backup og meta

အီစထရိုဂျင်တုံ့ပြန် receptor များ ရှိသော ရင်သားကင်ဆာ (ER ရင်သားကင်ဆာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အီစထရိုဂျင်တုံ့ပြန် receptor များ ရှိသော ရင်သားကင်ဆာ (ER ရင်သားကင်ဆာ)

    Estrogen ကို တုန့်ပြန်တဲ့ ဆဲလ်တွေ ပွားလာစေတဲ့ receptors တွေ ရှိတဲ့ကင်ဆာကို ER breast Cancer လို့ ခေါ်ပါတယ်။ ကင်ဆာအမျိုးအစားတွေနဲ့ ဘယ်ကို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ကြရအောင်။

    အခုမှ ရင်သားကင်ဆာဖြစ်သူတွေဟာ ရင်သားကင်ဆာဟာ တစ်မျိုးတည်းမဟုတ်ပဲ အမျိုးအစား အများကြီးရှိတယ်ဆိုတာ သိရင် အံ့သြကြမှာပါ။ မတူညီတဲ့ ရင်သားကင်ဆာ အမျိုးအစားတွေအကြောင်းကို လေ့လာသင်ယူခြင်းဟာ ကုသမှုအမျိုးအစားတွေ၊ ကုသမှု တိုးတက်ခြင်းတွေကို နားလည်ဖို့ ကူညီပေးနိုင်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစား တစ်မျိုးစီဟာ အခြားအမျိုးအစားတွေနဲ့ မတူညီပဲ တစ်ပုံစံစီ ပြုမူကြတာကြောင့် ကုသမှု အမျိုးမျိုးကို လိုအပ်ပါတယ်။

    အကျိတ်ကို ကိုယ်ခန္ဓါက ဖယ်ရှားပြီး အသားစ ယူပြီးတဲ့အခါမှာ ရောဂါရှာဖွေတဲ့ ဆရာဝန်တွေဟာ ကင်ဆာ အမျိုးအစားတွေကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို Pathology report ထဲမှာ ထည့်သွင်း ရေးသားမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ကို သင့်ရောဂါအချက်အလက်တွေထဲမှာ pathology report ကို ကော်ပီကူးပြီး ထည့်ထားဖို့ တောင်းဆိုနိုင်ပါတယ်။ ဒီ report ပေါ်မှာ တွေ့ရမယ့် အတွေ့ရများတဲ့ ရင်သားကင်ဆာကတော့ ER-positive ပဲ ဖြစ်ပါတယ်။

    ER+ ကင်ဆာဆိုတာဘာလဲ။

    ER+ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေရဲ့ ရင်သားအကျိတ်ဟာ estrogen ကို တုန့်ပြန်တဲ့ receptor တွေ ပါတဲ့ ကင်ဆာကို ဆိုလိုခြင်းဖြစ်ပါတယ်။ Estrogen ဟာ သဘာဝအတိုင်း ကိုယ်ခန္ဓါက ထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ER+ ကင်ဆာ ပြန်ဖြစ်တာကို ကာကွယ်ဖို့အတွက် Estrogen တွေ ဒီဆဲလ်တွေဆီရောက်တာကို တားမြစ်ပေးဖို့ လိုအပ်ပါတယ်။

    ရင်သားကင်ဆာ သုံးခုမှာ နှစ်ခုဟာ ဟော်မုန်းပေါ်ကို မှီခိုမှု ရှိပါတယ်။ ER+ ကင်ဆာတွေဟာ PR+ ဖြစ်ပြီး သူတို့ဟာ ဟော်မုန်း progesterone ကို တုန့်ပြန်ပြီး ကြီးထွားကြပါတယ်။ ဒါဟာ အမြဲပြဿနာတော့ မဟုတ်သေးပါဘူး။

    လေ့လာမှုတွေအရ ER+ ကင်ဆာတွေဟာ ရင်သားကင်ဆာတွေထဲမှာ တိုးတက်မှု အကောင်းဆုံးဖြစ်ပြီး ကုသမှုကိုလည်း ကောင်းကောင်း တုန့်ပြန်ကြပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာ အကုန်ကတော့ ကုသမှုပြီးချိန်မှာ ပြန်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ER+ ကင်ဆာတွေကို ကုသမှု ပြီးချိန်မှာ ကင်ဆာပြန်ဖြစ်တာကို ကာကွယ်ဖို့ ဆေးပေးကြခြင်းပဲ ဖြစ်ပါတယ်။

    ER+ ကင်ဆာတွေကို ကုသမှု

    ကုသမှုတွေဟာ အခြားရင်သားကင်ဆာ အမျိုးအစားတွေနဲ့ အနည်းနဲ့အများ တူညီပါတယ်။ ခွဲစိတ်ကုသခြင်း (ရင်သားတစ်ခုလုံး ထုတ်ခြင်းနဲ့ တစ်စိတ်တစ်ပိုင်း ထုတ်ခြင်း) တွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းတွေကိုပါ ခွဲစိတ်မှုပြီးရင် ပြုလုပ်မှာ ဖြစ်ပါတယ်။

    အကျိတ်ကို ဖယ်ရှားပေးပြီး အခြားကုသမှုတွေ ပြည့်စုံသွားရင် ကင်ဆာပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ anti-hormonal ဆေးကို ပေးနိုင်ပါတယ်။ ဒီဆေးတွေကို အိမ်မှာ သောက်သင့်ပါတယ်။ ဆေးတွေကို ငါးနှစ်သောက်သင့်ပါတယ်။ The Lancet ထဲမှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှု တစ်ခုက ဆေးတွေကို ကင်ဆာပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ၁၀ နှစ်သောက်သင့်တယ်လို့ ဆိုပါတယ်။

    ဆေးအမျိုးအစားများ

    Anti-estrogen ဆေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးစီက မတူညီစွာ အလုပ်လုပ်ကြပါတယ်။ တစ်မျိုးက ရင်သားကင်ဆာဆဲလ်တွေပေါ်မှာ ရှိတဲ့ estrogen receptor တွေကို လှုံ့ဆော်ပေးပြီး နောက်တစ်မျိုးကတော့ ကိုယ်ခန္ဓါက estrogen ထုတ်ခြင်းကို တားမြစ်ပေးပါတယ်။

    Tamoxifen

    Tamoxifen ကို ရင်သားကင်ဆာဆဲလ်တွေပေါ်က estrogen receptors တွေကို ပိတ်ဖို့ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေမှာ အသုံးပြုပါတယ်။ ဒီဆေးဟာ ပုံမှန်အားဖြင့်တော့ စိတ်ချရပြီး အသုံးပြုနေတာ နှစ်၃၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အဖြစ်များတဲ့ ဆိုးကျိုးတွေကတော့ စိတ်ပြောင်းလဲမှုများ၊ အရိုးနာကျင်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ ရှိန်းတိန်းဖိန်းတိန်းဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သူဟာ သားအိမ်ကို ထူစေပြီးတော့ ရှားရှားပါးပါး သားအိမ်ကင်ဆာနဲ့ သွေးခဲခြင်းကို ဖြစ်စေပါတယ်။ ဒီဆေးသောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပြီး ပုံမှန်မဟုတ်နဲ့ လက္ခဏာတွေ ဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    Aromatase inhibitors

    နောက်ဆေးတစ်မျိုးကတော့ Aromatase inhibitors ဖြစ်ပြီး သူ့ကို သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ ပေးကြပါတယ်။ သူတို့ဟာ Estrogen ထုတ်လုပ်မှုကို ရာသက်ပန် ရပ်တန့်ပေးတဲ့ ဆေးတွေဖြစ်ပါတယ်။ အသုံးအများဆုံး ဆေးတွေကတော့ letrozole (Femara), anastrozole (Arimidex), and exemestane (Aromasin) ပဲ စြဖ်ပါတယ်။ ဒီဆေးတွေဟာ အရိုး၊ အဆစ်နာကျင်ခြင်းကို ဖြစ်စေပေမယ့် သွေးခဲခြင်းနဲ့ သားအိမ်နံရံထူခြင်းတွေကိုတော့ မဖြစ်စေပါဘူး။

    Ovarian Oblation

    ER+ ရင်သားကင်ဆာ တွေရဲ့ ကုသမှု နောက်တစ်မျိုးကတော့ Ovarian Oblation ပဲဖြစ်ပါတယ်။ ဒါဆို ဆေးတွေဖြစ်တဲ့ Leuprorelin (Lupron) ၊ ဓါတ်ရောင်ခြည်၊ ခွဲစိတ်မှုတွေနဲ့ ပြုလုပ်လို့ ရပါတယ်။ ဒီခွဲစိတ်မှုကို oophorectomy လို့ခေါ်ပြီး သားဥအိမ်ကို ထုတ်ခြင်း ပါဝင်ပါတယ်။ oophorectomy ဟာ ပြင်းထန်တဲ့ ခွဲစိတ်မှု တစ်ခု ဖြစ်ပြီးတော့ အမျိုးသမီး တစ်ယောက်ရဲ့ ဘဝမှာ သိသာတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတာကြောင့် သေချာ စဉ်းစားသင့်ပါတယ်။

    Ovarian Oblation ဟာ ပြန့်နေတဲ့ ရင်သားကင်ဆာတွေကို ကုသဖို့နဲ့ BRCA gene ရှိတဲ့ လူနာတွေကို ကုသဖို့ အသုံးပြုပါတယ်။ ဒီလုပ်ငန်းစဉ်ကို ကင်ဆာ အဆင့်နိမ့်တဲ့ လူနာတွေမှာ အသုံးပြုဖို့ လေ့လာနေဆဲဖြစ်ပါတယ်။

    Estrogen blockers and metastatic cancer

    Estrogen blockers တွေဟာ ပြန့်နေတဲ့ ER+ ကင်ဆာတွေကို ထိန်းချုပ်ဖို့ အလွန် အစွမ်းထက်ပါတယ်။ အချို့သူတွေက သူတို့ဟာ ဆေးကုသမှုအတွက် ကြီးမားတဲ့ သေနတ်တွေ မဟုတ်ဘူးလို့ ယုံကြည်ကြပေမယ့် သူတို့ဟာ ကင်ဆာဆဲလ်တွေကို ပိတ်ပင်တဲ့နေရာမှာ ဆေးသွင်းကုသမှုလိုမျိုးပဲ အစွမ်းထက်ကြပါတယ်။ ဒီ blockers တွေဟာ ဆေးသွင်း ကုသမှုထက်ပိုပြီး ဆိုးကျိုးနည်းပါးပြီးတော့ ကင်ဆာ ပြန်ဖြစ်ခြင်း (သို့) ပြန့်နှံ့ခြင်းကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement