backup og meta

သားအိမ်ခေါင်းကင်ဆာနှင့် အခြားကုသနိုင်သော နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ခေါင်းကင်ဆာနှင့် အခြားကုသနိုင်သော နည်းလမ်းများ

    သင့်ရဲ့သားအိမ်ခေါင်းကင်ဆာကိုကုသဖို့သင့်အခြေအနေအပေါ်မူတည်ပြီးရွေးချယ်မှုအများကြီးရှိပါတယ်။ ဆေးသောက်တာအပြင်သင့်ဆရာဝန်ကပုံမှန်မဟုတ်တဲ့ဆဲလ်တွေကိုဖယ်ရှားခြင်း၊ခွဲစိတ်ခြင်း၊ဓါတ်ကင်ခြင်းအပြင် ဆေးဝါးမျိုးစုံနဲ့လည်းကုသစေမှာပါ။ ဒီကုသမှုတွေမခံယူခင်ဒီကုသမှုတွေအကြောင်းသင်နားလည်ထားဖို့လိုပါတယ်။

    မူမမှန်တဲ့ဆဲလ်တွေကိုဖယ်ရှားခြင်း

    သင့်မှာအခုသားအိမ်ခေါင်းကင်ဆာမရှိပေမယ့်သင့် ခန္ဓါကိုယ်ကအနာဂတ်မှာကင်ဆာဖြစ်လာနိုင်တဲ့ပြောင်းလဲမှုတွေပြလာခဲ့ရင်ကုသမှုမျိုးစုံရှိပါတယ်။ ပထမဆုံးတစ်ခုက Large loop excision of the transformation zone (LLETZ) လို့ခေါ်တဲ့ကုသမှုပါ။ ဒီကုသမှုထဲမှာလျှပ်စစ်စီးနေတဲ့ဝိုင်ယာကြိုးကိုမူမမှန်တဲ့ဆဲလ်တွေကိုသတ်ဖို့အသုံးပြုပါတယ်။ ဒုတိယတစ်ခုကcone biopsy လို့ခေါ်တဲ့ကုသမှုပါ။ ဒီကုသမှုကတော့မူမမှန်တဲ့ဆဲလ်တွေရှိတဲ့နေရာတစ်ဝိုက်ကိုခွဲစိတ်မှုအသုံးပြုပြီးဖယ်ထုတ်တာပါ။ တတိယတစ်ခုကလေဆာကုသနည်းပါ။ မူမမှန်တဲ့ဆဲလ်တွေကို လေဆာနဲ့ပစ်ပါတယ်။

    ခွဲစိတ်ကုသခြင်း

    တစ်ခါတစ်လေလူနာတွေကကင်ဆာကိုကုသဖို့ခွဲစိတ်မှုကိုရွေးကြပါတယ်။ ဆရာဝန်ကသင့်သားအိမ်ခေါင်းကင်ဆာတည်နေရာ၊အဆင့်နဲ့သင်နောက်ထပ်ကလေးယူချင်လားမယူချင်လားအပေါ်မူတည်ပြီးခွဲစိတ်မှုအမျိုးအစားကိုဆုံးဖြတ်ပေးပါမယ်။

    သားအိမ်ခေါင်းကင်ဆာအတွက်အဓိကခွဲစိတ်မှုသုံးခုရှိပါတယ်။Radical trachelectomy , hysterectomy နဲ့ pelvic exenterationတို့ဘြဲဖစ်ပါတယ်။

    Radical trachelectomy

    ဒီခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာရှိတာစောစောသိတဲ့အခါပြုလုပ်ပါတယ်။ ဒါကကလေးထပ်လိုချင်သေးတဲ့အမျိုူသမီးတွေမှာပြုလုပ်တာများပါတယ်။ ဒီခွဲစိတ်မှုက hysterectomy နဲ့pelvic exenterationတို့လိုမျိုးသားအိမ်ကိုထိခိုက်တာခြင်ူမလုပ်တဲ့အတွက်သင်ကလေးထပ်ယူနိုင်ပါသေးတယ်။

    Hysterectomy

    ဒီခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာအစောပိုင်းအဆင့်တွေမှာလုပ်တာများပါတယ်။ ဒီကုသမှုထဲမှာဓါတ်ရောင်ခြည်ကုသမှုကိုလည်း နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ကာကွယ်ဖို့ထည့်သွင်းထားပါတယ်။ အချိန်တိုရှုပ်ထွေးမှုတွေမှာတော့ဒီခွဲစိတ်မှုကသင့်ကို ရောဂါပိုးဝင်ခြင်း၊ သွေးခဲခြင်းနဲ့မတော်တဆသားအိမ်အူမကြီးနဲ့ဆီးအိမ်ထိခိုက်မခြင်းတို့ဖြစ်လာနိုင်ချေရှိပါတယ်။ နာတာရှည်ရှုပ်ထွေးမှုတွေကရှားပေမယ့်တစ်ခါတစ်လေသင့်ကိုမသက်မသာဖြစ်စေပါမယ်။ သင့်မိန်းမကိုယ်ကတိုသွားခြင်း၊ပိုခြောက်သွားခြင်း၊ဖြစ်စေနိုင်ပြီးဒါတွေကလိင်ဆက်ဆံတဲ့အခါသင့်ကိုနာကျဉ်စေပါတယ်။ ဒါ့အပြင်ဆီးမထိန်းနိုင်ခြင်း၊လက်မောင်းနဲ့ခြေထောက်များရောင်ခြင်း၊စတာတွေဖြစ်နိုင်ပါတယ်။ သင့်သားအိမ်ကိုဖယ်ထုတ်လိုက်ရတဲ့အတွက်သင်ကလေးထပ်ယူလို့မရတော့ပါဘူး။

    Pelvic exentertion

    ဒီခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာပြန်ဖြစ်တာ၊တင်ပါးဆုံမှာကင်ဆာပြန်ဖြစ်ပြီးဘယ်ကိုမှမပြန့်သေးတဲ့အခါမျိုးသုံးပါတယ်။ သင့်မိန်းမကိုယ်ကိုတော့တခြားကိုယ်အစိတ်အပိုင်းကအရေပြားနဲ့တစ်ရှူးတွေကိုအသုံးပြုပြီးပြန်တည်ဆောက်လို့ရပါတယ်။ ဒါကသင့်အနေနဲ့လိင်ဆက်ဆံခွင့်ပြန်ရမှာပါ။ ဒါပေမယ့်ပုံမှန်ပြန်ဖြစ်ဖို့တော့လတွေချည်ပြီးစောင့်ရပါမယ်။

    ဓါတ်ရောင်ခြည်ကုသမှု

    ဒီနည်းလမ်းကအင်အားပြင်းတဲ့ဓါတ်ရောင်ခြည်တွေကိုအသုံးပြုပြီးဒါမှမဟုတ်မိန်းမကိုယ်ထဲကို ရေဒီယိုသတ္တိကြွအရာတစ်ခုထည့်ပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။ ဓါတ်ရောင်ခြည်ကုသမှုကိုသူ့သက်သက်ချည်းဘဲလုပ်သလိုခွဲစိတ်မှုတွေနဲ့လည်းကင်ဆာအစောပိုင်းအဆင့်ဆိုရင်တွဲလုပ်ပါတယ်။ ပိုပြင်းထန်တဲ့အဆင့်မှာဆိုရင် သွေးထွက်ခြင်းနဲ့နာကျင်မှုကိုထိန်းချုပ်ဖို့အတွက်ဆေးဝါးတွေနဲ့လည်းတွဲလုပ်ပါတယ်။

    ဓါတ်ရောင်ခြည်ကုသမှုတွေကိုစက်မှတစ်ဆင့်စွမ်းအားမြင့်ဓါတ်ရောင်ခြည်တန်းတွေသင့်တင်ပါးဆုံဆီကိုထိုးပြီးကင်ဆာဲလ်တွေကိုသတ်နိုင်ပါတယ်။ ဒါကအပြင်ဘက်ကုသမှုပါ။ ဒါမှမဟုတ်အတွင်းဘက်ကုသမှုလည်းရှိပါတယ်။ သင့်မိန်းမကိုယ်ထဲကို ရေဒီယိုသတိကြွအရာတစ်ခုကိုထည့်ပြီးကုသပါလိမ့်မယ်။ ငါးပတ်ကနေရှစ်ပတ်အတွင်းအတွင်းအပြင်ကုသနည်းနှစ်မျိုးလုံး ပေါင်းပြီးသုံးချင်သုံးပါမယ်။

    Chemoradiation

    အပေါ်ကပြောသွားသလိုဘဲတစ်ခါတစ်လေဓါတ်ရောင်ခြည်ကုသမှုနဲ့ ဆေးဝါးတွေပေါင်းစပ်ပြီးကုနိုင်ပါတယ်။ ဒါကိုchemoradiationလို့ခေါ်ပါတယ်။ ဒါကကင်ဆာအစောပိုင်းအဆင့်တွေမှာရော နောက်ပိုင်းအဆင့်တွေမှာရောသုံးပါတယ်။Chemotheraphyကသင့်ကို ဆေးသွင်းပေးမှာဖြစ်ပြီးပမာဏပြည့်ရင်ပြန်လို့ရပါပြီ။

    ဓါတ်ရောင်ခြည်ကုသမှုမှာတော့ကျန်းမာနေတဲ့တစ်ရှူးတွေကိုလည်းထိခိုက်စေနိုင်ပြီးဆိုးကျိုးလေးတွေလည်းရှိပါတယ်။ တချို့Chemotheraphy ဆေးတွေကသင့်ကျောက်ကပ်ကိုပျက်စီးစေပါတယ်။ ဒါကြောင့်သင့်ကျောက်ကပ်ကျန်းမာအောင်ထိန်းသိမ်းဖို့အတွက် သွေးမှန်မှန်စစ်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement