backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pediasure® (အကြောင်းသိကောင်းစရာ)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pediasure ကိုဘာအတွက်အသုံးပြုကြသလဲ

Pediasure ကို အသက် ၁နှစ်မှ ၁၃နှစ်ထိ ကလေးများအတွက် ပြည့်စုံမျှတသော အာဟာရဓါတ်များ ရရှိစေရန် ရည်ရွယ်ထုတ်လုပ်သည်။ Pediasure သည် ကလေးများ ဖွံ့ဖြိုးကြီးထွားရန် အထောက်အကူပြုကြောင်း ကုသရေးပိုင်းအရ သက်သေပြထားပြီး ဖြစ်သည်။

Pediasure ကို သင့်တော်သောလူနာများအား သင့်တော်သောပမာဏဖြင့်ပေးလျှင် အာဟာရဓါတ်များ ကောင်းစွာရရှိစေနိုင်သည့် ရင်းမြစ်ဖြစ်သည်။

Pediasure ကိုဘယ်လိုသောက်သုံးသင့်သလဲ

Pediasure အမျိုးအစားပေါ် မူတည်ရွေးချယ်ပြီးလျှင် Pediasure အမှုန့်ကို တခါသောက်စာ ရေနှင့်ဖျော်ပါ။ ကျန်နေလျှင် ၂မှ ၄ စင်တီဂရိတ် အအေးဓါတ်တွင် ၂၄နာရီထက် မကျော်စေဘဲ သိမ်းထားရမည်။ PediaSure တွင် ပါဝင်သော ဇွန်းများကိုသာ အသုံးပြုရပါမည်။

Pediasure ကိုဘယ်လိုသိမ်းဆည်းရမလဲ

PediaSure ကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည် မထိတွေ့ရန်၊ မစိုစွတ်မှုမရှိစေရန် သိမ်းဆည်းခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်စေရန် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုပါနှင့်။ PediaSure ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသည့် ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါသည်။ ဆေးဘူးအခွံတွင် ပါသည့် သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။

PediaSure ကို အိမ်သာတွင်း ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းကို မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့လျှင်၊ သက်တမ်း ကုန်ဆုံးသွားလျှင် စနစ်တကျစွန့်ပစ်ရန် အရေးကြီးသည်။ ဆေးဝါးများအား စနစ်တကျ မည်သို့ စွန့်ပစ်ရမည် ဆိုသည်ကို ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pediasure ကိုအသုံးမပြုခင် ဘာတွေသိသင့်သလဲ

Gluten နှင့် Lactose မပါဝင်ပါ။

  • Galactosemia ရှိသောကလေးများတွင် မသုံးရပါ။
  • မိုက္ကရိုဝေ့ဖြင့် ပြန်နွှေးပြီး မသုံးပါနှင့်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pediasure ကိုသုံးစွဲဖို့ စိတ်ချရပါသလား

PediaSure ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ PediaSure ဆေးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေရှိမရှိကို အဆင့် A ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Pediasure ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးဖြစ်ပွားကြောင်း ကြားသိရခြင်း မရှိပါ။ အကယ်၍ မလိုလားအပ်သော ဆိုးကျိုးများ ကြုံတွေ့ရလျှင် ဆရာဝန် (သို့) သူနာပြုများထံ အချိန်မီ ပြသပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pediasure နဲ့ ဓါတ်ပြုနိုင်သလဲ

PediaSure သည် သင်ယခု သောက်သုံးနေသည့် တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများ ဖြစ်နိုင်ကာ ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသည့် ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန်ညွှန်ကြားထားတာသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် သို့် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Pediasure နဲ့ ဓါတ်ပြုနိုင်သလား

PediaSure အစားအသောက် သို့ှမဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဓါတ်ပြုမှုများ ဖြစ်မလာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pediasure နဲ့ ဓါတ်ပြုနိုင်သလဲ

PediaSure သည် သင့်ကျန်းမာရေး အခြေအနေနှင့် ပေါင်းစပ်ဓါတ်ပြုမှုများ ဖြစ်နိုင်ကာ ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်။ လက်ရှိကျန်းမာရေးအခြေအနေ အားလုံးကို သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pediasure ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တဦးချင်းစီ၏ အာဟာရဓါတ်လိုအပ်မှုပေါ် မူတည်၍ တနေ့လျှင် ၂ ကြိမ် ၃ ကြိမ် သုံးစွဲနိုင်သည်။

ကလေးတွေအတွက် Pediasure ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘုယျမားဖြင့် ၁နှစ်မှ ၆နှစ်ထိကလေးများအား တစ်နေ့၁ကြိမ်၊ ၇နှစ်မှ၁၀နှစ်ထိ ကလေးများအား တစ်နေ့၂ကြိမ် တိုက်ကျွေးရန်ဖြစ်သည်။ အစားရွေးလွန်းသော ကလေးဖြစ်လျှင် တစ်နေ့ ၂ကြိမ်၃ကြိမ် တိုက်ကျွေးသင့်သည်။

Pediasure ကိုဘယ်လိုရရှိနိုင်သလဲ

PediaSure ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

ပါးစပ်မှတိုက်ရန်နှင့် အစာပိုက်မှပေးရန် အမှုန့် ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

PediaSure ကို သောက်သုံးဖို့ လွတ်သွားခဲ့လျှင် သတိရသည့်အချိန်တွင် အမြန်ဆုံး သောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမည့် အချိန်နှင့် နီးကပ်နေပြီဆိုလျှင် လွတ်သွားသည့်အကြိမ်ကို ကျော်၍ ပုံမှန်အချိန်တွင်သာ သောက်သုံးပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်ခြင်း မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement