backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Simethicone (စီမီသီကုံး)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Simethicone (စီမီသီကုံး) ကို ဘာအတွက်အသုံးပြုကြသလဲ

Simethicone ကို အစာအိမ်လေပွခြင်း၊ လေလည်ခြင်း။ မအီမသာဖြစ်ခြင်း တို့တွင် အသုံးပြုပါသည်။ ဆေးသည် အစာအိမ်ထဲရှိလေများကို တိုက်ဖျက်ပေးပါသည်။

အထက်ပါဖော်ပြသောရောဂါများတွင် မပါဝင်သော်လည်းဆရာဝန်များ ကတခြား အခြေအနေများကို ကုသရန် ညွှန်ကြားချက်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားမှသာသောက်သုံးပါ။

Simethicone (စီမီသီကုံး) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးလုံး အနေနှင့်သောက်သုံးမည်ဆိုလျှင်

အစားစားပြီးနှင့် ညအိပ်ရာမဝင်မီ ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးရပါမည်။ အလုံးလိုက်သောက်ရပါမည်။ ဝါးစားခြင်းမပြုလုပ်ရပါ။

ပါးစပ်အစက်ချဆေးအနေနှင့် သုံးမည်ဆိုပါက

သေချာချိန်တွယ်နိုင်သောဇွန်းသို့မဟုတ် ခွက်နှင့်တိုင်း၍သောက်သုံးရပါမည်။ အိမ်တွင်ပုံမှန်သုံးနေသောဇွန်းနှင့်ချိန်တွယ်၍မသောက်သုံးရပါ။ မရှိပါက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သာများထံမှတောင်းခံနိုင်ပါသည်။

ဆေးကို ကလေးများအတွက် ရေနှင့်ရော၍သောက်သုံးနိုင်ပါသည်။မေးမြန်းစရာများရှိလျှင် ဆရာဝန်ဆီဆက်သွယ်ပါ။

Simethicone (စီမီသီကုံး) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Simethicone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Simethicone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Simethicone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Simethicone (စီမီသီကုံး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးမီ

  • ကိုယ်ဝန်ဆောင်နေလျှင် နို့တိုက်မိခင်ဖြစ်လျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။
  • အခြားသောဆေးများသောက်သုံးနေပါကဆရာဝန်ကို ကြိုတင်၍ပြောပါ။
  • ယခုဆေးသို့မဟုတ်အခြားသောဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။
  • မိမိတွင် ရောဂါအခံရှိလျှင် ကြိုတင်၍ အကြောင်းကြားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Simethicone (စီမီသီကုံး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

နို့တိုက်ချိန်

သွေးထဲသို့မရောက်ရှိသဖြင့် နို့ထဲတွင် မပါနိုင်ပါ။ နို့တိုက်မိခင်ဖြစ်နေပါက ဆေးသောက်မည်ဆိုလျှင်ဆရာဝန်နှင့် အမြဲတိုင်ပင်ရပါမည်။

ဘေးထွက်ဆိုးကျိုးများ

Simethicone (စီမီသီကုံး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  • ဓါတ်မတည့်သောရောဂါလက္ခဏာများ ဖြစ်သော အရေပြားအနီအကွက်များဖြစ်ခြင်း ၊အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ရောင်ရမ်းလာခြင်း
  • မူးဝေခြင်း
  • အသက်ရှူရခက်ခဲခြင်း တို့ဖြစ်ပေါ်တက်ပါသည်။

လူတိုင်းထိုကဲ့သို့သောဘေးထွက်ဆိုးကျိုးများမခံစားရတတ်ပါ။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများရှိခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Simethicone (စီမီသီကုံး) နဲ့ ဓါတ်ပြုနိုင်သလဲ

Simethicone ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Simethiconeသည် သိုင်းရွိုက် ဟော်မုန်း ၏ စုပ်ယူမှုအားကိုကျဆင်းစေပါသည်။ ထို့ကြောင့် သိုင်းရွိက်ဆေးကိုသောက်သုံးမည်ဆိုပါက Simethicone ဆေးမသောက်သုံးမီ ၄နာရီ မတိုင်ခင်ကြိုသောက်သုံးရပါမည်။

အစားအသောက်တွေနဲ့ အရက်က Simethicone (စီမီသီကုံး) နဲ့ ဓါတ်ပြုနိုင်သလား

Simethicone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Simethicone (စီမီသီကုံး) နဲ့ ဓါတ်ပြုနိုင်သလဲ

Simethicone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

ယခုဆေး၏ အရည်အမျိုးအစားတွင် Phenylalanine ဟုခေါ်သော ဓါတ်ပါဝင်ပါသည်။ ထို့ကြောင့် Phenylketone ဓါတ်များလျှင် အသိပေးထားရပါမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Simethicone (စီမီသီကုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လေချဉ်တက်သော အစာအိမ်ရောဂါများတွင်

  • ထမင်းစားပြီးချိန်နှင့် ညအိပ်ယာဝင်ချိန်များတွင် 40-360mg ထိ ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
  • အများဆုံးသောက်သုံးနိုင်သော ပမာဏမှာ တစ်နေ့လျှင် 500mg ဖြစ်ပါသည်။

ကလေးတွေအတွက် Simethicone (စီမီသီကုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လေပွသော အစာအိမ်ရောဂါများအတွက်

  • ၂နှစ်အောက်ကလေားများတွင် ၂၀ မီလီဂရမ် (ဝ.၃ မီလီလီတာ) ကို ထမင်းစားပြီးနှင့် ညအိပ်ရာဝင်သည့်အချိန်များတွင် သောက်သုံးနိုင်ပါသည်။ ၆နာရီခြားတစ်ခါဖြစ်ပါသည်။ အများဆုံးပမာဏမှာ တစ်နေ့လျှင် ၂၄၀ မီလီဂရမ် ဖြစ်ပါသည်။
  • ၂နှစ်မှ ၁၂ နှစ် အထိ ၄၀ မီလီဂရမ် (ဝ.၆ မီလီလီတာ) ကို ထမင်းစားပြီးနှင့် ညအိပ်ရာဝင်သည့်အချိန်များတွင် သောက်သုံးနိုင်ပါသည်။ ၆နာရီခြားတစ်ခါဖြစ်ပါသည်။ အများဆုံးပမာဏမှာ တစ်နေ့လျှင် ၄၈၀ မီလီဂရမ် ဖြစ်ပါသည်။

Simethicone (စီမီသီကုံး) ကိုဘယ်လိုရရှိနိုင်သလဲ

Simethicone ကို

  • ၈၀ မီလီဂရမ် ဆေးလုံးပုံစံများ
  • ၁၈၀ မီလီဂရမ် ဆေးတောင့်များ
  • ၁၂၅ မီလီဂရမ် ဆေးတောင့်များ
  • ၁၂၅ မီလီဂရမ် ဝါးစား၍ရသောဆေးပြားများ
  • ၈၀ မီလီဂရမ် ဝါးစား၍ရသောဆေးပြားများ
  • ဝ.၆ မီလီလီတာလျှင် ၄၀ မီလီဂရမ် ပါဝင်သော အစက်ချဆေးဝါးများ (ကလေးငယ်များအတွက်)
  • ၆၂.၅ မီလီဂရမ် ပါဝင်သော ကပ်ခွာများ ဖြင့်ရရှိနိုင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Simethicone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement