backup og meta

ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။

    ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။

    အားလပ်ရက်တွေဟာ ဆီးချိုသမားတွေအတွက် အင်မတန်စိုးရိမ်ရတဲ့ အချိန်ပါပဲ။ အစားအသောက်တွေအပေါ် အာရုံစိုက်ရလွန်းလို့ ဖြစ်ပါတယ်။

    ဘာစားရမလဲ ဘယ်လောက်စားရမလဲ မေးခွင့်မရှိတာကြောင့် အားလပ်ရပ်တွေအတွက် စိတ်မပါဖြစ်နေတတ်ပါတယ်။

    ကြိုတင်ပြင်ဆင်ထားရင်တော့ သိပ်စိတ်ပူစရာမလိုဘဲ ကုသပိုင်းဆိုင်ရာလည်း လမ်းမလွဲဘဲ အားလပ်ရက်ကို အပြည့်အ၀ ခံစားနိုင်ပါတယ်။

    စားချိန်အတွက် စဉ်းစားပါ

    မိသားစုတော်တော်များများဟာ ပိတ်ရက်တွေမှာ စားချိန်မမှန်ကြပါဘူး။ ဥပမာအနေနဲ့ ကျေးဇူးတော်နေ့ညစာကို မွန်းလွဲပိုင်းမှာ စားကြပါတယ်။ သင့်ရဲ့စားချိန်ဟာ ပုံမှန်အချိန်ဇယားနဲ့ မကိုက်ညီရင် ဘယ်လို အပြောင်းအလဲလုပ်ရမယ်ဆိုတာ ကြိုပြင်ထားပါ။

    အင်ဆူလင်ထိုးမယ်ဆိုရင် ဆီးချိုကျဆေးသောက်မယ်ဆိုရင် ပုံမှန်စားရမယ့်အချိန်မှာသားရေစာတခုခု စားသင့်ပါတယ်။ ဒါမှ ဂလူးကို့စ်ဓါတ်နည်းသွားတာမျိုးကို ကာကွယ်နိုင်ပါမယ်။ သင့်ကို ကုသနေသူတွေနဲ့ တိုင်ပင်ပါ။

    ကိုယ်လက်လှုပ်ရှားပါ

    နည်းနည်းပိုစားမိတာကို ပြန်ကာမိအောင် ပုံမှန်ထက် ပိုလှုပ်ရှားတာ အကောင်းဆုံးနည်းလမ်းပါ။ စားစရာတွေနားကနေ ရှောင်နေတဲ့ အကျင့်သစ်ကို မွေးမြူပါ။

    မိသားစုနဲ့ လမ်းလျှောက်ထွက်ပါ။ ပန်းကန်ပြားပျံလေထဲပစ်ဆော့ပါ။ ဘောလုံးကန်ပါ။ ကလေးများ၊ မြေးများ၊ အိမ်နီးချင်းကလေးများနဲ့ ဘောလုံးကစားပါ။

    သင်ကြိုက်တဲ့ပိတ်ရက်ရဲ့စားစရာတွေကို ကျန်းမာရေးအမြင်နဲ့သုံးသပ်ပါ

    အသားငါး ဟင်းသီးဟင်းရွက်တွေကိုပေါင်းပြီး ပြုတ်စားရတာ ပုံမှန်စားစရာထက် အဆီနည်းပြီး အရသာမလေးဘဲ စားလို့ကောင်းပါတယ်။ ပဲစိမ်းစေ့တွေကို ပေါင်းစားတာဟာ ထောပတ်နဲ့ကြော်စားတာထက် သင့်တော်ပါတယ်။ သစ်သီးစိတ်တွေကို သကြားနည်းနည်းနဲ့ပဲ တို့စားပါ။ သစ်သီးတွေရဲ့ သဘာဝအချိုဓါတ်ဟာ သကြားအများကြီးသုံးစရာ မလိုပါဘူး။

    တဖြည်းဖြည်းစားခြင်း

    သင်ချက်ပြုတ်နေစဉ် သို့ စောင့်ဆိုင်းနေစဉ် အစာကို တစွတ်စွတ်စားပါ။ သင်ရွေးချယ်တဲ့ စားစရာတွေဟာ သင့်ဆီးချိုကိုတက်စေမယ့် အရာတွေ မဟုတ်စေဖို့တော့ ဂရုစိုက်ပါ။ အသားငါး အသီးအရွက်ပြုတ်များပါတဲ့ တပန်းကန်လောက်နဲ့ သင့်စိတ်တိုင်းကျ ကယ်လိုရီနည်းတဲ့အစာများ၊ အဆီနည်းတဲ့ ဒိန်ခဲများကို ရွေးချယ်ပါ။ ကယ်လိုရီများတဲ့ အစာများ၊ ဆီကြော်မုန့်များ မစားပါနှင့်။

    ရွေးချယ်တတ်ပါ

    ကျေးဇူးတော်နေ့ရဲ့ စားစရာတွေဖြစ်တဲ့ အာလူးပေါင်း၊ ကန်စွန်းဥ၊ အစာသွတ်မုန့်၊ ပေါင်မုန့်လုံး၊ အချဉ်ရေ၊ ဖရုံသီးမုန့်နဲ့ တခြား အချိုတည်းစရာတွေဟာ ကစီဓါတ်များတတ်ပါတယ်။

    စားပွဲပေါ်က ရှိသမျှကို မြည်းစမ်းကြည့်စရာ မလိုပါဘူး။

    သင့်အတွက် မျှတရုံလောက်ပဲယူပြီး ကျန်တာကို လက်ဆင့်သာကမ်းလိုက်ပါ။ ဥပမာ အစာသွတ်မုန့်ကို စားချင်ရင် ပေါင်မုန့်လုံးကို ထပ်မရွေးပါနဲ့တော့။ ကန်စွန်းဥ ဒါမှမဟုတ် အာလူး တခုခုကိုသာ ရွေးချယ်ပါ။

    အားလုံးကိုစားချင်နေရင် အတိုင်းတာကိုတော့ လျှော့စားပါ။

    လျှော့စားပါ

    ကျေးဇူးတော်နေ့စားစရာတွေမှာ ကစီဓါတ်များတဲ့ စားစရာတွေ များတတ်တာကြောင့် ချင့်ချိန်စားပါ။ ကစီဓါတ်ပါတဲ့ စားစရာ တမျိုးနဲ့ နှစ်မျိုး ဘယ်လိုစားရမလဲ မသိရင် အားလုံးကိုယူပြီး နည်းနည်းပဲစားပါ။

    ပုံမှန်တနေ့စာ ကစီဓါတ်စားသလောက်ပဲ စားပါ။

    အသီးအရွက်စားပါ

    အသီးအရွက်ဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကံမကောင်းတာက အားလပ်ရက်စားစရာစာရင်းမှာ အသီးအရွက်တွေဟာ နည်းနည်းပဲ ပါနေပါတယ်။ ကျွန်တော်တို့ဟာ စားပွဲဝိုင်းကို စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ပြင်ဆင်ရပါတယ်။ ဒီနေရာမှာ အရောင်အသွေးစုံတဲ့ အသီးအရွက်တွေကို ဘာလို့ မထည့်နိုင်ရမလဲ?

    အသီးအရွက်တွေဟာ အရောင်အသွေးစုံပြီး အာဟာရဓါတ်လည်း အများအပြား ပါဝင်ပါတယ်။ အသီးအရွက်သုတ်ဖြစ်ဖြစ်၊ အရွက်ပြုတ်များဖြစ်ဖြစ် ပြင်ဆင်ပါ။

    ကစီဓါတ်နည်းတဲ့ စားစရာတေါဟာ ကယ်လိုရီပါတာ နည်းပါတယ်။ အဲဒီစားစရာတွေဟာ သင့်ကိုဗိုက်ပြည့်စေပြီး ကယ်လိုရီများတဲ့ အဆီများတဲ့ တခြားစားစရာတွေကို ရှောင်သွားပြီးသား ဖြစ်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement