backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tothema (တော့တ်ဟီးမား)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Tothema (တော့တ်ဟီးမား) ကို ဘာအတွက်အသုံးပြုကြသလဲ

Tothema® သည် သံဓါတ်ထောက်ပံ့ဆေး ဖြစ်သည်။ သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ ကို ကုသရန် သုံးသည်။

Tothema (တော့တ်ဟီးမား) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ပါးစပ်မှ သောက်ပါ။ ဆေးကို အချိုရည်တွင် ဖျော်ပြီး သောက်ပါ။ ဆေးကို အစာ မစားမီ သောက်သင့် သည်။ သို့သော် တစ်ခါတစ်ရံ ဆေးသောက်သည့် အချိန်နှင့် ပမာဏကို အစာခြေနိုင်မှုပေါ်မူတည်၍ အလိုက်သင့် ပြောင်း လဲနိုင်သည်။

Tothema (တော့တ်ဟီးမား) ဘယ်လိုသိမ်းဆည်းရမလဲ

Tothema® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Tothema® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Tothema® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Tothema® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tothema (တော့တ်ဟီးမား) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

လက်ဖက်ရည် အများကြီးသောက်ခြင်းသည် သံဓါတ် စုပ်ယူမှုကို ပိတ်ပင် ဟန့်တားသည်။ နေ့စဉ် အစာတွင် ဆေး တစ်လုံးအတွက် sucrose သကြား ၃ ဂရမ်ကို ထည့်စားပါ။ ကလေးငယ်များတွင် ချို့တဲ့မှုကာကွယ်ခြင်းမှာ အစာ စားသုံး မှု ကွဲပြားခြင်းအပေါ် အခြေခံသည်။ သင်လက်ရှိ ခံယူနေ သော ကုသမှုများအားလုံးကို သင့် ဆရာဝန်အား စနစ်တကျ ပြောပြပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tothema (တော့တ်ဟီးမား) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်တွင် Tothema® သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ Tothema® မသောက်မီ ဖြစ်ပေါ်နိုင်သော ကောင်းကျိုး နှင့် ဆိုးကျိုးကို ချိန်ညှိရန် ဆရာဝန် နှင့် အမြဲ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tothema (တော့တ်ဟီးမား) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဤဆေးကို သုံးခြင်းဖြင့် ဖြစ်ပေါ်နိုင်သော ဘေးထွက် ဆိုးကျိုး အချို့မှာ-

  • ဝမ်းအရောင် မည်းခြင်း
  • အစာခြေခြင်းနှင့်ဆိုင်သော လက္ခဏာများ။ ဥပမာ- အစာအိမ်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Tothema (တော့တ်ဟီးမား) နဲ့ ဓါတ်ပြုနိုင်သလဲ

Tothema® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Tothema (တော့တ်ဟီးမား) နဲ့ ဓါတ်ပြုနိုင်သလား

Tothema® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tothema (တော့တ်ဟီးမား) နဲ့ ဓါတ်ပြုနိုင်သလဲ

Tothema®သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tothema (တော့တ်ဟီးမား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ထောက်ခံထားသော ပမာဏမှာ တစ်ရက်လျှင် သံဓါတ် ၁၀၀ မှ ၂၀၀ မီလီဂရမ် သို့မဟုတ် Tothema® ၂-၄ ပုလင်း ဖြစ်သည်။

  • ကာကွယ်ကုသခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီး။ ထောက်ခံထားသော ပမာဏမှာ ကိုယ်ဝန်၏ နောက်ဆုံး ၄ပုံ ၂ပုံ ( ၄လမြောက်) တွင် တစ်နေ့ သံဓါတ် ၅၀ မီလီဂရမ် သို့မဟုတ် Tothema® ၁ ပုလင်း ဖြစ်သည်။

  • ကုသမှုကြာချိန

ကြာချိန်သည် သွေးအားနည်းရောဂါ ပျောက်ပြီး သံဓါတ် ပြန်လည် ပြည့်တင်းသည်အထိ ဖြစ်ရမည်။ ထောက်ခံထား သော ပမာဏမှာ အမျိုးသမီးများတွင် ၆၀၀ မီလီဂရမ် နှင့် အမျိုးသားများတွင် ၁၂၀၀ မီလီဂရမ် ဖြစ်သည်။

သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ။ သံဓါတ် အရန် သိုလှောင်မှုများ ပြတ်လတ်သည့်အပေါ် မူတည်ပြီး ၃-၆ လကြာနိုင်သည်။ သွေးအားနည်းခြင်း၏ အကြောင်းရင်းကို မထိန်းနိုင်ပါက ပိုကြာနိုင်ပါသည်။ ကုသမှု ၃လကြာပြီးမှသာ ဆေးစွမ်း ကို ထိန်းနိုင်သည်။ ၎င်းတွင် သွေးအားနည်းခြင်းကို ကုရန်နှင့် သံဓါတ်ကို ပြန်လည်သိမ်းဆည်းရန် ပါဝင်သည်။ ကုသမှု၏ ကြာချိန်ကို ဂရုစိုက်ပါ။

ကလေးတွေအတွက် Tothema (တော့တ်ဟီးမား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

၁လကျော် ကလေးများနှင့် ကလေးငယ်များ။ ထောက်ခံ ထားသော ပမာဏမှာ တစ်နေ့လျှင် သံဓါတ် ၅-၁၀ မီလီဂရမ် / ကီလို ဂရမ် ဖြစ်သည်။

Tothema (တော့တ်ဟီးမား) ကိုဘယ်လိုရရှိနိုင်သလဲ

Tothema® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

  • ဆေးပုလင်း ၁၀ မီလီလီတာ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tothema® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement