backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bisacodyl (ဆေးအကြောင်း သိကောင်းစရာ)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Bisacodyl (Dulcolax®) ဟာ diphenylmethane derivative ဆေးအမျိုးအစားဖြစ်ပြီး အောက်ပါ အခြေအနေများအတွက် အများဆုံးအသုံးပြုကြသည်။

  • ဝမ်းချုပ်ခြင်း
  • ခွဲစိတ်မှုမပြုမီနှင့် ပြုပြီးချိန်တွင် အူမကြီးသန့်ရှင်းခြင်း
  • အူမကြီး ဓါတ်မှန်ရိုက်ရန်ပြင်ဆင်ခြင်း

Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးအတွက်

  • ဆရာဝန် ညွှန်ကြားထားသည့် အချိန်အတိုင်း၊ ပမာဏအတိုင်း ပါးစပ်မှ သောက်ပါ။
  • ဆေးမသောက်မီ အညွှန်းစာကိုသေချာစွာဖတ်ပါ။
  • အချက်အလက်များနှင့် ပတ်သက်၍ မသေချာလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ဘယ်လိုသိမ်းဆည်းရမလဲ

bisacodyl ကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည် မထိတွေ့ရန်၊ မစိုစွတ်မှုမရှိစေရန် သိမ်းဆည်းခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်စေရန် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုလုပ်ပါနှင့်။ bisacodyl ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသည့် ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါသည်။ ဆေးဘူးအခွံတွင် ပါသည့် သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

bisacodyl ကို အိမ်သာတွင်း ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းကို မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့လျှင်၊ သက်တမ်းကုန်ဆုံးသွားလျှင် စနစ်တကျစွန့်ပစ်ရန် အရေးကြီးပေသည်။ ဆေးဝါးများအား စနစ်တကျ မည်သို့ စွန့်ပစ်ရမည်ဆိုသည်ကို ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • အခြားဆေးဝါးများ၊ အစားအစာများ၊ ဆိုးဆေးများ၊ တာရှည်ခံစေရန်ပြုလုပ်ထားသော အရာများ၊ တိရစ္ဆာန်များနှင့် ဓါတ်မတည့်မှုရှိလျှင်
  • ကလေးငယ်သောက်မည်ဆိုလျှင်
  • သက်ကြီးရွယ်အိုများ သောက်မည်ဆိုလျှင်
  • bisacodyl နှင့်တွဲသောက်လျှင် ဓါတ်ပြုမှုများ ဖြစ်ပေါ်နိုင်သော ရောဂါများရှိလျှင်၊ ဆေးဝါးများသောက်သုံးနေလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

bisacodyl ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Bisacodyl ဆေးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။
  • ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

    ဘေးထွက်ဆိုးကျိုးများ

    Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးများကဲ့သို့ Bisacodyl တွင် ဘေးထွက်ဆိုးကျိုးများ ရှိပါသည် အများစုမှာ မဖြစ်ပွားတတ်ပါ။ နောက်ဆက်တွဲကုသခြင်းများ မလိုအပ်ပါ။ သို့သော် ဆေးသောက်ပြီး ပြသနာ တစုံတရာရှိပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    အောက်ပါပြသနာများ ကြုံတွေ့နိုင်ပါတယ်။

    • ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်အတွင်း ဆုပ်ဆွဲသလိုအောင့်ခြင်း၊ ကုသရန်ပေးသည့် ဆေးပမာဏနှင့်ပင် သတိလစ်တတ်ခြင်း
    • ဝမ်းပျက်ခြင်း၊ အစာလမ်းကြောင်းတွင် ကသိကအောင့်ဖြစ်ခြင်း၊ အရည်နှင့် ဓါတ်ဆားများ ပျက်စီးခြင်း
    • အစာအိမ်အောင့်ခြင်း၊ အူလမ်းကြောင်းတွင် ဆေးပြား၏ အပေါ်လွှာပျက်စီးသောအခါ ပျို့အန်တတ်ခြင်း
    • အူမကြီးနံရံအမြှေးကို ပူလောင်စေပြီး စအို၀ အနည်းငယ်ရောင်ရမ်းခြင်း
    • အသည်းအဆိပ်သင့်ခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုတွင် တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) နဲ့ ဓါတ်ပြုနိုင်သလဲ

    bisacodyl သည် သင်ယခု သောက်သုံးနေသည့် တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများ ဖြစ်နိုင်ကာ ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသည့် ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန်ညွှန်ကြားထားတာသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ အောက်ပါဆေးဝါးများကို ဆရာဝန် ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။

    • Albuterol
    • Aspirin
    • Docusate
    • Omeprazole
    • Tylenol
    • H2 receptor antagonist cimetidine
    • Famotidine
    • Nizatidine၊ ranitidine
    • Potassium-sparing diuretics (ပိုတက်ဆီယမ်ဆုံးရှုံးမှုကို မဖြစ်စေသော ဆီးဆေးများ)
    • Potassium ဖြည့်စွက်အားဆေးများ

    အစားအသောက်တွေနဲ့ အရက်က Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) နဲ့ ဓါတ်ပြုနိုင်သလား

    bisacodyl အစားအသောက် ဒါမှမဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဓါတ်ပြုမှုများ ဖြစ်မလာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) နဲ့ ဓါတ်ပြုနိုင်သလဲ

    bisacodyl သည် သင့်ကျန်းမာရေး အခြေအနျေနှင့် ပေါင်းစပ်ဓါတ်ပြုမှုများ ဖြစ်နိုင်ကာ ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်။ အောက်ပါအခြေအနေများရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    • ဝမ်းဗိုက်ခွဲစိတ်မှု ပြုလုပ်ထားခြင်း
    • အူလမ်းကြောင်းပိတ်ဆို့ခြင်း
    • အူအတက်ရောင်ခြင်း
    • အူမကြီးသွေးယိုခြင်း
    • အစာအိမ်ရောင်ခြင်း၊ အူရောင်ခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    bisacodyl နှင့်ပတ်သက်သည့် အချက်အလက်များကို သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ အောက်ပါ ပမာဏများဟာ ထောက်ခံမှုပြုထားသည့် ဆေးပမာဏဖြစ်သည်။

    ဝမ်းချုပ်သည့်အတွက်

    • သောက်ဆေး ဆေးပြား ၁ပြားမှ ၂ပြား (၅-၁၀ မီလီဂရမ်) ညနေပိုင်းသောက်ရန်။
    • ၁၀ မီလီဂရမ် ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။ အများဆုံး ၅မီလီဂရမ် ဆေးပြား ၃ပြားမှ ၄ပြား

    ဝမ်းချူရန်အတွက်

    • ၅ မီလီဂရမ် ဆေးပြား ၂ပြား ညနေပိုင်းနှင့် ၁၀ မီလီဂရမ် ဆေးပြား ၁ပြား နံနက်ပိုင်း စအိုတွင်း ထည့်သွင်းရန်။

    အူမလမ်းကြောင်း ဓါတ်မှန်ရိုက်ရန်

    • ၅ မီလီဂရမ် ဆေးပြား ၂ပြား ညစဉ် ၂ညဆက်တိုက် (မရိုက်ကူးမီ)

    ကလေးတွေအတွက် Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။ ကလေးများအတွက် အောက်ပါအတိုင်း သုံးစွဲနိုင်သည်။

    ဝမ်းချုပ်သည့်အတွက်

    • ၁၀နှစ်အထက်ကလေးများ။ သောက်ဆေး ဆေးပြား ၁ပြားမှ ၂ပြား (၅-၁၀ မီလီဂရမ်) ညနေပိုင်းသောက်ရန်။ (သို့) ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။ အများဆုံး ၅မီလီဂရမ် ဆေးပြား ၃ပြားမှ ၄ပြား
    • ၁၀နှစ်အောက်ကလေးများ။ သောက်ဆေး ဆေးပြား ၁ပြား (၅ မီလီဂရမ်) ညနေပိုင်းသောက်ရန်။ (သို့) ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။
    • ၆နှစ်အောက်ကလေးများ။ သောက်ဆေး မသောက်ရပါ။ စအိုတွင်းထည့်သွင်းရန် ဆရာဝန်ညွှန်မှသာ လုပ်ဆောင်သင့်သည်။

    ဝမ်းချူရန်အတွက်

    • ၁၀နှစ်အထက်ကလေးများ။ သောက်ဆေး ဆေးပြား ၂ပြား (၅ မီလီဂရမ်) ညနေပိုင်းသောက်ရန်။ (သို့) ၁၀ မီလီဂရမ် ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။
    • ၁၀နှစ်အောက်ကလေးများ။ သောက်ဆေး ဆေးပြား ၁ပြား (၅ မီလီဂရမ်) ညနေပိုင်းသောက်ရန်။ (သို့) ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။

    အူမလမ်းကြောင်း ဓါတ်မှန်ရိုက်ရန်

    • ၁၀နှစ်အထက်ကလေးများ။ ၅ မီလီဂရမ် ဆေးပြား ၂ပြား ညစဉ် ၂ညဆက်တိုက် (မရိုက်ကူးမီ)
    • ၁၀နှစ်အောက်ကလေးများ။ ၅ မီလီဂရမ် ဆေးပြား ၁ပြား ညစဉ် ၂ညဆက်တိုက် (မရိုက်ကူးမီ)

    Bisacodyl (ဆေးအကြောင်း သိကောင်းစရာ) ကိုဘယ်လိုရရှိနိုင်သလဲ

    bisacodyl ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • ဆေးပြား။ ၅ မီလီဂရမ်
    • စအိုဆေးတောင့်။ ၅ မီလီဂရမ်၊ ၁၀ မီလီဂရမ်
    • ဆေးရည်။ ၃၀ မီလီလီတာတွင် ၁၀ မီလီဂရမ်နှုန်း

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    bisacodyl ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့လျှင် (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံး သောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုလျှင် လွတ်သွားသည့်အကြိမ်ကို ကျော်၍ ပုံမှန်အချိန်တွင်သာ သောက်သုံးပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်ခြင်း မလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement