backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Grovit (ဂရိုဗစ်တ်)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Grovit (ဂရိုဗစ်တ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Grovit ဆေးရည်သည် ဗီတာမင် ချို့တဲ့မှုနှင့် အခြား အခြေအနေများတွင် သုံးသော ဆေးတစ်မျိုး ဖြစ်သည်။ Grovit ဆေးရည်သည် ခန္ဓါကိုယ်၏ အခြေခံလိုအပ်ချက်များကို ပြည့် စုံစေသည်။

Grovit (ဂရိုဗစ်တ်) ဘယ်လိုသောက်သုံးသင့်သလဲ

  • ဤဆေးကို ညွှန်ကြားထားသည့်အတိုင်း ပါးစပ်မှ သောက်ပါ။ ဆေး၏ ဘူးတွင်ရေးထားသော ညွှန်ကြား ချက်များအားလုံးကို လိုက်နာပါ။
  • အချက်အလက်အချို့ကို မရှင်းပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

Grovit (ဂရိုဗစ်တ်) ဘယ်လိုသိမ်းဆည်းရမလဲ

Grovit ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Grovit ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Grovit တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Grovit ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Grovit (ဂရိုဗစ်တ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Grovit မသုံးမီ သင့်တွင်အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • Grovit ပါသော အရာများကို ဓါတ်မတည့်ခြင်း
  • အခြားဆေးများ၊ အစားအစာများ၊ ဆိုးဆေးများ၊ တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း
  • အခြား ကျန်းမာရေး အခြေအနေများရှိခြင်း၊ Grovit နှင့် ဓါတ်ပြုနိုင်သော ဆေးများ သုံးခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Grovit (ဂရိုဗစ်တ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Grovit သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ Grovit မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Grovit (ဂရိုဗစ်တ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သော်လည်း အမြဲ မဖြစ်ပွား ပါ။ ဘေးထွက် ဆိုးကျိုးအချို့သည် ဖြစ်ခဲသော်လည်း ပြင်းထန် သည်။ အောက်ပါ ဘေးထွက်ဆိုးကျိုးများ တွေ့ရပြီး အထူးသဖြင့် ပျောက်ကင်း မသွားပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

  • ပါးစပ်ထဲတွင် ပုံမှန်မဟုတ်သော အရသာခံစားရခြင်း
  • အစာအိမ်အောင့်ခြင်း
  • ခေါင်းကိုက်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Grovit (ဂရိုဗစ်တ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Grovit သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ထုတ်ကုန်များမှာ

  • Adrucil
  • Calcijex
  • Calcitriol capecitabine
  • Doxercalciferol
  • Fluorouracil
  • Hectorol

အစားအသောက်တွေနဲ့ အရက်က Grovit (ဂရိုဗစ်တ်) နဲ့ ဓါတ်ပြုနိုင်သလား

Grovit သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Grovit (ဂရိုဗစ်တ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Grovit သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Grovit (ဂရိုဗစ်တ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ဆေးပြား။ အသက် ၁၄ နှစ်အထက် အရွယ်ရောက် ပြီးသူများနှင့် ဆယ်ကျော်သက်များတွင် ထောက်ခံ ထားသော ပမာဏမှာ ဆေး ၁ပြားကို တစ်နေ့ နှစ်ကြိမ် ဖြစ်သည်။ အများဆုံး ပမာဏမှာ တစ်နေ့ ၂ ပြားဖြစ်သည်။
  • ဆေးရည်။ ဆေးပမာဏသည် သင့်အခြေအနေပေါ် မူတည်သည်။

ကလေးတွေအတွက် Grovit (ဂရိုဗစ်တ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ဆေးပြား။ အသက် ၃-၁၃ နှစ် ကလေးများတွင် ထောက်ခံထားသော ပမာဏမှာ ဆေး ၁ပြား တစ်နေ့ တစ်ကြိမ်ဖြစ်သည်။
  • ဆေးရည်။ ဆေးပမာဏသည် သင့်အခြေအနေပေါ် မူတည်သည်။

Grovit (ဂရိုဗစ်တ်) ကိုဘယ်လိုရရှိနိုင်သလဲ

Grovit ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

  • အစက်ချဆေး ၁၅ မီလီ လီတာ
  • ဆေးရည် ၁၀၀ မီလီ လီတာ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Grovit သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement