backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Calmol (ကယ်လ်မောလ်)


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Calmol (ကယ်လ်မောလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Calmol® ကို အကိုက်အခဲပျောက်ဆေးနှင့် အဖျားပျောက်ဆေးအနေနှင့် အသုံးပြုကြသည်။ ထို့ပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ကျောနာခြင်း၊

သွားကိုက်ခြင်း၊ အအေးမိခြင်း နှင့် အဖျားပျောက်ခြင်းအတွက် အသုံးပြုကြသည်။ ထိုဆေးသည် သာမန် အဆစ်ရောင်ခြင်းများကို ပျောက်ကင်းနိုင်သာ်လည်း နဂိုရောဂါ အခံဖြစ်သော ရောင်ရမ်းမှုများအတွက်မူ အကျိုးမရှိပါ။

အထက်ပါဖော်ပြထားသော ရောဂါများအပြင် တခြားသောရောဂါများတွင်လည်းအသုံးပြုကြသည်။ သိလိုသည်များရှိသော် ဆရာဝန်အားမေးမြန်းနိုင်ပါသည်။

Calmol (ကယ်လ်မောလ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဝါးစားနိုင်သော Calmol ဆေးပြားများကို မျိုမချမီ ဝါးစားရမည်။ ပျော်နိုင်သော ဆေးများကို သန့်စင်ပြီး ခြောက်သွေ့သော လက်များဖြင့် ကိုင်ပါ။ ထို့နောက်လျှာပေါ်တွင် အရည်ပျော်သွားသည် အထိ မဝါးစားဘဲ တင်ထားပါ။

Calmol ရေဆူဆေးပြားများကို ရေ ၁၁၀ မီလီနှင့် ဖျော်သောက်ပါ။ သေချာစွာမွှေပြီးမှသောက်ပါ။ ဆေးအားလုံးကို မကျန်ရအောင် ဖန်ခွက်ထဲတွင် ရေနဲနဲထပ်ကျင်းပြီးသောက်ပါ။

စအိုထဲထည့်သည့် ဆေးတောင့်ကို လုံး၀ မသောက်ရ။ စအိုထဲထည့်ရန်သာ ဖြစ်ပါသည်။ မထည့်မီ လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးကြောပါ။ ပြီးလျှင် ဆီး၊ ဝမ်းသွားထားပါ။ ထည့်ခါနီးတွင် ဆေးတောင့်ကို တိုက်ရိုက်ကိုင်ခြင်း မပြုဘဲ ကာထားသော အပေါ်လွှာကို ကိုင်ပါ။ ဆေးတောင့်သည် လက်ထဲတွင် အရည်ပျော်သွားနိုင်သောကြောင့်ဖြစ်သည်။

လူနာသည် ဘေးစောင်းလဲလျောင်းနေရမည်။ ထို့နောက် ဆေးတောင့်ရှိ ချွန်နေသော အစိတ်အပိုင်းမှစထည့်ပါ။ ထည့်ပြီး မိနစ်အနည်းငယ်မျှ ငြိမ်နေပါ။ ချက်ချင်းဆိုသလိုပင် အရည်ပျော်သွားသောအခါ ခိုးလိုးခုလုခံစားရတော့မည်မဟုတ်ပါ။ ဆေးတောင့် ထည့်ပြီးပြီးချင်း အိမ်သာမတက်ပါနှင့်။

Calmol (ကယ်လ်မောလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Calmol® ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Calmol® ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Calmol®

ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Calmol® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Calmol® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Calmol (ကယ်လ်မောလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Calmol ကိုသောက်နေစဉ်တွင် သွေးတွင်းရှိ အချိုဓါတ်များ အပြောင်းအလဲဖြစ်နိုင်သောကြောင့် သင်သည် ဆီးချိုရောဂါ ရှိပါက ဆေးသောက်နေစဉ်အတွင်း သွေးတွင်းရှိ အချိုဓါတ်များ အပြောင်းအလဲဖြစ်လာလျှင် ဆရာဝန်အားပြောပါ။
  • သင်သည် တနေ့လျှင် အရက်နှင့် အရက်ပါသော အစားအစာကို ၃ မျိုးနှင့် အထက်ပိုစားခြင်း၊ အရက်ကြောင့် အသည်းခြောက်ရောဂါရှိခြင်း စသည်တို့ ရှိပါက ဆေးမသောက်မီ ဆရာဝန်အား ကြိုပြောပါ။
  • ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို မမေးဘဲနှင့် အအေးမိပျောက်ဆေး၊ အနာပျောက်ဆေး များကို ဝယ်မသောက်ပါနှင့်။ မတော်တဆမှားပြီးသောက်မိလျှင်လည်း ထိုဆေးဘူးရှိ အညွှန်းတွင် Calmol®, acetaminophen , APAP စသည်တို့ ပါ မပါ ဖတ်ရှုပါ။
  • Calmol® သောက်နေစဉ်ကာလအတွင်း အရက်သောက်ခြင်းသည် အသည်းကို ပိုပြီး ထိခိုက်စေသောကြောင့် ရှောင်ကျဉ်ပါ။
  • Calmol® သောက်ခြင်းသည် ပမာဏများသွား လျှင်လည်းအသည်းကို ပျက်စီးစေပါသည်။

အောက်ပါတို့ ဖြစ်လာသော် ဆေးကို ချက်ချင်းရပ်လိုက်ပြီး ဆရာဝန်နှင့် ပြသပါ။

  • ဆေးသောက်ပြီး ၃ ရက်ခန့်အထိ ဆက်ဖျားနေလျှင်
  • ဆေးသောက်ပြီး ၇ ရက်ခန့်အထိ ဆက်နာနေလျှင် (ကလေးများတွင် ၅ ရက်ခန့်အထိ)
  • ရောဂါလက္ခဏာများ ပို ဆိုးလာခြင်း၊ ပိုတိုးလာခြင်းများရှိလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Calmol (ကယ်လ်မောလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Calmol (ကယ်လ်မောလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း) တို့ဖြစ်လာပါက အရေးပေါ် ဆေးကုသမှုခံယူပါ။

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့်ချက်ချင်း ပြသရမည်ဖြစ်သည်။

  • အဖျားငွေ့ငွေ့ဖျားခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခံတွင်းပျက်ခြင်း
  • ဆီးမဲမဲသွားခြင်း
  • ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း
  • မျက်လုံးနှင့် အသားများဝါလာခြင်း

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Calmol (ကယ်လ်မောလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Calmol® ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Calmol (ကယ်လ်မောလ်) နဲ့ ဓါတ်ပြုနိုင်သလား

Calmol® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Calmol (ကယ်လ်မောလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Calmol® ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့် သင့်မှာ

  • အသည်းရောဂါ
  • အရက်စွဲရောဂါများ ရှိပါက သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Calmol (ကယ်လ်မောလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ဖျားနာခြင်း

သတ်မှတ်ထားသော ပမာဏမှာ 325- 650 mg ၊ ၄/ ၆ နာရီခြား သို့မဟုတ်1000mg ၆/ ၈ နာရီခြား (သောက်ဆေး၊ စအိုထည့်ဆေး)

  • နာကျင်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ325- 650 mg ၊ ၄/ ၆ နာရီခြား သို့မဟုတ်1000mg ၆/ ၈ နာရီခြား (သောက်ဆေး၊ စအိုထည့်ဆေး)

လူကြီးများအတွက် အများဆုံးသောက်သုံးနိုင်သော ဆေးပမာဏမှာ တခါသောက်လျှင်1000 mg နှင့် တနေ့လျှင် 4000mg

သင်သည် တနေ့လျှင် အရက်နှင့် အရက်ပါသော အစားအစာကို ၃ မျိုးနှင့် အထက်ပိုစားခြင်ရှိပါက တနေ့လျှင် 2000 mg ထက်ပိုမသောက်ရ။

ကလေးတွေအတွက် Calmol (ကယ်လ်မောလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၂ နှစ်အောက် ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Calmol (ကယ်လ်မောလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Calmol® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့်
  • ဆေးပြား
  • ဆေးရည်
  • အဆင့်ဆင့်ပြောင်းလဲရသော ဆေးရည်ထုတ်များ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Calmol® ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement