backup og meta

ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ

    ကင်ဆာကုထုံးအားလုံးက ကိုယ်ခံအားစနစ်အပေါ်ကို သက်ရောက်မှုရှိပါတယ်။ အစာအာဟာရက ကိုယ်ခံအား စနစ်ကိုကြံ့ခိုင်အောင်ထိန်းသိမ်းရာမှာအရေးပါတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်အားလုံးဟာ ကြီးထွားဖို့နဲ့ လုပ်ငန်းစဉ်တွေလုပ်ဆောင်နိုင်ဖို့အတွက် အာဟာရဓါတ်တွေကိုလိုအပ်ပါတယ်။

    ဗီတာမင်၊သတ္တုဓါတ်၊ အဆီဓါတ်၊ကယ်လိုရီနဲ့ပရိုတင်းစားသုံးမှုတွေ လျော့နည်းလာပါက ဆဲလ်တွေက လုံလောက်တဲ့ အာဟာရ ဓါတ်ကို မရရှိတာကြောင့် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုအနေအထားကလည်းပြောင်းလဲသွားနိုင်ပါတယ်။ အာဟာရဓါတ်ချို့တဲ့မှုက ကိုယ်ခံအားစနစ်ကို ရောဂါပိုးမွှားတွေ ရှာဖွေဖျက်ဆီးရာမှာ ထိရောက်မှုအားနည်း စေပါတယ်။

    အာဟာရဓါတ်ချို့တဲ့နေမယ်ဆိုရင် ကူးစက်ရောဂါတွေ ပုံမှန်ထက်ပို၍ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက်အထောက်အပံ့ဖြစ်အောင် ကယ်လ်လိုရီ၊ ပရိုတင်းနဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေလုံလောက်စွာပါဝင်အောင်ဂရုပြုစားသုံးပေးပါ။

    ခွဲစိတ်ကုသမှု

    အကြီးစားခွဲစိတ်ကုသမှုတိုင်းဟာ ခုခံအားကျဆင်း စေသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းကိုသဲသဲကွဲကွဲမသိရသေးပါ။ ခွဲစိတ်ကုသမှုခံယူပြီး နာရီပိုင်းအတွင်းမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုဟာကျဆင်းသွားနိုင်ပါတယ်လို့ သုတေသီတွေက မှတ်ချက် ပြုခဲ့ပါတယ်။

    ခွဲစိတ်မှုမှာအသုံးပြုတဲ့ မေ့ဆေး/ထုံဆေးက ကိုယ်ခံအားစနစ်ကိုကျဆင်းစေမှုမှာ အဓိကကျတဲ့အခန်းကဏ္ဍ ကနေပါဝင်နေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ်အပြည့်အဝပြန်လည်ကောင်းမွန် လာစေဖို့အတွက် ၁၀ ရက်ကနေ လအတော်ကြာတဲ့အထိအချိန်ယူရပါတယ်။

    ခွဲစိတ်ကုသမှုဟာ တစ်ခါတရံမှာ အရေပြားနဲ့ အချွဲမြှေးပါး (mucous membrane)ကို ထိခိုက်စေသလို အတွင်းပိုင်းတစ်သျှူးတွေကို ရောဂါပိုးမွှားတွေနဲ့ထိတွေ့စေတာ ကြောင့် ကူးစက်ရောဂါဝင်ရောက်နိုင်ခြေကိုမြင့်မားစေပါတယ်။

    အထက်ပါအကြောင်းအချက်တွေကြောင့် ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ အချိန်ပေးပြီးအနားယူသင့်သလို အောက်ဖော်ပြပါအနေအထားတွေကနေ နလန်ထူလာနိုင်စေဖို့အတွက်လည်း အချိန်ယူသင့်ပါတယ်။

    ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါအဆင့်သတ်မှတ်ခြင်း နဲ့ ကုသခြင်းတွေမှာ ခွဲစိတ်ကုသမှုကို အသုံးပြုလေ့ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရနိုင်ခြေများစေတဲ့အကြောင်းအရင်းတွေက ခွဲစိတ်မှုခံယူပြီးတဲ့ နောက် ဆေးရုံမှာတက်ရောက်ကုသမှုခံယူရတဲ့အချိန်ကာလအပိုင်းအခြား၊ ခွဲစိတ်ကုသခံယူရမှုအတိုင်းအတာ၊ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်ကာလ၊ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း ကုန်ဆုံးခဲ့တဲ့သွေးပမာဏ၊ အာဟာရဆိုင်ရာ အခြေအနေ၊ခွဲစိတ်တဲ့နေရာကို ဓါတုကုထုံးနဲ့ကုသတာနဲ့ ဓါတ်ရောင်ခြည်ကုထုံးလိုမျိုး ကင်ဆာအစောပိုင်းအဆင့် ကုသမှု ခံယူရတာ၊ဆီးချိုရောဂါလိုမျိုး အခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေပဲဖြစ်ပါတယ်။

    ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေ ကခန္ဓါကိုယ်ထဲကိုကူးစက်ရောဂါပြန့်နှံ့ဝင်ရောက်လေ့ရှိတဲ့နေရာတွေဖြစ်တာကြောင့် ကူးစက်ရောဂါ ခံစားရနိုင်ခြေ နည်းစေဖို့ ခွဲစိတ်ကုသမှုမလုပ်ဆောင်ခင်မှာ ပဋိဇီဝဆေးဝါးကြိုတင် သောက်သုံးစေတာမျိုးလည်း ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကူးစက်ရောဂါပိုးကူးစက်ခံရတဲ့လက္ခဏာတွေကို ဂရုပြုစောင့်ကြည့်သွားရ မှာဖြစ်ပါတယ်။

    ဓါတုကုထုံး

    ဓါတုကုထုံးက ကင်ဆာကုထုံးခံယူနေတဲ့သူတွေမှာ ရိုးတွင်းခြင်ဆီလုပ်ငန်းများကို ဖိနှိပ်တားဆီး၍ သွေးဆဲလ်ထုတ်လုပ်မှုကျဆင်းခြင်း (Myelosuppression) ကိုဖြစ်ပေါ်ခံစားရစေတဲ့အဓိကကျတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

    Myelosuppression ပြင်းထန်ရတဲ့အကြောင်းအရင်းကဓါတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါး၊ ဆေးကုသမှုခံယူရတဲ့အချိန်၊အရင်ကကင်ဆာကုသမှုခံယူခဲ့ဖူးတဲ့ အကြောင်းအရင်း၊ အသက်အရွယ်၊ အာဟာရပမာဏ၊ကင်ဆာအမျိုးအစားနဲ့ ခံစားနေရတဲ့ကင်ဆာရောဂါရဲ့အဆင့်တွေကြောင့် ဖြစ်ပါတယ်။ ကုထုံးမှာအသုံးပြုတဲ့အချို့ဆေးတွေက အခြားအစိတ်အပိုင်းတွေထက် ရိုးတွင်းခြင်ဆီပေါ်ကို ပိုမိုသက်ရောက်မှုရှိစေပါတယ်။

    ဓါတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါးတွေကို ရိုးတွင်းခြင်ဆီတွေကို ဖျက်ဆီးပစ်တဲ့ အရာလို့တောင်ဆိုလို့ရပါတယ်။ ဓါတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဥဆဲလ်အားလုံးရဲ့ ဖြစ်ပေါ် ထုတ်လုပ်မှုတွေကိုထိခိုက်စေပါတယ်။ ဓါတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဖြူဥဆဲလ်တွေ၊သွေးနီဥ ဆဲလ်တွေ နဲ့သွေးဥမွှားတွေရဲ့ထုတ်လုပ်မှုအပေါ် သက်ရောက်ထိခိုက်မှုပုံစံကတော့ကွဲပြားပါတယ်။ သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုက ဓါတုကုထုံးဆေးဝါးတွေရဲ့ထိခိုက်မှုကို ပိုမိုခံစားရပါတယ်။

    ဇီဝကုထုံး

    ဇီဝကုထုံး(biologic therapy သို့မဟုတ် immunotherapy)က ကိုယ်ခံအားစနစ်ရဲ့ ကင်ဆာဆဲလ်တွေကို သိရှိတုံ့ပြန်နိုင်စွမ်းကိုတိုးတက်လာစေဖို့ရည်ရွယ်ပြုလုပ် ထားတဲ့ ကုထုံးဖြစ်ပါတယ်။

    သည်ကုထုံးက ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်တွေကို ဓါတ်ပြုဆန့်ကျင်ဖို့ လှုံ့ဆော်ပေးတယ်ဆိုပေမယ့် သည်ကုထုံးကတစ်ခါတလေမှာ ကိုယ်ခံအားစနစ်က ကူးစက်ရောဂါတွေကိုတိုက် ဖျက်ရာမှာအဟန့်အတားဖြစ်စေတာမျိုးလည်းရှိပါတယ်။

    ဇီဝကုထုံးခံယူမယ်ဆိုပါက ခုခံအားကျဆင်းခြင်းနဲ့ သွေးဖြူဥဆဲလ်အရေအတွက်တွေကျဆင်းခြင်းကိုခံစားရနိုင်ပါတယ်။

    ဓါတ်ရောင်ခြည်ကုထုံး

    ခန္ဓါကိုယ်မှာဓါတ်ရောင်ခြည်ကုထုံးခံယူဖူးတာမျိုးမရှိရင်ပဲဖြစ်ဖြစ် ရိုးတွင်းခြင်ဆီအများအပြားထုတ်လုပ်တဲ့ တင်ပါးဆုံရိုး၊ရင်ညွှန့်ရိုးနဲ့ကျောရိုးတွေကို ဓါတ်ရောင်ခြည်ကုထုံးနဲ့ကုသမှုမခံယူဖူးဘူးဆိုရင်ပဲဖြစ်ဖြစ်ဓါတ်ရောင်ခြည်ကုထုံးကြောင့်သွေးဆဲလ်ပမာဏအလွန်အမင်းလျော့နည်းတာမျိုးခံစားရနိုင်ခြေတော်တော်ကို နည်းပါးသွားမှာဖြစ်ပါ တယ်။

    ဓါတ်ရောင်ခြည်ကုထုံးဟာ ကုသမှုခံယူချိန်မှာခန္ဓါကိုယ်ရဲ့ တစ်နေရာထဲကိုဓါတ်ရောင်ခြည်ပေးပြီး ကုသတာဖြစ်ပါတယ်။(Chemotherapy ဓါတုကုထုံးများကတော့ ခန္ဓါကိုယ်တစ်ခုလုံးကို ပျံ့နှံ့စေသော ကုသနည်း ဖြစ်တယ်) အသုံးပြုတဲ့ဆေးအချိန်အဆနဲ့ဓါတ်ရောင်ခြည်ကုထုံးအမျိုးအစားအပေါ်မှာမူတည်ပြီး အရေပြားနဲ့အတွင်းပိုင်းကျိချွဲမြှေးတွေကိုထိခိုက်ပျက်စီးစေနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီကို ရောဂါပိုးမွှားတွေ ဝင်ရောက်မှုကနေ ကာကွယ်နိုင်စွမ်းကျဆင်းစေတာမျိုးဖြစ်ပေါ်စေပါတယ်။

    ယနေ့ခေတ် ဓါတ်ရောင်ခြည်ကုထုံး တွေမှာတော့ တစ်ကြိမ်တည်းဆေးပမာဏများများနဲ့ကုသတာထက် အကြိမ်ရေခွဲ၍ကုသတဲ့နည်းလမ်းကိုအသုံးပြု နေပါတယ်။ သည်နည်းလမ်းက Myelosuppression နဲ့ကူးစက်ရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေ တွေကိုနည်းအောင်ကူညီပါတယ်။

    တကယ်လို့ ဓါတ်ရောင်ခြည်ကုထုံး ကုသမှုခံယူရတဲ့ကိုယ်ခန္ဓါအစိတ်အပိုင်းနေရာမှာ အရိုးတွေရှိခဲ့မယ်ဆိုရင် ဓါတ်ရောင်ခြည်ကုထုံးရဲ့ ရိုးတွင်းခြင်ဆီဆဲလ်တွေအပေါ်သက်ရောက်မှုက ဓါတုကုထုံးကြောင့် ရိုးတွင်းခြင်ဆီ ဆဲလ်တွေအပေါ်သက်ရောက်မှုနဲ့အတူတူပဲဖြစ်တယ်။

    ကုထုံးရဲ့သက်ရောက်မှုကြောင့် သွေးအားနည်းခြင်း သို့မဟုတ် သွေးဖြူဥဆဲလ် လျော့နည်းခြင်းကို ခံစားရနိုင်ကာကူးစက်ရောဂါဝင်ရောက်နိုင်ခြေကိုတိုးစေ ပါတယ်။ ဓါတ်ရောင်ခြည်ကုထုံးမှာအသုံးပြုတဲ့ ဆေးအချိန်အဆ၊ ကုထုံးခံယူမှုအကြိမ်ရေနဲ့ ဓါတ်ရောင်ခြည်ကုထုံး ခံယူတဲ့နေရာတည့်တည့်မှာရှိနေတဲ့ ရိုးတွင်းခြင်ဆီဆဲလ်ပမာဏက ဓါတ်ရောင်ခြည်ကုထုံးကြောင့် Myelosuppression ဖြစ်တဲ့ပမာဏပေါ် သက်ရောက်မှုရှိပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement