backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Selsun (ဆယ်လ်ဆန်)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Selsun (ဆယ်လ်ဆန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Selsun ကို အများဆုံးအသုံးပြုကြသည်မှာ ယားယံခြင်း၊ ဦးရေပြား ဘောက်ထခြင်းအတွက် ဖြစ်ပြီး သူဟာ ဘောက်လို့ခေါ်ကြတဲ့ ခြောက်သွေ့တဲ့ အဖတ်တွေကို ဖယ်ရှားပေးပါတယ်။ သူ့ကို မှိုရောဂါပိုး တစ်မျိုးဖြစ်တဲ့ tinea versicolor ကို ကုသဖို့အတွက်လည်း အသုံးပြုပါတယ်။

Selsun ကို ဆေးပညာ လမ်းညွှန်စာအုပ်များမှာ ဖေါ်ပြခြင်းမရှိတဲ့ အကြောင်းအရာများအတွက်လဲ အသုံးပြုခြင်း ရှိနိုင်ပါတယ်။

Selsun (ဆယ်လ်ဆန်) ဘယ်လိုသောက်သုံးသင့်သလဲ

  • Selsun ခေါင်းလျှော်ရည်ဟာ ရွှေ၊ ငွေ၊ နဲ့ အခြား ရတနာတွေကို အရောင်ကျွတ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည် အသုံးမပြုခင် လက်ဝတ်ရတနာတွေ အကုန်လုံးကို ချွတ်ဖို့ အရေးကြီးပါတယ်။
  • ခေါင်းလျှော်ရည်ကို စိုစွတ်နေတဲ့ ဦးရေပြားထဲကို နှိပ်ပြီး ထည့်ပေးပါ။ ဦးရေပြားကို နှစ်မိနစ်ကနေ သုံးမိနစ်အထိ ထားပါ။ ပြီးရင် ရေဆေးချပါ။ နောက်တစ်ခါ ထပ်ပြုလုပ်ပြီး ရေဆေးချပါ။ ခေါင်းလျှော်ရည် အသုံးပြုပြီးတဲ့အခါ လက်ကိုသေချာဆေးပါ။ အကောင်းဆုံးရလဒ်တွေရဖို့အတွက် တစ်ပတ်ကို အနည်းဆုံး နှစ်ခါ (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။
  • ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

Selsun® ပျော့ဆေးကို သေချာစွာ အသုံးပြုရန် အတွက်

  • Selsun ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးရင် Selsun® ဆံပင်ပျော့ဆေးကို အသုံးပြုပါ။
  • Selsun ပျော့ဆေးကို ဦးရေပြားနဲ့ ထိတွေ့ခြင်းကို ရှောင်ကျဉ်ပါ။
  • ဆံပင်ကို မိနစ်အနည်းငယ် နှိပ်နယ်ပြီးတော့ ရေဆေးချပါ။
  • ဘယ်လိုအသုံးပြုရမလဲဆိုတာ သေချာ သိချင်ရင် ကျန်းမာရေး စောင့်ရှောက်သူတွေကို မေးမြန်းနိုင်ပါတယ်။

    Selsun (ဆယ်လ်ဆန်) ဘယ်လိုသိမ်းဆည်းရမလဲ

    ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

    Selsun ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Selsun® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Selsun® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    Selsun ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Selsun (ဆယ်လ်ဆန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    • ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်။ ဘာလို့လဲဆိုတော့ ကလေးရှိနေရင် (သို့) နို့တိုက်နေရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ အသုံးပြုသင့်လို့ပဲ ဖြစ်ပါတယ်။
    • အခြားဆေးတွေ သောက်နေတယ်ဆိုရင်။ တိုင်းရင်းဆေးနဲ့ ဆရာဝန် ညွှန်ကြားချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို ဆိုလိုပါတယ်။
    • Selsun® ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်မှု ရှိရင်။
    • အခြား ရောဂါတွေ ရှိရင်

    ဒီဆေးကို မျက်လုံးနဲ့ ထိတွေ့မှုကနေ ရှောင်ကျဉ်သင့်ပါတယ်။

    Selsun® ခေါင်းလျှော်ရည်ကို ဆံပင် မဆိုးခင်၊ မကောက်ခင် (သို့) ဆိုးပြီး ကောက်ပြီး နှစ်ရက်လောက် ကြာမှသာ အသုံပြုသင့်ပါတယ်။ Selsun® ခေါင်းလျှော်ရည်ကို ဒီဆံပင် ပြုလုပ်မှုတွေ မပြုလုပ်ခင် ခေါင်းပေါ်ကနေ သေချာစွာ ရေဆေးချသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Selsun (ဆယ်လ်ဆန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Selsun (ဆယ်လ်ဆန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    Selsun ဟာ အောက်ဖေါ်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ရရှိစေနိုင်ပါတယ်။

    • ဆံပင်၊ ဦးရေပြား ဆီထွက်ခြင်း (သို့) ခြောက်ခြင်း။
    • ဆံပင်ကျွတ်ခြင်း
    • ဆံပင်အရောင် ပြောင်းခြင်း

    အောက်ဖေါ်ပြပါ လက္ခဏာတွေ တွေ့ခဲ့မယ်ဆိုရင် ဆရာဝန်ကို ချက်ချင်း အကြောင်းကြားသင့်ပါတယ်။

    • ဦးရေပြား ယားယံခြင်း
    • အရေပြား ယားယံခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Selsun (ဆယ်လ်ဆန်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Selsun® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

    အစားအသောက်တွေနဲ့ အရက်က Selsun (ဆယ်လ်ဆန်) နဲ့ ဓါတ်ပြုနိုင်သလား

    Selsun® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Selsun (ဆယ်လ်ဆန်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Selsun® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

    အထူးသဖြင့် အောက်ပါအခြေအနေတွေရှိနေဆိုရင် ဆရာဝန်ကို အသိပေးပါ။

    • အရေပြား ပွန်းပဲ့ခြင်း (သို့) အနာများ
    • အရေပြား ယားယံခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Selsun (ဆယ်လ်ဆန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အရွယ်ရောက်ပြီး သူများနဲ့ အသက် ငါးနှစ်အထက် ကလေးများ – တစ်ပတ်နှစ်ကြိမ်

    ကလေးတွေအတွက် Selsun (ဆယ်လ်ဆန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

    Selsun (ဆယ်လ်ဆန်) ကိုဘယ်လိုရရှိနိုင်သလဲ

    Selsun® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • Selsun® ခေါင်းလျှော်ရည် 1% Selenium Sulfide 5, 50, 100ml.
    • Selsun® ခေါင်းလျှော်ရည် 1.8 % Selenium Sulfide 50, 100ml.
    • Selsun® ဆံပင်ပျော့ဆေး 100ml.

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    သင်သောက်သုံးနေတဲ့ ဆေးတွေအကုန်ကို စာရင်းပြုစုထားဖို့လည်း လိုအပ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement