာပါပြီ။ ဒါ့ကြောင့်သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်တွေကိုသင့်အနေနဲ့သိထားဖို့အရေးကြီးပါတယ်။ အခုပြောပြမှာကသင်သိထားသင့်တဲ့သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်လေးတွေပါ။

    • အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ရီပို့အရ၂၀၁၆ခုနှစ်မှာသားအိမ်ခေါင်းကင်ဆာဖြစ်သူအရေအတွက်မှာ၁၂၉၉၀ရှိပြီးသားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ၄၁၂၀ရှိကြောင်းတွေ့ရပါတယ်။
    • သားအိမ်ခေါင်းကင်ဆာကဒုတိယအဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။
    • သားအိမ်ခေါင်းကင်ဆာကိုလုံးဝရှောင်ကျဉ်လို့ရပါတယ်။ အမေရိကန် ရဲ့သားအိမ်ခေါင်းကင်ဆာကြောင့်သေဆုံးသူမှတ်တမ်းအရကာကွယ်မှုတွေကြောင့် သေဆုံးနှုန်းလျော့သွားတာတွေ့ရပါတယ်။
    • သားအိမ်ခေါင်းကင်ဆာကတဖြည်းဖြည်းချင်းကြီးထွားလာတဲ့ကင်ဆာမျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာစဖြစ်နေချိန်နဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ချေရှိခြင်းကိုစမ်းသပ်မှုတွေပြုလုပ်လို့ရနိုင်ပါပြီ။ စမ်းသပ်မှုတွေကသားအိမ်ခေါင်းအချွဲမြှေးစစ်ခြင်းနဲ့ human papilloma virus test ပဲဖြစ်ပါတယ်။
    • Human Papilloma Virus (HPV) နဲ့ကူးစက်ခံရခြင်းကသားအိမ်ခေါင်းကင်ဆာကြီးထွားမှုနဲ့ဆက်နွယ်နေပါတယ်။
    • Human Papilloma Virus ကိုကာကွယ်ဖို့ကာကွယ်ဆေးရှိပါတယ်။
    • ကျန်းမာတဲ့နေထိုင်မှုပုံစံကိုလိုက်နာခြင်းကသင့်ရဲ့သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်နှုန်းကိုလျော့စေပါတယ်။
    • လိင်ဆက်ဆံသူအရေအတွက်ကန့်သတ်ထားခြင်း
    • ဘေးကင်းတဲ့စိတ်ချရတဲ့လိက်ဆက်ဆံမှုကိုလေ့ကျင့်ခြင်း
    • လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
    • ကျန်းမာစွာစားသောက်ခြင်း
    • ဆေးလိပ်ရှောင်ခြင်း

    သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေမြင့်စေတဲ့အရာတွေကတော့

  • ခုခံအားကျဆင်းမှုရောဂါ
  • ခုခံအားကျဆင်းနေခြင်း
  • သင့်မိခင်ကိုယ်ဝန်ဆောင်စဉ်က diethylstilbestrol (DES) နဲ့ထိတွေ့မိခြင်း
  • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကိုသင့်အသက်၂၁မှာစသင့်ပါတယ်။ သက်ဆိုင်တဲ့ပညာရှင်တွေကသင့်ကိုပြုလုပ်ရမယ့်စစ်ဆေးမှုတွေနဲ့ကူညီမှာဖြစ်ပြီးသင့်တော်တဲ့စစ်ဆေးမှုတွေကိုလည်းရွေးပေးမှာပါ။
  • အကျဉ်းချုံးပြီးပြောရရင်သင့်အနေနဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ခြေကိုလျှော့ချသင့်ပါတယ်။ ဒါ့အပြင်သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးဖို့ကမလုပ်မဖြစ်လုပ်ရမှာဖြစ်ပြီးသင့်အနေနဲ့သင့်ဆရာဝန်ကိုသင်နဲ့သင့်တော်မယ့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုလုပ်ပေးဖို့ဆွေးနွေးပါ။

    အခုပြောပြသွားတာတွေကသားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ ယေဘူယျအကျဆုံးအချက်တွေပါ။ အသေးစိတ်ကိုတော့ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement